အက်စတွန်ဗီလာ – မန်ချက်စတာယူနိုက်တက်
ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ရဲ့ နောက်အကျဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် အက်စတွန်ဗီလာနဲ့ မန်ချက်စတာယူနိုက်တက်တို့ ဗီလာပါ့ခ်မှာ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပါတယ်။ လက်ရှိမှာ ခြေစွမ်း တည်ငြိမ်ပြီး နိုင်ပွဲတွေ ဆက်နေတဲ့ ဗီလာကို ယူနိုက်တက်တို့ အစဉ်အလာ အတိုင်း အသာရနိုင်ပါ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာ ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် အနိုင်ရထားပြီး လက်ရှိမှာ အကောင်းဆုံး ပုံစံရနေပါတယ်။ ပရီးမီးယားလိဂ် မှာတော့ ၆ ပွဲဆက် အနိုင်ရထားပြီး အူနိုင်း အမ်မရီရဲ့ အသင်းက နောက်ဆုံး ၅ ပွဲမှာ ၁၂ ဂိုး သွင်းယူထားပါတယ်။ လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေတဲ့ ဗီလာရဲ့ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၆ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး အားရစရာကောင်းနေပါတယ်။ ၂၀၂၅ ခုနှစ် အတွင်းမှာ ဗီလာထက် ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ်တွေမှာ အမှတ် ပိုရခဲ့တာက မန်ချက်စတာစီးတီး တစ်သင်းသာ ရှိပါတယ်။ ဒါပေမယ့်လည်း ဗီလာက ယူနိုက်တက်နဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ၂၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပါတယ်။
ရူဘင် အမော်ရင်ရဲ့ မန်ချက်စတာယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် ၄ ပွဲဆက် ရှုံးပွဲ မရှိခဲ့ပဲ ၂ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရှိနေပြီး Top 4 မျှော်လင့်ချက်လည်း ရှိနေပမယ့် အကောင်းဆုံးတော့ အသုံးမချနိုင်သေးပါဘူး။ ဒါ့အပြင် အခုပွဲမှာ ဗီလာနဲ့ တွေ့ဆုံနေတာကြောင့်လည်း ကျိန်းသေပေါက် ခက်ခဲဖို့တော့ ရှိနေပါသေးတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၉ ပွဲ ဆက်တိုက် ဂိုးမပေးရတဲ့ ပွဲဆိုတာ မရှိခဲ့ပါဘူး။ မန်ချက်စတာယူနိုက်တက်ဟာ ဗီလာပါ့ခ်မှာ ပရီးမီးယားလိဂ် ပွဲပေါင်း ၁၈ ပွဲ အထိ အနိုင်ရထားပြီး သူတို့ထက် ပိုပြီး အနိုင်ရထားတာ အဲဗာတန် တစ်သင်းသာ ရှိထားပါတယ်။
နှစ်ဖက်အသင်း သတင်းများ

ယူနိုက်တက် ဘက်မှာတော့ အာမက်ဒ်၊ မက်ဇရာရီ၊ အမ်ဘူမို တို့ အာဖရိကဖလား ပြိုင်ပွဲကို သွားရောက် ကစားကြမှာ ဖြစ်ပြီး မက်ဂွိုင်းယား၊ ဒီလစ်ဂျ်၊ ကက်စ်မဲရိုး (ပွဲပယ်) တို့ကတော့ လွဲချော်ကြမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ကတ်ရှ်၊ လင်ဒီလော့ဖ်၊ ကွန်ဆာ၊ မတ်ဆန်၊ အိုနာနာ၊ ကာမာရာ၊ မက်ဂင်းန်၊ တေးလီမန့်စ်၊ ရော်ဂျာစ်၊ ဝက်ကင်န်
မန်ချက်စတာယူနိုက်တက် – လမ်မန်းစ်၊ ယိုရို၊ မာတီနက်ဇ်၊ ရှော၊ ဒါးလော့တ်၊ မိန်းနူး၊ ဖာနန်ဒက်စ်၊ ဒေါဂူ၊ မောင့်၊ ကူညာ၊ ဆက်စ်ကို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၂၇ ကြိမ် တွေ့ဆုံရာမှာ ဗီလာက ၂ ကြိမ်နိုင်၊ ယူနိုက်တက်က ၁၉ ကြိမ် နိုင်ပြီး ၆ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ယူနိုက်တက်က ၄ ကြိမ် နိုင်ပြီး ဗီလာက ၁ ကြိမ် ပြန်လည် အနိုင်ရထားပါတယ်။ ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာလည်း ယူနိုက်တက်က ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျပြီး ဗီလာက ၁ ကြိမ် ပြန်လည် အနိုင်ရခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အက်စတွန်ဗီလာ နိုင်ရင် ၂.၁၁ ဆ၊ မန်ချက်စတာယူနိုက်တက် နိုင်ရင်တော့ ၃.၀၃ ဆ၊ သရေ ဆိုရင်တော့ ၃.၃၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အက်စတွန်ဗီလာ ဘက်က ခပ်ပါးပါး ကြေးပေါက်နေပြီး ဂိုးပေါင်းကြေး ကလည်း ထုံးစံ အတိုင်း ၃ လုံးက စပါတယ်။ ဗီလာနဲ့ ယူနိုက်တက်ရဲ့ နောက်ဆုံး တွေ့ဆုံမှု ၄ ကြိမ်မှာ နှစ်သင်းပေါင်း သွင်းဂိုးက ၁၈ ဂိုး ရှိထားပြီး ယူနိုက်တက် ကလည်း အဝေးကွင်းမှာ ဂိုးတွေ အများကြီး သွင်းယူထားတာကြောင့် ဒီပွဲမှာလည်း အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ ရှိနေပါတယ်။ နောက်ပြီး လက်ရှိမှာ ခြေစွမ်း ပိုတည်ငြိမ်တဲ့ ဗီလာ ဘက်မှာ ရပ်တည်ထားသင့်ပါတယ်။ ဗီလာနဲ့ ဂိုးပေါ်ကိုပဲ ရွေးချယ်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
အက်စတွန်ဗီလာ ၃-၂ မန်ချက်စတာယူနိုက်တက်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


