အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၂၀ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့ လစ်ဗာပူးလ်တို့ ကတော့ ဂျူဗင်တပ်စ် တိုက်စစ်မှူး ကီနန် ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို့ မျှော်လင့်ချက်ကို မစွန့်လွှတ်သေးကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကလည်း ဒီကစားသမားကို ခေါ်ယူဖို့ နည်းလမ်း ရှာဖွေနေကြောင်း ဆိုင်မွန် ဖီးလစ်က ဖော်ပြပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ အော်ရီလီယန် ချူအာမန်နီ အတွက် မန်ချက်စတာယူနိုက်တက်ရဲ့ ပထမဦးဆုံး ကမ်းလှမ်းမှုက အံ့အားသင့်ဖွယ် ပယ်ချခံခဲ့ရပါတယ်။ သရဲနီတွေဟာ ကက်စ်မဲရိုးရဲ့ နေရာကို အစားထိုးဖို့ အတွက် ချူအာမန်နီကို ယူရို ၉၀ သန်း (ပေါင် ၇၉.၃ သန်း၊ ဒေါ်လာ ၁၀၄.၂ သန်း) နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ပြင်သစ်သား အတွက် ယူရို ၇၀ သန်းကို ကနဦး ပေးချေမှာ ဖြစ်ပြီး နောက်ထပ် ယူရို ၂၀ သန်း ထပ်ဆောင်း ပေးချေမှာ ဖြစ်ပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ ချဲလ်ဆီး ကြယ်ပွင့် ဘယ်နောက်ခံလူ မာ့ခ် ကူကာရယ်လာ အတွက် ယူရို ၄၀ သန်း (ပေါင် ၃၅.၃ သန်း၊ ဒေါ်လာ ၄၆.၃ သန်း) နဲ့ ပထမဦဆုံး အကြိမ် ကမ်းလှမ်းမှု အတွက် စဉ်းစားနေကြောင်း သိရပါတယ်။
ဇန်နဝါရီလမှာ ဝက်စ်ဟမ်း ယူနိုက်တက်ရဲ့ တိုက်စစ်မှူး နစ်ကလပ်စ် ဖူးလ်ခရက်ချ်ကို ခေါ်ယူဖို့ အေစီမီလန်နဲ့ ရိုးမားတို့ အပြိုင်အဆိုင် ကြိုးစားနေကြကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။

ရိုးမား ကတော့ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးမှာ ခြေစွမ်း မတည်ငြိမ် ဖြစ်နေတဲ့ မက်သီ တဲလ်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Gazzetta dello Sport က ဖော်ပြပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် ဇန်နဝါရီမှာ ရူဘင် နီးဗက်စ်ကို ခေါ်ယူဖို့ မျှော်လင့်ထားပြီး၊ ယူရို ၂၀ သန်း (ပေါင် ၁၇.၆ သန်း၊ ဒေါ်လာ ၂၃.၂ သန်း) တန် သဘောတူညီချက်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ လက်ရှိမှာ နယူးကာဆယ် ကလည်း ပေါ်တူဂီ လက်ရွေးစင် ကစားသမားကို စိတ်ဝင်စားနေကြောင်းလည်း သိရပါတယ်။
နာမည်ကျော် ပြင်သစ် ကွင်းလယ် ကစားသမား ပေါလ် ပေါ့ဘာ ကတော့ အခုတစ်ပတ် ယှဥ်ပြိုင် ကစားမယ့် ပြင်သစ် လီဂူးပွဲမှာ မိုနာကို အတွက် ပွဲဦးထွက် အဖြစ် ယှဥ်ပြိုင်ကစားရဖွယ် ရှိနေကြောင်း သိရပါတယ်။ အသက် ၃၂ နှစ် အရွယ် ပေါ့ဘာဟာ ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်စ် ကနေ မန်ချက်စတာယူနိုက်တက်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ဖူးသူ ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ဦး အဖြစ်လည်း ညွှန်းဆိုခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်ကို တစ်ကျော့ပြန် ရောက်ရှိချိန်မှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသလို၊ တားမြစ်ဆေး ပြဿနာနဲ့လည်း ရင်ဆိုင်ခဲ့ရပြီး ကာလရှည် ပွဲပယ် ပြစ်ဒဏ်ကျခံခဲ့ရတာကြောင့် ကစားသမားဘဝ အဆုံးသတ်လုနီးပါး ဖြစ်ခဲ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


