ယာအို ပါလ်ဟင်ဟာ ကတော့ တော့တင်ဟမ်ဟော့စပါးရဲ့ မြောက်လန်ဒန် ဒါဘီ ဂိုးပြတ် ရှုံးပွဲ အပြီးမှာ ပရိသတ်တွေကို တောင်းပန်ခဲ့ပြီး ရှုံးနိမ့်မှု အတွက် “ကြီးမားတဲ့ တုံ့ပြန်မှု” ပြုလုပ်မယ်လို့ ကတိပြုခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါး ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးကို အမ်းမရိတ်စ်မှာ ၄-၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အာဆင်နယ် အတွက် အနိုင်ဂိုးတွေ ကိုတော့ လီအန်ဒရို ထရော့ဆက်ဒ်နဲ့ အီဘာရီချိ အက်ဇေး (ဟက်ထရစ်) တို့က သွင်းယူပေးခဲ့ပါတယ်။ စပါး အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ ဇူဘီမန်ဒီရဲ့ ပေါ့ဆမှု ကနေ ရစ်ချာလီဆင်က အဝေးကန်ချက်နဲ့ လှလှပပ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
သောမတ်စ် ဖရန့်ခ်ရဲ့ အသင်းဟာ အခု ဆိုရင်တော့ ပြည်တွင်း ပွဲစဉ် ၄ ပွဲမှာ အနိုင်မရသေးပါဘူး (၁ ပွဲ သရေ၊ ၃ ပွဲ ရှုံး)။ တကယ်တော့ စပါးဟာ ဒီရာသီရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲမှာ ၃ ပွဲက အဖွင့်ဂိုး ပေးခဲ့ရပြီးနောက် ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါးက လာမယ့် ပွဲစဉ် အဖြစ် ချန်ပီယံလိဂ်မှာ လက်ရှိ ချန်ပီယံ ပါရစ်စိန့်ဂျာမိန်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ပါလ်ဟင်ဟာ ကတော့ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်မှာ ရှုံးနိမ့်မှုဟာ အသင်း အနေနဲ့ ပြန်လည် ကောင်းမွန်လာဖို့ ဘယ်လောက် အထိ အရေးကြီးတယ် ဆိုတာကို ထောက်ပြခဲ့ပါတယ်။
ပါလ်ဟင်ဟာက “ကျွန်တော် တို့ရဲ့ ပရိသတ်တွေကို အရင်ဆုံး တောင်းပန်ပါတယ်။ တရားမျှတတယ်လို့ ပြောဖို့ စကားလုံး အများကြီး မရှိပါဘူး။ ဒီလို အခြေအနေနဲ့ သူတို့ရဲ့ ကွင်းမှာ ရှုံးနိမ့်တာက အမြဲတမ်း စိတ်ပျက်စရာပါပဲ။ ကျွန်တော်တို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ရလဒ်အရ တရားမျှတတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ကြီးမားတဲ့ တုံ့ပြန်မှု တစ်ခု လိုအပ်နေပါတယ်။”

“နောက်လာမယ့် ၂ ပွဲမှာ ကြီးမားတဲ့ တုံ့ပြန်မှု တစ်ခု ပြသဖို့ လိုအပ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် တို့ဟာ အတိတ်မှာ ပြသခဲ့တဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ကို ပြသရမှာ မို့လို့ပါ။ ဒီအကြောင်း အများကြီး ပြောဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ တုံ့ပြန်ဖို့၊ ပွဲကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို အများကြီး စဉ်းစားနေလို့ မရပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။
စပါးဟာ ဒီရာသီမှာ ပီအက်စ်ဂျီနဲ့ UEFA Super Cup မှာ ရင်ဆိုင်ခဲ့ရပြီး ဖြစ်ပါတယ်။ ပုံမှန် ပွဲချိန် အတွင်း ၂ ဂိုးစီ သရေကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ၄-၃ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
သောမက်စ် ဖရန့်ခ် ကတော့ အာဆင်နယ်ရဲ့ တိုက်စစ် ခြိမ်းခြောက်မှုကို တားစီးဖို့ နောက်တန်း ၃ ယောက်တန်းကို ပြောင်းလဲခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါနဲ့ ပတ်သတ်လို့ ဖရန့်ခ်က “ကျွန်တော် တို့ဟာ Super Cup မှာ ပီအက်စ်ဂျီကို အဲဒီပုံစံနဲ့ ကစားခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီ (ပီအက်စ်ဂျီ) နဲ့ ပွဲစဉ်မှာထက် ကျွန်တော်တို့ သူတို့ကို တူညီတဲ့ ပုံစံ ဒါမှမဟုတ် နည်းနည်း ပိုနီးစပ်အောင် ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် ပထမပိုင်းမှာ လူစားလဲဖို့ ဆုံးဖြတ်လိုက်ပြီးနောက်မှာ အသင်းက တိုးတက် ကောင်းမွန်လာတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ လူစားလဲမှုတွေ လုပ်ခဲ့တဲ့အခါ ပိုကောင်းလာတယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ခွဲခြမ်း စိတ်ဖြာနိုင်ဖို့ လိုအပ်ပါတယ်။”
“ကျွန်တော် တို့ရဲ့ ဂိုးပေးလိုက်ရတဲ့ ပုံစံတွေ၊ အထူးသဖြင့် နောက်တန်းမှာ ၅ ယောက်နဲ့ ကစားရတဲ့ ပုံစံတွေကြောင့် ခက်ခဲခဲ့ပါတယ်။ ၄ ဂိုးနဲ့ ရှုံးခဲ့ရတာက ကျွန်တော် တို့ရဲ့ အဆင့် မဟုတ်ပါဘူး။ နောက်ပွဲစဉ် နှစ်ပွဲ မှာလည်း ကျွန်တော် တို့ရဲ့ အဆင့်ကို ပြန်ရဖို့ လိုအပ်ပါတယ်။ ကျွန်တော် ကတိပေးနိုင်တဲ့ တစ်ခုတည်းသော အရာက နောက်ပွဲစဉ်တွေမှာ အနိုင်ရဖို့ အစွမ်းကုန် ပေးဆပ်သွားမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


