နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ်မက်ဒရစ်ကို ပြန်လည် ကိုင်တွယ်နိုင်ခြေ များလာတဲ့ ဇီဒန်း၊ ကန်ဆယ်လိုကို ပြန်လည် ခေါ်ယူဖို့ ဆန္ဒရှိတဲ့ ဘာစီလိုနာ | လာလီဂါ

အခုတစ်ခါမှာတော့ နိုဝင်ဘာ ၁၉ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဇာဘီ အလွန်ဆို အပေါ် ဖိအားတွေ မြင့်တက်လာတာနဲ့ အမျှ ဇနက်ဒင် ဇီဒန်း ကလည်း ရီးရဲလ်မက်ဒရစ်ကို ပြန်လည် ကိုင်တွယ်နိုင်ခြေ များလာကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဇီဒန်းဟာ လာလီဂါ ကလပ်ကို ၂ ကြိမ် ကိုင်တွယ်ဖူးပြီး ဆုဖလား အောင်မြင်မှုတွေလည်း ရယူပေးခဲ့သူ ဖြစ်ပါတယ်။ 

ဘာစီလိုနာ ကတော့ လက်ရှိမှာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလယ်မှာ ကစားနေတဲ့ ယာအို ကန်ဆယ်လိုကို ကတ်တလိုနီးယားဆီ ပြန်လည် ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ကန်ဆယ်လို ကတော့ လာလီဂါ ကလပ်မှာ ခြေစွမ်းပြခဲ့သူ ဖြစ်ပေမယ့် ကာလတိုသာ ကစားခဲ့ရသူ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း အာလင်း ဟာလန်းရဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မယ် ဆိုတဲ့ သတင်းတွေဟာ ဗင်နီးစီးယက်စ် ဂျူနီယာ အနေနဲ့ လာလီဂါ ထိပ်သီး တို့နဲ့ စာချုပ်သစ် မချုပ်ဆိုမှသာ ဖြစ်နိုင်ခြေ ရှိနေကြောင်း DefensaCentral က ဖော်ပြပါတယ်။

ချဲလ်ဆီးနဲ့ ဘာစီလိုနာ တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေသလို ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ ကလည်း ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ မျှော်လင့်ချက်တွေကို လက်မလွှတ်သေးကြောင်း Sky Sport Switzerland က ဖော်ပြလာပါတယ်။

ဘာစီလိုနာ ကတော့ ဒါယော့တ် အူပါမီကာနို အတွက် ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့် ရှိနေပါတယ်။ အူပါမီကာနိုဟာ ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ အဆင်မပြေသေးတာကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ လစ်ဗာပူးလ်လို အသင်းတွေ ကလည်း သူ့ကို ခေါ်ယူဖို့ အသင့် စောင့်ဆိုင်းနေကြပါတယ်။

ပီအက်စ်ဂျီနဲ့ အသင်းရဲ့ တိုက်စစ်မှူးဟောင်း အမ်ဘာပေးတို့ အကြားမှာ အပြန်အလှန် နစ်နာကြေးတွေ တောင်းဆိုလျက် ရှိနေကြပါတယ်။ ပြင်သစ် အသင်းခေါင်းဆောင် အမ်ဘာပေးက PSG အသင်း ကနေ ယူရို ၂၆၃ သန်း အလိုရှိနေတာပါ။ ပီအက်စ်ဂျီ ကလည်း အမ်ဘာပေး ထံကနေ ယူရို သန်း ၂၄၀ ပြန်လည် တောင်းဆိုထားပါတယ်။ လက်ရှိမှာ ၎င်းတို့ အကြား အငြင်းပွားမှုတွေက ပဲရစ် အလုပ်သမား ခုံရုံး အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ကန်ဆယ်လို ကတော့ လာလီဂါ ကလပ်မှာ ခြေစွမ်းပြခဲ့သူ ဖြစ်ပေမယ့် ကာလတိုသာ ကစားခဲ့ရသူ ဖြစ်ပါတယ်။
ဘာစီလိုနာမှာ ကစားစဉ်တုန်းက ခြေစွမ်းပြနိုင်ခဲ့တဲ့ ကန်ဆယ်လို

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး အမ်ဘာပေက ပီအက်စ်ဂျီ ဆီကနေ မရသေးတဲ့ လစာ ယူရို ၅၅ သန်း အပါအဝင် စာချုပ် အငြင်းပွားမှုကို တုံ့ပြန်ရာမှာ ထိခိုက် နစ်နာမှု၊ ကလပ် ဘက်က ဆိုးရွားစွာ ဆက်ဆံခံရမှုတွေ အတွက် လျော်ကြေးတောင်းထားတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ကတော့ အမ်ဘာပေးဟာ ၂၀၂၃ ခုနှစ်မှာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာထံ ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀၀ နဲ့ မပြောင်းခဲ့လို့ လျော်ကြေးတောင်းထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အမ်ဘာပေးက ၂၀၂၄ ခုနှစ် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ 

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို ကတော့ ဒူးဒဏ်ရာကြောင့် တစ်လခန့် အနားယူရမယ်လို့ သိရပါတယ်။ သူ့ အနေနဲ့ နိုဝင်ဘာလ ၈ ရက် တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲမှာ လူစားဝင် ကစားပြီး ပွဲပြီးခါနီးမှာ ဒဏ်ရာရခဲ့တာ ဖြစ်တယ်။ ဆက်စ်ကိုရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက် ဘက်ကတော့ တရားဝင် သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။ လာမယ့် တနင်္လာနေ့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲ မှာတော့ နည်းပြ ရူဘင် အမော်ရင် ဆက်စ်ကိုရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး ပြောကြားလာဖို့တော့ ရှိနေပါတယ်။

ဒါပေမယ့်လည်း ဆက်စ်ကို အနေနဲ့ တစ်လဝန်းကျင်သာ အနားယူရဖို့ရှိတာဟာ ယူနိုက်တက် အတွက် သတင်းကောင်းလို့ ဆိုရပါမယ်။ ဆက်စ်ကိုဟာ ယူနိုက်တက်ကို ရောက်လာပြီးကတည်းက ၁၂ ပွဲမှာ ၂ ဂိုးသာ သွင်းယူနိုင်လို့ ကစားသမားသစ် ၄ ဦးထဲမှာ ဝေဖန်အခံရဆုံး ဖြစ်နေပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဘရိုင်ယန် အမ်ဘူမိုနဲ့ အာမက်ဒ် ဒီယာလို တို့ကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၁ ရက်မှာ စတင်မယ့် အာဖရိကနိုင်ငံများဖလားကို စေလွှတ်ရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်