နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်ကို ဒုက္ခပေးမှာ အာဆင်နယ် ကိုယ်တိုင်ပဲ ဖြစ်တယ်လို့ သုံးသပ်လိုက်တဲ့ ကာရေဂါ | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် ကွင်းလယ်လူဟောင်း ဂျေမီ ကာရေဂါ ကတော့ ဒီရာသီ အာဆင်နယ် အတွက် အဓိက ရန်သူက သူတို့ ကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ်လို့ ဟောကိန်းထုတ် ပြောဆိုလိုက်ပါတယ်။ ဂန်းနားတွေဟာ ဒီရာသီမှာ တောင့်တင်းတဲ့ စုဖွဲ့မှု အကောင်းဆုံး ခြေစွမ်းတွေနဲ့ ပရီးမီးယားလိဂ် ဖလားကို ကိုင်မြှောက်ဖို့ တာဆူနေတဲ့ အသင်း ဖြစ်ပါတယ်။

လက်ရှိရာသီမှာ ဂန်းနားတွေက ဆယ်စုနှစ် ၂ ခုကျော် အကြာ ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေပါတယ်။ မီခဲလ် အာတေးတားရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ပွဲမှာ မြောက်လန်ဒန် ဒါဘီ ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးကို ၄-၁ နဲ့ အပြတ်အသတ် အနိုင်ယူခဲ့ပြီးနောက် အမှတ်‌ပေးဇယား ထိပ်ဆုံး ကနေ ၆ မှတ်ဖြတ် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ မန်စီးတီးတို့ နယူးကာဆယ်နဲ့ ပွဲမှာ ခြေချော်ခဲ့တာက ဂန်းနားတွေ အတွက် ဒီဇင်ဘာ ပွဲကြပ်ကာလကို အသာစီးရတဲ့ ရပ်တည်မှုနဲ့ ဝင်ရောက်နိုင်စေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က အနီးဆုံး ပြိုင်ဘက် ချဲလ်ဆီးကို ၆ မှတ်၊ အင်အား အကောင်းဆုံး ပြိုင်ဘက် မန်စီးတီးကို ၇ မှတ်၊ လက်ရှိ ချန်ပီယံ လစ်ဗာပူးလ်ကို ၁၁ မှတ် အထိ ဖြတ်ထားပါတယ်။

ဂန်းနားတွေ အနေနဲ့ အဓိက ပြိုင်ဘက်တွေကို အမှတ်ဖြတ် ဦးဆောင်နေချိန်မှာ လစ်ဗာပူးလ် ဂန္တဝင် ကာရေဂါ ကတော့ အာဆင်နယ်ကို ဖလားမရအောင် တားဆီးနိုင်တဲ့ တစ်သင်းတည်းသော အသင်းက သူတို့ ကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ချဲလ်ဆီး၊ ဘရန့်ဖို့ဒ်၊ ဗီလာ၊ ဝုဗ်၊ အဲဗာတန် တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ မှာ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမယ့် အာဆင်နယ်

ကာရေဂါက “အာဆင်နယ်ကို ပရီးမီးယားလိဂ်ဖလား မရအောင် တားဆီးနိုင်တဲ့ တစ်သင်းတည်းသော အသင်းက အာဆင်နယ်ပါပဲ။ သူတို့တွေက အကောင်းဆုံး အသင်း၊ အကောင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတယ်။ သူတို့ကို ရပ်တန့်နိုင်တဲ့ တစ်ခုတည်းသော အရာက သူတို့ရဲ့ အတွေးအခေါ်၊ သူတို့ရဲ့ စိတ်ဓာတ်‌ပိုင်းဆိုင်ရာပဲ ဖြစ်ပါလိမ့်မယ်။ ဒီလူအုပ်ကြီးက မတ်လ၊ ဧပြီလလောက်မှာ လိဂ်က အဲဒီအချိန်အထိ ယှဉ်ပြိုင်မှု ပြင်းထန်နေတုန်းပဲ ဆိုရင် စိတ်လှုပ်ရှားလာနိုင်ပြီး ဒီဟာက အကြောင်းအရင်း တစ်ခု ဖြစ်လိမ့်မယ်။ သူတို့တွေသာ ဖလားမရခဲ့ရင် ကျွန်‌တော်တို့ အားလုံးက သူတို့ကို လက်ညှိုးထိုးပြီး ခင်ဗျားတို့ ဆုဖလားရမယ့် အခွင့်အရေးကို လွှင့်ပစ်ခဲ့တယ် လို့ ဝိုင်းပြောကြာပါလိမ့်မယ်။ ဒါမျိုး အရင်တုန်းက ဖြစ်ခဲ့ဖူးတယ်လို့ ကျွန်တော် မထင်ပါဘူး။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “ကျွန်တော် အမြဲတမ်း တွေးမိတဲ့ အရာက ပရီးမီးယားလိဂ်မှာ သူတို့ထက် နည်းနည်းလေး ပိုကောင်းတဲ့ အသင်း တစ်သင်း ရှိခဲ့တဲ့ အကြောင်း ဖြစ်ပေမယ့် ဒီရာသီမှာတော့ အဲဒီလို မရှိနေတာ ကျိန်းသေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ 

အာဆင်နယ်ဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ချဲလ်ဆီး၊ ဘရန့်ဖို့ဒ်၊ ဗီလာ၊ ဝုဗ်၊ အဲဗာတန် တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ အာဆင်နယ် အတွက် အဓိက သတိထားရမယ့် အသင်းတွေ ကတော့ ချဲလ်ဆီး၊ ဘရန့်ဖို့ဒ်နဲ့ ဗီလာ တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်က ချန်ပီယံလိဂ်မှာ ဘေယန်မြူးနစ်၊ ကလပ် ဘရုဂေး၊ အင်တာမီလန်၊ ကိုင်ရတ် အဲလ်မာတီ တို့နဲ့ ကစားဖို့ ကျန်ရှိနေပါသေးတယ်။ အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ် မှာတော့ လာမယ့် ဇန်နဝါရီလောက် အထိ ပွဲကြပ်ဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်