နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဒမ် ဝှာတန် အတွက် ကမ်းလှမ်းမှု တစ်ခု တင်သွင်းခဲ့ပြီး ဂယ်လာဟာရဲ့ အေးဂျင့်နဲ့လည်း ဆက်သွယ်ခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၁၉ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ခရစ္စတယ်ပဲလေ့စ် ကွင်းလယ်လူ အဒမ် ဝှာတန် အတွက် တရားဝင် ကမ်းလှမ်းမှု တစ်ခု တင်သွင်းခဲ့ပါတယ်။ အင်္ဂလန် ကွင်းလယ်လူ ကိုတော့ ယူနိုက်တက်က ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ကို အနိုင်ယူကာ ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒီကစားသမားကို ဘယ်လောက် ပမာဏနဲ့ ကမ်းလှမ်းခဲ့သလဲ ဆိုတာ အတိအကျ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေမယ့် သိမ်းငှက်တွေ ကတော့ သူတို့ရဲ့ ကြယ်ပွင့် ကွင်းလယ် ကစားသမား အတွက် ပေါင် ၁၀၀ သန်း (ဒေါ်လာ ၁၃၁.၆ သန်း) တန်ကြေး သတ်မှတ်ထားကြောင်း သိရပါတယ်။

ဝှာတန်ဟာ ယူနိုက်တက်ရဲ့ ကွင်းလယ် ပစ်မှတ်တွေ ထဲမှာ ငွေအများကြီး သုံးဖို့ ထင်ကြေးပေးခံရတဲ့ တစ်ဦးတည်းသော ကစားသမားတော့ မဟုတ်ပါဘူး။ ယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီမှာ နော့တင်ဟမ်ဖောရက်စ်က ရောင်းချလိုခြင်း မရှိတဲ့ အဲလီယော့တ် အန်ဒါဆန် ကိုလည်း ခေါ်ယူချင်နေပါတယ်။ ဖောရက်စ် ကတော့ သူတို့ရဲ့ ကစားသမားကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀ သန်းကျော် တောင်းဆိုထားကြောင်း သိရပါတယ်။

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ရဲ့ ကွင်းလယ်လူ ယာအို ဂိုးမက်စ် ကလည်း ကလည်း ယူနိုက်တက်ရဲ့ နောက်ထပ် ပစ်မှတ် တစ်ခု အဖြစ် ပေါ်ထွက်လာပါတယ်။ ဝုဗ်သာ ဒီရာသီကုန်မှာ တန်းဆင်းသွားရမယ် ဆိုရင် ဘရာဇီးလ်သား အတွက် ခေါ်ယူချင်နေတဲ့ အသင်းတွေ အနေနဲ့ အပိုဆုကြေးငွေ ပေးချေရတော့မှာ မဟုတ်ပါဘူး။ 

အာဆင်နယ် ကတော့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် တိုက်စစ်မှူး ရိုဒရီဂို အတွက် ယူရို သန်း ၆၀ (ဒေါ်လာ ၅၃ သန်း၊ ဒေါ်လာ ၆၉.၇ သန်း) + အပိုဆုကြေး ယူရို သန်း ၂၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ မက်ဒရစ် ကလပ်ရဲ့ နည်းပြ ဇာဘီ အလွန်ဆို ကတော့ ထိုကဲ့သို့သော ချဉ်းကပ်မှုတွေကို လက်ခံဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ 

လစ်ဗာပူးလ် ကတော့ အီဘရာဟီမာ ကိုနာတေးကို စာချုပ်သက်တမ်းတိုးဖို့ နောက်ဆုံး တစ်ကြိမ် ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိနေပါတယ်။ အကယ်၍ ကစားသမား ဘက်ကသာ လက်မခံဘူး ဆိုရင်တော့ လက်လွှတ်သွားတော့မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ 

မက်ဒရစ် ကလပ် ကလည်း သူတို့ရဲ့ ကစားသမားကို ပရီးမီးယားလိဂ်ဆီ ပြန်လည် စေလွှတ်ဖို့ စိတ်အား ထက်သန်နေကြောင်း သိရပါတယ်။
ကော်နာ ဂယ်လာဟာကို ရောင်းထုတ်ဖို့ စိတ်အားထက်သန်နေတဲ့ အက်တလက်တီကိုမက်ဒရစ်

မန်ချက်စတာယူနိုက်တက် က‌တော့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အက်တလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ကော်နာ ဂယ်လာဟာရဲ့ အေးဂျင့်နဲ့ ဆက်သွယ်ခဲ့ကြောင်း သိရပါတယ်။ မက်ဒရစ် ကလပ် ကလည်း သူတို့ရဲ့ ကစားသမားကို ပရီးမီးယားလိဂ်ဆီ ပြန်လည် စေလွှတ်ဖို့ စိတ်အား ထက်သန်နေကြောင်း သိရပါတယ်။

သောမတ်စ် တူချယ် ကတော့ အယ်‌ဘေးနီးယားကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး ပွဲစဉ် အတွင်း လူစားလဲခံခဲ့ရတာကို ဒေါသတကြီး တုံ့ပြန်ခဲ့တဲ့ ဘယ်လင်ဟမ်ကို သူ့ရဲ့ ဆုံးဖြတ်ချက် အတိုင်း လက်ခံရမယ်လို့ သတိပေးလိုက်ပါတယ်။ အင်္ဂလန်ဟာ တနဂ်နွေနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ ဟယ်ရီကိန်းရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ပေးဂိုး မရှိ ရာနှုန်းပြည့် နိုင်ပွဲ စံချိန်နဲ့ ကမ္ဘာ့ဖလား ဝင်ခွင့်‌ ရရှိခဲ့ပါတယ်။

တနင်္ဂနွေနေ့က ပွဲမှာ ဘယ်လင်ဟမ်က ဇွန်လ နောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်လူစာရင်းထဲ ပြန်ပါလာခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်းမှာ အဝါကတ်ထိပြီးနောက် သိပ်မကြာခင်မှာပဲ မော်ဂန် ရော်ဂျာစ်နဲ့ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ သူ့ကို လူစားလဲတာနဲ့ ပတ်သက်ပြီး မကျေမနပ် ဖြစ်ခဲ့ပုံ ပေါ်ပြီး ကိန်းရဲ့ ဒုတိယဂိုးသွင်း အပြီး လူစားလဲခံရပြီ ဆိုတာကို သိတဲ့အချိန်မှာ ဒေါသတကြီးနဲ့ လက်တွေကို လေထဲ ဝှေ့ရမ်းခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်