နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မက်ဆီ အသင်းထံ ပြန်လာစေရမယ်လို့ ဆိုလိုက်တဲ့ ဘာစီလိုနာ ဥက္ကဌလောင်း | လာလီဂါ

ဘာစီလိုနာ ဥက္ကဌလောင်း မာ့ခ် စီရီယာက သူ့ အနေနဲ့ ၂၀၂၆ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် လီယွန်နယ် မက်ဆီကို ကလပ်ဆီ ပြန်ခေါ်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ လာလီဂါ ကလပ် ဘာစီလိုနာက လာမယ့်နှစ်မှာ ဥက္ကဌသစ် ရွေးချယ်မှာ ဖြစ်ပြီး မာ့ခ် စီရီယာ အနေနဲ့ လက်ရှိ ဥက္ကဌ ယိုအန် လာပေါ်တာနဲ့ အဓိက ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။ 

စီရီယာက သူသာ ဥက္ကဌသစ် ဖြစ်လာခဲ့ရင် ဘာစီလိုနာရဲ့ ဂန္တဝင်နဲ့ စံချိန်တင် ဂိုးသွင်းရှင် လီယွန် မက်ဆီကို ကတ်တာလိုးနီးယားဆီ ပြန်ခေါ်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်သွားမယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ လာမာစီယာ အကယ်ဒမီထွက် လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာ အတွက် ၁၇ ရာသီကြာ ကစားခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် လာလီဂါ ကလပ်ရဲ့ သမိုင်းတလျှောက် ပွဲအများဆုံး (၇၇၈ ပွဲ) နဲ့ ဂိုးအများဆုံး (၆၇၂ ဂိုး) သွင်းယူကာ စံချိန်တင်ထားသူ ဖြစ်ပါတယ်။ 

မက်ဆီက အသက် ၁၃ နှစ် အရွယ် ကတည်းက လာလီဂါ ကလပ်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ် အထိတော့ လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီမှာ ကစားခဲ့ပါတယ်။ ပီအက်စ်ဂျီ မှာတော့ မက်ဆီက ၇၅ ပွဲ ကစားကာ ၃၂ ဂိုး သွင်းယူခဲ့ပြီး အောင်မြင်မှု အနေနဲ့ ပြည်တွင်း ဆုဖလား ၂ လုံးပဲ ရရှိခဲ့ပြီး ရုန်းကန်ခဲ့ရပါတယ်။ ဘယ်လွန်ဒေါ ၈ ကြိမ်ရှင် မက်ဆီက ၂၀၂၃ မှာတော့ အင်တာမိုင်ယာမီကို ထပ်မံ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိ အချိန်ထိ ၈၅ ပွဲ ကစားကာ ၇၆ ဂိုး သွင်းယူပြီး မေဂျာလိဂ် ကလပ် အတွက် ပထမဦးဆုံး ဆုဖလား ဖြစ်တဲ့ လိဂ်ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့လကမှ အင်တာမိုင်ယာမီနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သစ် ချုပ်ဆိုခဲ့သလို အင်တာမိုင်ယာမီ အတွက်လည်း ပထမဦးဆုံး အကြိမ် မေဂျာလိဂ် ချန်ပီယံဆုကြီး ရယူပေးထားခဲ့ပါတယ်။

မက်ဆီက အသက် ၁၃ နှစ် အရွယ် ကတည်းက လာလီဂါ ကလပ်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ် အထိတော့ လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီမှာ ကစားခဲ့ပါတယ်။
ဘာစီလိုနာမှာ ကစားသမားဘဝ အအောင်မြင်ဆုံး အချိန်တွေကို ဖြတ်သန်းခဲ့တဲ့ မက်ဆီ

မက်ဆီကို ပြန်လည် ခေါ်ယူမယ့် အခြေအနေနဲ့ ပတ်သတ်လို့ စီရီယာက “ကျွန်တော် တို့ရဲ့ ဂန္တဝင် ကစားသမားတွေ ကလပ်ဆီ ပြန်လာနိုင်ပါတယ်။ ဒီအတွက် ဖုံးကွယ်ထားစရာလည်း မလိုပါဘူး။ ကျွန်တော်တို့ ဒါကို အောင်မြင်ဖို့ တတ်နိုင်သမျှ အရာ အားလုံးကို လုပ်ဆောင်သွားမှာပါ။ [မက်ဆီ] ဟာ ဒီကလပ် အတွက် မရှိမဖြစ် ပုဂ္ဂိုလ် တစ်ဦးပါ။ သူဟာ ခိုင်မာတဲ့ ပံ့ပိုးမှု စနစ် တစ်ခုနဲ့ ကောင်းမွန်တဲ့ ဖွဲ့စည်းပုံ တစ်ခုနဲ့ ပြန်လာရပါမယ်။

“မက်ဆီ-ဘာစီလိုနာ ဆက်ဆံရေးဟာ မိုက်ကယ်ဂျော်ဒန်-နိုက်ကီ ဆက်ဆံရေးလို ဖြစ်ရပါမယ်။ ကလပ်ရဲ့ စီးပွားရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ နယ်ပယ်တွေ ကနေ စပြီး လာမာစီယာမှာ ရှိနေတဲ့ ကစားသမားတွေရဲ့ စပွန်ဆာတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု အထိ ကျော်လွန်ရပါမယ်။ ကလပ်ရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမားနဲ့ အတူ ကျွန်တော်တို့ အရာများစွာကို လုပ်ဆောင်နိုင်ပြီး ငွေတွေ အများကြီး ရှာဖွေနိုင်ပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေး အခြေအနေ ကနေ လွတ်မြောက်ချင်ရင် သူ့ကို အိမ်ပြန်ခေါ်လာဖို့က အရေးကြီးပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ရုပ်တု တစ်ခု ဒါမှမဟုတ် ဂုဏ်ပြုပွဲ တစ်ခုနဲ့ သူ့ကို ဆွဲဆောင်ဖို့ မဟုတ်ပါဘူး။ ဒါက ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားကို ဘာစီလိုနာရဲ့ အကြီးမားဆုံး သံတမန် ဖြစ်စေမယ့် သဘောတူညီချက် တစ်ခု အကြောင်းပါ။” လို့ စီရီယာက ပြောကြားသွားခဲ့ပါတယ်။

နောက်ထပ် ဥက္ကဌလောင်း တစ်ဦး ဖြစ်တဲ့ ဗစ်တာ ဖွန် ကလည်း မက်ဆီကို ဘာစီလိုနာဆီ ပြန်လည် ခေါ်ဆောင်လာဖို့ ဆန္ဒရှိကြောင်း ပြောကြားထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်