နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂါဘရီရယ် ဇန်နဝါရီအထိ နားရနိုင်ပေမယ့် ခံစစ်ပိုင်း အတွက် ရွေးချယ်စရာတွေ ရှိနေသေးတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

အာဆင်နယ်ရဲ့ ဘရာဇီးလ် နောက်ခံလူ ဂါဘရီယဲလ် မက်ဂါဟေးစ် ကတော့ ကြွက်သား ဒဏ်ရာကြောင့် ဇန်နဝါရီလ အထိ အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။ ဘရာဇီးလ်သားဟာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ ခံစစ်ပိုင်း အတွက် မရှိမဖြစ် အရေးပါတဲ့ ကစားသမား အဖြစ် ရှိနေသူပါ။

ဂါဘရီရယ်ဟာ နိုင်ငံတကာ ရက်သတ္တပတ် အတွင်း ဆီနီဂေါနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာ ဘရာဇီးလ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ကြွက်သား ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဂါဘီဟာ အစောပိုင်းက ရက်သတ္တပတ် အနည်းငယ်သာ အနားယူရမယ်လို့ ထင်ခဲ့ကြပေမယ့် စမ်းသပ် စစ်ဆေးမှု ရလဒ်တွေ အရ အနည်းဆုံး တစ်လ ကနေ နှစ်လ ဝန်းကျင် အထိ အနားယူရဖွယ် ရှိသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ သတင်းတွေရဲ့ ဖော်ပြချက်အရ ဂါဘရီရယ်က ဇန်နဝါရီ အထိ အနားယူရဖွယ် ရှိနေပြီး ပွဲကျပ်တွေ ဆက်တိုက် ရင်ဆိုင်ရတော့မယ့် အာဆင်နယ် အသင်း အတွက် ထိုးနှက်ချက် တစ်ခု ဖြစ်လာတော့မှာ ဖြစ်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ အကယ်၍ ဂါဘရီရယ်သာ သတင်းတွေရဲ့ ဖော်ပြချက်အတိုင်း ဇန်နဝါရီ အထိ အနားယူရမယ် ဆိုရင်တော့ အနည်းဆုံး ၁၀ ပွဲနဲ့ အထက် လွဲချော်တော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ လန်ဒန် ဒါဘီ ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ကနေ ၄ မှတ်ဖြတ် ဆက်လက် ဦးဆောင်နေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ လာမယ့် တစ်ပတ်မှာ စပါးနဲ့ ပွဲက စပြီး ပွဲကြပ်တော့မှာ ဖြစ်သလို အဲဒီနောက်ပိုင်းမှာ ပရီးမီးယားလိဂ်မှာရော၊ ချန်ပီယံလိဂ် မှာပါ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အာဆင်နယ်ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ လန်ဒန် ဒါဘီ ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ချန်ပီယံလိဂ်မှာ ဘေယန်မြူးနစ်၊ ရှေ့တစ်ပတ် ပရီးမီးယားလိဂ်မှာ လန်ဒန် ဒါဘီ ပြိုင်ဘက်ပဲ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ဆက်လက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ဘရာဇီးလ် လက်ရွေးစင်ဟာ ပြင်သစ် နောက်ခံလူ ဆလီဘာနဲ့အတူ ဒီရာသီ အာဆင်နယ် အတွက် ခိုင်ခံ့လွန်းတဲ့ ခံစစ်ကျောက်ဆောင် အဖြစ် ရှိနေသူပါ။ အာဆင်နယ်ရဲ့ ခံစစ်က ဒီရာသီ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ပေးဂိုး ၅ ဂိုးသာ ရှိတဲ့ အထိ ကျစ်လျစ်လွန်းနေတာ ဖြစ်ပါတယ်။

ဂါဘရီရယ်ရဲ့ ဒဏ်ရာက အာဆင်နယ် အတွက် သတင်းဆိုး ဖြစ်ပေမယ့် မီခဲလ် အာတေးတား အနေနဲ့တော့ ဗဟို ခံစစ်ပိုင်း အတွက် ရွေးချယ်စရာတွေ ကျန်ရှိနေပါသေးတယ်။ လက်ရှိမှာ ဂါဘရီရယ်ရဲ့ နေရာမှာ အစားဝင်ဖို စပိန် နောက်ခံလူ ခရစ္စသီယန် မော့စ်ကွီယာနဲ့ အီကွေဒေါ နောက်ခံလူ ပိုင်ရို ဟင်ကပ်ပီတို့ ရှိနေပါတယ်။ မော့စ်ကီယာ ကတော့ ဒီရာသီ အစ ဆလီဘာ ဒဏ်ရာရရှိချိန်မှာ အကောင်းဆုံး အသုံးတော်ခံခဲ့ပြီး သူ့ရဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဟင်ကပ်ပီ ကလည်း သူ့ရဲ့ နိုင်ငံလက်ရွေးစင် အသင်း အီကွေဒေါမှာ အသင်းခေါင်းဆောင် တာဝန်တောင် ယူထားသူ ဖြစ်ပြီး သူ့ရဲ့ အရည်အသွေးကို လေဗာကူဆင်နဲ့ အတူ သက်သေပြထားသူ ဖြစ်တာကြောင့် စိတ်ပူစရာတော့ ရှိမယ် မထင်ပါဘူး။

တစ်ဖက်မှာလည်း နောက်ထပ် ဂါဘီ တစ်ဦး ဖြစ်တဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇုစ်က အာဆင်နယ် အတွက် အပြည့်အဝ လေ့ကျင့်ခန်း ပြန်ဆင်းနေတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း လာမယ့် စပါးနဲ့ ပွဲမှာ ဂျေဇုစ် အနေနဲ့ ပြန်လည် ပါဝင်လာဖို့ ရှိမရှိ ကတော့ မသေချာသေးပါဘူး။ လက်ရှိ အာဆင်နယ်ရဲ့ ဒဏ်ရာရ ကစားသမား စာရင်း မှာတော့ ဂါဘရီရယ်၊ ဂျေဇုစ် တို့နဲ့ အတူ မာတင်နယ်လီ၊ ကိုင်ဟာဗက်ဇ်၊ အိုဒီဂတ်၊ မာဒူခေး၊ ရီကာဒို ကာလာဖီအိုရီတို့ ပါဝင်နေဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်