နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ်ရဲ့ ရှုံးပွဲတွေ အတွက် သူ့မှာ အဓိက တာဝန်ရှိကြောင်း ဝန်ခံခဲ့တဲ့ ဆလော့တ် | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် ကတော့ အခုတစ်ပတ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နော့တင်ဟမ်ဖောရက်စ်ကို အန်ဖီးလ်မှာ ၀-၃ ရလဒ်နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် နည်းပြ အာနေး ဆလော့တ်က ဒီရှုံးပွဲ အတွက် သူ့မှာ အပြည့်အဝ တာဝန် ရှိကြောင်း ဝန်ခံလာခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲ အထိ ရှုံးနိမ့်ထားခဲ့ပြီ ဖြစ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့လည်း ၁၁ မှတ် အထိ ပြတ်သွားခဲ့ပါပြီ။ ဒါကြောင့် ဆလော့တ်က ဖောရက်စ်ကို ရှုံးအပြီးမှာ “ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ဖို့” လိုအပ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သလို လစ်ဗာပူးလ် အနေနဲ့ လက်ရှိ အခြေအနေ ကနေ လွတ်မြောက်လမ်း တစ်ခု ရှိနေကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။

ဆလော့တ်က “အိမ်ကွင်းမှာ ဖောရက်စ်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ရင် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေ အကြောင်း ကျွန်တော် ပြောတာကို ဘယ်သူမှ ကြားချင်မယ် မထင်ပါဘူး။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို အရင် ပြန်ကြည့်သင့်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ဂိုးတစ်ဂိုးက ပွဲတစ်ပွဲရဲ့ အရှိန်အဟုန်ကို ဘယ်လိုမျိုး ပြောင်းလဲစေနိုင်လဲ ဆိုတာ ပြသခဲ့ပါတယ်။ အစောပိုင်းမှာ ကျွန်တော်တို့ ဂိုးတစ်ဂိုး ရဖို့ပဲ စောင့်နေခဲ့တယ်။ နောက်ပိုင်း မှာတော့ ကျွန်တော်တို့ ဘာမှ မဖန်တီးနိုင်ခဲ့ပါဘူး။”

“အထူးသဖြင့် ကျွန်တော် တို့မှာ ရှိတဲ့ အရည်အသွေးမြင့် ကစားသမားတွေနဲ့ ဆိုရင် ထွက်ပေါက် တစ်ခုတော့ ရှိပါလိမ့်မယ်။ အနိုင်ရသည် ဖြစ်စေ၊ ရှုံးသည် ဖြစ်စေ ကျွန်တော်တို့ ဘယ်နေရာမှာ ပိုကောင်းအောင် လုပ်နိုင်မလဲ၊ ဘယ်နေရာမှာ ချိန်ညှိနိုင်မလဲလို့ အမြဲတွေးနေရမှာပါ။ ဒါပေမယ့် အဲဒါက ကိုယ့်ကိုယ်ကိုယ် သံသယဝင်ခြင်း ကနေ လာတဲ့ တခြားသော အရာတစ်ခုပါပဲ။” လို့ ဆိုပါတယ်။

ဒါ့အပြင် အန်ဖီးလ်မှာ လစ်ဗာပူးလ်ကို ပရီးမီးယားလိဂ်မှာ ၃ ဂိုး သွင်းနိုင်တာဆိုလို့ နော်တင်ဟမ်ဖောရက်စ် မတိုင်ခင် ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်း တို့ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။
အမှတ်ပေးဇယား ထိပ်က အာဆင်နယ်နဲ့ ၁၁ မှတ် အထိ ကွာဟသွားခဲ့ပြီ ဖြစ်တဲ့ လစ်ဗာပူးလ်

ဆက်လက်ပြီး ဆလော့တ်က “လက်ရှိ ရှုံးနိမ့်မှုတွေ အတွက် ကျွန်တော်မှာ တာဝန်ရှိတယ် ဆိုတာ အလေးပေး ပြောကြားလိုပါတယ်။ အနိုင်ရနေချိန်မှာလည်း တာဝန်ရှိသလို ရှုံးနေချိန် မှာလည်း တာဝန်ရှိပါတယ်။ ကျွန်တော် တို့ရဲ့ ရလဒ်တွေ အပေါ် လုံလောက်တဲ့ ဆင်ခြေတွေ ဘယ်တော့မှ ပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒါက လုံလောက်တဲ့ အကြောင်းပြချက် တစ်ခု မဟုတ်ပါဘူး။ အဲဒါအတွက် ကျွန်တော်မှာ တာဝန်ရှိပါတယ်။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

လစ်ဗာပူးလ်ဟာ ၂၀၂၁ ခုနှစ်က မန်စီးတီးကို ၁-၄ နဲ့ အရေးနိမ့်ပြီးနောက် အဆိုးရွားဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အန်ဖီးလ်မှာ လစ်ဗာပူးလ်ကို ပရီးမီးယားလိဂ်မှာ ၃ ဂိုး သွင်းနိုင်တာဆိုလို့ နော်တင်ဟမ်ဖောရက်စ် မတိုင်ခင် ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်း တို့ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ ကြိုးကြာနီတွေဟာ အခုရှုံးပွဲကြောင့် အမှတ်ပေးဇယား အဆင့် ၁၁ နေရာ အထိ ကျဆင်းခဲ့ရပြီး ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မှာ မဟုတ်ကြောင်း ဝေဖန်သုံးသပ်ခြင်းလည်း ခံနေရပြီ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ လာမယ့် ပွဲစဉ် ၅ ပွဲ မှာတော့ ပီအက်စ်ဗွီ (ချန်ပီယံလိဂ်)၊ ဝက်စ်ဟမ်း၊ ဆန်းဒါးလန်း၊ လိဒ်စ်ယူနိုက်တက် (ပရီးမီးယားလိဂ်)၊ အင်တာမီလန် (ချန်ပီယံလိဂ်) တို့ ကစားရမှာ ဖြစ်ပါတယ်။ အများစု ကတော့ လစ်ဗာပူးလ် အနေနဲ့ လက်ရှိ ခြေစွမ်းအတိုင်း ဆိုရင်တော့ လာမယ့် ပွဲစဉ်တွေ မှာလည်း ဆက်လက် ရုန်းကန်ရနိုင်ဖွယ် ရှိနေကြောင်း သုံးသပ်နေကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်