နယူးကာဆယ် – ချဲလ်ဆီး
အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် နယူးကာဆယ်နဲ့ ချဲလ်ဆီးတို့ စိန့်ဂျိမ်းပါ့ခ်မှာ ရင်ဆိုင်ကစားကြဖို့ ရှိနေပါတယ်။ ချဲလ်ဆီးကို အိမ်ကွင်းမှာ ရင်ဆိုင်ကစားခဲ့တဲ့ နောက်ဆုံး ၄ ပွဲဆက် အနိုင်ရထားတဲ့ ငှက်ကြားတို့ ဒီတစ်ကြိမ် မှာရော အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
နယူးကာဆယ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် ရလဒ်ကောင်းမွန်ခဲ့ပြီးနောက် ပွဲစဉ် ၁၆ မှာတော့ ဆန်းဒါးလန်းကို အဝေးကွင်းမှာ ရှုံးနိမ့်ထားပါတယ်။ ဒီရာသီ အက်ဒီ ဟောင်းဝ်ရဲ့ အသင်းက ခြေစွမ်း တည်ငြိမ်မှု မရှိတာကြောင့် ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေပြီး ပရီးမီးယားလိဂ် မှာလည်း အဆင့် ၁၂ နေရာ အထိ ရောက်ရှိနေပါတယ်။ ကာဆယ်က ကြားရက်မှာ ကစားခဲ့တဲ့ ခရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ် မှာတော့ ဖူလ်ဟမ်ကို ၂-၁ နဲ့ ခက်ခက်ခဲခဲ အနိုင်ယူ ကျော်ဖြတ်ထားရပါတယ်။ ငှက်ကြားတွေရဲ့ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်တော့ ၅ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပါတယ်။ တစ်ခု ရှိတာက ဒီပွဲမှာ နယူးကာဆယ်က ခံစစ်ပိုင်း အားနည်းချက်တွေ ရှိနေပြီးတော့ အဓိက နောက်ခံလူ တော်ာတော်များများ လွဲချော်ဖို့ ရှိနေပါတယ်။
ချဲလ်ဆီး ကတော့ ပြိုင်ပွဲစုံ ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီးနောက် နောက်ဆုံး ၂ ပွဲဆက် ပြန်လည် အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ်မှာ အဲဗာတန်ကို ၂-၀ နဲ့ အနိုင်ရပြီးနောက် ကြားရက်မှာ ကစားခဲ့တဲ့ ခရာဘောင်ဖလား မှာတော့ ကာဒစ်ဖ်ကို ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ အန်ဇို မာရက်စ်ကာ အနေနဲ့ ရလဒ်တွေ မကောင်းချိန်မှာ အခက်ခဲဆုံး အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်လို့ ဝန်ခံခဲ့ပြီး အခုတော့ နိုင်ပွဲတွေ ပြန်ရလာလို့ အသင်းကို ပိုချစ်လာတယ် ဆိုပြီးတောင် ပြောလာပါတယ်။ လက်ရှိမှာ ချဲလ်ဆီးက Form ပြန်မိနေပြီး ဘယ်အချိန်မှာ ပုံစံကောင်း တစ်ခု ပြန်လည် ပျောက်ဆုံးသွားမလဲ ဆိုတာတော့ မသိပါဘူး။ ချဲလ်ဆီးရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၄ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပြီး ပဲလေ့စ် ပြီးရင် ရလဒ် အကောင်းဆုံး အသင်း အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။
နှစ်ဖက်အသင်း သတင်းများ

ချဲလ်ဆီး ဘက်မှာလည်း ကိုးလ်ဝဲလ်၊ အက်ဆူဂို၊ လာဗီယာ၊ ဒီလက်ပ် တို့ အပြင် ခြေစွမ်းပြနေတဲ့ အက်စတီဗာအို ကလည်း ကြွက်သား ဒဏ်ရာကြောင့် လွဲချော်မှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
နယူးကာဆယ် – ရမ်းစ်ဒေးလ်၊ မိုင်လီ၊ ရှား၊ သီယော၊ ဟောလ်၊ တိုနာလီ၊ ဂီမာရေ့စ်၊ ဂျိုးလင်တန်၊ အီလန်ဂါ၊ ဝေါလ်တီမာဒါ၊ ဂေါ်ဒွန်
ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဂျိမ်းစ်၊ ချာလိုဘာ့၊ ဖိုဖာနာ၊ ကူကာရယ်လာ၊ ကိုင်စီဒို၊ အန်ဇို၊ နတ်တို၊ ပါးလ်မား၊ ဂါနာချို၊ ပက်ဒရို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး ၃၃ ကြိမ် တွေ့ဆုံမှုမှာ နယူးကာဆယ်က ၁၁ ကြိမ် နိုင်၊ ချဲလ်ဆီးက ၁၆ ကြိမ် နိုင်ပြီး ၆ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ၂ ကြိမ်စီ အနိုင်ရထားကြပြီး ၁ ကြိမ် သရေကျထားပါတယ်။ နယူးကာဆယ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ်မှာ ငှက်ကြားတွေက ၄ ကြိမ် နိုင်ပြီး ချဲလ်ဆီးက ၁ ကြိမ် အနိုင်ရထားပါတယ်။ နယူးကာဆယ်က စိန့်ဂျိမ်းစ်ပါ့ခ်မှာ ချဲလ်ဆီးကို နောက်ဆုံး ၄ ပွဲဆက် အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ နယူးကာဆယ် နိုင်ရင် ၂.၆၆ ဆ နီးပါး ရမှာ ဖြစ်ပြီး ချဲလ်ဆီး နိုင်ရင်တော့ ၂.၃၄ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၃၄ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးလောက် ပေါက်နေပြီး ဒီပွဲ မှာတော့ ဂိုးပေါင်းကို အနည်းငယ် ပိုစဉ်းစားသင့်ပါတယ်။ နယူးကာဆယ်နဲ့ ချဲလ်ဆီး တို့ရဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် တွေ့ဆုံမှု အကြိမ် ၆၀ ပွဲမှာ အိမ်ရှင် အသင်းက ၃၇ ပွဲ အနိုင်ရထားပြီး ဒါဟာ လိဂ်သမိုင်းတစ်လျှောက် အိမ်ကွင်းမှာ အများဆုံး အနိုင်ရတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေ အပြင် ငှက်ကြားတွေ အနေနဲ့ ဒီရာသီမှာ အိမ်ကွင်း ရလဒ်တွေ ကောင်းမွန်နေပါသေးတယ်။ ဒါပေမယ့် ချဲလ်ဆီးဟာ နားရက် ပိုရထားပြီး အိမ်ရှင် အသင်းရဲ့ အားနည်းနေတဲ့ ခံစစ်ကို အခွင့်ကောင်းယူနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။ ဒါပေမယ့် ၃ မှတ် အပြည့် ရယူဖို့ လုံလောက်ပါ့မလား ဆိုတာ ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ခန့်မှန်းရလဒ်
နယူးကာဆယ် ၂-၂ ချဲလ်ဆီး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


