နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နယ်သာလန်ထက် ပိုကောင်းတဲ့ အသင်း များများစားစား မရှိဘူး ဆိုတဲ့ ရော်နယ် ကိုးမန်း | ကမ္ဘာ့ဖလား

နယ်သာလန် လက်ရွေးစင် အသင်း နည်းပြ ရော်နယ် ကိုးမန်း ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ပြီးနောက် သူတို့ထက် ပိုကောင်းတဲ့အသင်း များများစားစား မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ နယ်သာလန်ဟာ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ လစ်သူယေးနီးယားကို ၄ ဂိုး ပြတ်နဲ့ အနိုင်ရပြီးနောက် ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန်ဟာ လစ်သူယေးနီးယားကို တစ်ပွဲလုံး အတိုင်းအတာနဲ့ အဘက်ဘက်က အသာစီးရယူ ကစားနိုင်ခဲ့ပြီး ဂိုးပေါက် ကန်ချက် အကြိမ် ၂၀ မှာ ဂိုးပေါက် တည့်မှု ၈ ကြိမ်၊ သွင်းဂိုး ၄ ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒက်ချ်တို့ အတွက် အနိုင်ဂိုးတွေ ကိုတော့ ရိုင်ဒါးစ်၊ ဂက်ခ်ပို၊ ဇာဗီ ဆိုင်မွန်၊ မယ်လန် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန်က အုပ်စုတွင်း ရှုံးပွဲ လုံးဝ မရှိခဲ့ပေမယ့် အဓိက ပြိုင်ဘက် ပိုလန်နဲ့ နှစ်ကျော့စလုံး သရေကျခဲ့လို နောက်ဆုံး ပွဲစဉ် အထိ အဆုံးအဖြတ်ခံယူခဲ့ရတာ ဖြစ်တယ်။ နယ်သာလန်က ကျန် ၆ ပွဲစလုံး အနိုင်ရခဲ့သလို သွင်းဂိုး ၂၇ ဂိုး အထိ ရရှိကာ ပေးဂိုး ကတော့ ၄ ဂိုးသာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နယ်သာလန် နည်းပြက “ကျွန်တော် အစကတည်းက ကျွန်တော်တို့ အသင်းက အုပ်စုတွင်းမှာ အကောင်းဆုံး အသင်း ဆိုတာ ပြောထားခဲ့ပါတယ်။ အခု အဲဒါ ကိုလည်း သက်သေပြနိုင်ခဲ့ပါတယ်။”

“ဒါပေမယ့် ကျွန်တော် တို့ရဲ့ အလုပ်က မပြီးသေးပါဘူး။ အံ့အားသင့်စရာ ကောင်းတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကျွန်တော်တို့ သွားကစားရုံမျိုးလည်း မဟုတ်ပါဘူး။ ဆိုးရွားတဲ့အခိုက်အတန့်တွေ ရှိလာမယ်။ ပွဲတစ်ပွဲမှာ သူတို့က ကျွန်တော် တို့ကို ချေမှုန်းနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တိုထက် ပိုကောင်းတဲ့ အသင်းလည်း များများစားစား မမြင်တွေ့မိပါဘူး။ ဒါကို သက်သေပြပြီးသားပါ။ ကျွန်တော်တို့ ပိုတည်ငြိမ်မှုတော့ ရှိရပါမယ်။” လို့ ရော်နယ် ကိုးမန်းက ပြောကြားခဲ့ပါတယ်။

ဘာလို့လဲ ဆိုတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်းမှာ အဲဒီအမှားတွေ လုပ်မိရင် အိမ်ပြန်သွားရနိုင်ပါတယ်။ ပြီးတော့ အဲဒါက ရှက်စရာပါပဲ။
လက်ရှိမှာ တစ်ပွဲထက် တစ်ပွဲ ပုံစံကောင်းရလာတဲ့ နယ်သာလန်

ဒါပေမယ့် ကိုးမန်းက နယ်သာလန်ရဲ့ ကွင်းလယ်ကို အမြဲတမ်း အပြောင်းအလဲတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်းလည်း ဝန်ခံသွားခဲ့ပါတယ်။ “ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် အပေါ် မျှော်လင့်ချက်တွေကို နည်းနည်းလေး တင်းကြပ်လိုက်ရင် တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး ကြီးမား၊ ပိုအားကောင်း၊ ပိုကောင်းအောင် လုပ်နိုင်ပါလိမ့်မယ်။”

“(အသင်းခေါင်းဆောင်) ဗာဂျယ် (ဗန် ဒိုက်ခ်) က အဲဒီထဲမှာ အခန်းကဏ္ဍ တစ်ခု အနေနဲ့ ပါဝင်ပါတယ်၊ ဖရန်ကီ (ဒီယောင်)က အဲဒီထဲမှာ အခန်းကဏ္ဍ တစ်ခု အနေနဲ့ ပါဝင်ပါတယ်။ မမ်းဖစ် (ဒီပေး) က အဲဒီထဲမှာ အခန်းကဏ္ဍ တစ်ခု ကနေ ပါဝင်တယ်။ အဲဒါက ကျွန်တော်တို့ အသင်းရဲ့ အဓိက အချက်ပဲ။ နေသန် (အေခီ)၊ ဒန်ဇယ် (ဒမ်းဖရီးစ်) သူတို့က အတွေ့အကြုံရင့် ကစားသမားတွေ ဖြစ်ပြီး အမြင့်ဆုံး အဆင့်မှာ နှစ်ပေါင်းများစွာ ကစားလာခဲ့တာကြောင့် သူတို့ဆီက ဘာမျှော်လင့်ထားလဲ ဆိုတာ သိကြပါတယ်။”

နောက်ဆုံး မှာတော့ “ဒီအသင်းက အရမ်းကောင်းကောင်း ကစားနိုင်တာကြောင့် အမှားတွေ လုပ်မိရင် လက်ခံဖို့ တစ်ခါတလေ ခက်ခဲပါတယ်။ ဘာလို့လဲ ဆိုတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်းမှာ အဲဒီအမှားတွေ လုပ်မိရင် အိမ်ပြန်သွားရနိုင်ပါတယ်။ ပြီးတော့ အဲဒါက ရှက်စရာပါပဲ။ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော် တို့က အရည်အသွေးအရ ကောင်းမွန်တဲ့ အသင်း တစ်သင်း ဖြစ်လို့ပါ။” လို့ ကိုးလ်မန်းက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်