အခုတစ်ခါမှာတော့ နိုဝင်ဘာ ၁၉ ရက်နေ့ အတွက် ရရှိထားသမျှ ဘွန်ဒက်စ်လီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒေါ့မန်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဆာဟူး ဂူရက်ဆီကို တိုက်စစ်မှူး ရှာဖွေနေတဲ့ သရဲနီ တို့က ပစ်မှတ်ထားနေပါတယ်။ ဘွန်ဒက်စ်လီဂါရဲ့ ထိပ်တန်း တိုက်စစ်မှူး ကိုတော့ ယူနိုက်တက်က ဒီနွေရာသီမှာ ကမ်းလှမ်းဖို့ စီစဉ်ထားသလို မန်စီးတီး ကလည်း စိတ်ဝင်စားနေကြောင်းလည်း သိရပါတယ်။
ချဲလ်ဆီး ကတော့ ခရူဇီယိုရဲ့ အသက် ၁၇ နှစ် အရွယ် အံ့ဖွယ် ကစားသမားလေး ဖီလစ်ပီ မိုရေးစ် အတွက် ယူရို ၁၀ သန်း (ပေါင် ၈.၈ သန်း၊ ဒေါ်လာ ၁၁.၆ သန်း) နဲ့ အဖွင့် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမားက စာချုပ်မှာ ယူရို ၁၀၀ သန်း လျော်ကြေး စာချုပ် ချုပ်ဆိုထားပါတယ်။ ဘရာဇီးလ် ကလပ်ဟာ စီနီယာ ပွဲထွက်ခွင့် မရှိတဲ့ ကစားသမား တစ်ယောက် အတွက် ဒီလောက်အထိ များပြားတဲ့ ပမာဏပေးမယ်လို့ မမျှော်လင့်ထားပေမယ့် လန်ဒန် ကလပ် အနေနဲ့ သူတို့ရဲ့ ပစ်မှတ်ကို ခေါ်ယူနိုင်ဖို့ အတွက် ငွေပိုမိုသုံးစွဲ ရဖို့တော့ ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ဒေါ့မန်ရဲ့ ကာရင်မ် အဒီယီမီကို ခေါ်ယူချင်ရင်တော့ ယူရို ၈၀ သန်း (ပေါင် ၇၀.၆ သန်း၊ ဒေါ်လာ ၉၃ သန်း) ပေးဆောင်ရဖို့ ရှိနေပါတယ်။ ချဲလ်ဆီး ကလည်း အဒီယီမီလို့ မြန်နှုန်းမြင့် ကစားသမားကို စိတ်ဝင်စားနေပါတယ်။
ဘေယန်မြူးနစ် ကတော့ နီကိုးလက်စ် ဂျက်ဆန်ကို လာမယ့် ဆောင်းရာသီမှာ ချဲလ်ဆီးကို ပြန်ပို့ဖို့ အစီအစဉ် မရှိကြောင်း သိရပါတယ်။ ဂျက်ဆန် အနေနဲ့ ဘွန်ဒက်စ်လီဂါ ကလပ်မှာ အနည်းဆုံး ပွဲ ၄၀ ပွဲထွက် ကစားခွင့်ရမှသာ ဘေယန် ဘက်က အပြီးသတ် ခေါ်ယူမှာလည်း ဖြစ်ပါတယ်။
ဂျူဗင်တပ်စ် ကတော့ ကီနန် ယီလ်ဒစ်ဇ် အတွက် အပြောင်းအရွှေ့တံခါးကို ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ တူရင် ကလပ်က ကစားသမားရဲ့ တစ်နှစ် လုပ်ခလစာ ယူရို ၆ သန်း (ပေါင် ၅.၃ သန်း၊ ဒေါ်လာ ၇ သန်း) တောင်းဆိုချက်ကို ဖြည့်ဆည်းဖို့ ဆန္ဒမရှိတာကြောင့် အခုလို ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ယီလ်ဒစ်ဇ် ကိုတော့ စီးရီးအေ ကလပ်ထက် လုပ်ခ လစာ အများကြီး ပိုပေးနိုင်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီး နှစ်သင်းစလုံးက ရည်ရွယ်ချက်ရှိရှိနဲ့ ချဉ်းကပ်မှုတွေ ရှိနေကြောင်း သိရပါတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို ကတော့ မနေ့က ပြုလုပ်ခဲ့တဲ့ အိမ်ဖြူတော် ညစာစားပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ပ်နဲ့ တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာမှာ ကစားနေတဲ့ ရော်နယ်လ်ဒိုဟာ အဲဒီညစာစားပွဲကို ဆော်ဒီမင်းသား မိုမာမက်ဘင် ဆယ်လ်မန်နဲ့ အတူ တက်ရောက်ခဲ့တာ ဖြစ်ပြီး တခြားနာမည်ကျော် များစွာ ကိုလည်း ဒေါ်နယ် ထရန့်ပ်က ဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။
ချဲလ်ဆီးရဲ့ ဘရာဇီးလ် ကွင်းလယ် တိုက်စစ်ကစားသမားဟောင်း အော်စကာ ကတော့ ဆေးရုံမှ ပြန်ဆင်းခဲ့ပြီလို့ သိရပါတယ်။ အသက် ၃၄ နှစ် အရွယ် ကစားသမားက ပြီးခဲ့တဲ့အပတ်က ပုံမှန် မဟုတ်တဲ့ နှလုံး အခြေအနေကြောင့် ဆေးရုံတက်ခဲ့ရတာပါ။ သူ့အနေနဲ့ နိုဝင်ဘာလ ၁၁ ရက်က ဆော်ပေါ်လို လေ့ကျင့်ရေးကွင်းမှာ စက်ဘီးစီး လေ့ကျင့်ခန်း ပြုလုပ်နေချိန် နေမကောင်းဖြစ်ပြီး တစ်ခဏ သတိမေ့မျောသွားခဲ့တာ ဖြစ်ပါတယ်။ ဆော်ပေါ်လိုရဲ့ ထုတ်ပြန်ချက်မှာ ကစားသမားရဲ့ ဆေးကုသမှု လုပ်ငန်းစဉ် ကိုသာ ဖော်ပြခဲ့ပါတယ်။ အော်စကာဟာ တရုတ်မှာ ရှစ်နှစ်ကြာ ကစားပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ငယ်ဘဝ ကလပ် ဆော်ပေါ်လိုထံ ပြန်လည် ပြောင်းရွှေ့ခဲ့တာပါ။ သူဟာ ဆော်ပေါ်လိုနဲ့ ၂၀၂၇ နှစ်ကုန်မှာ စာချုပ် သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


