နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နှစ်ယောက်လျော့ စပါးကို အသည်းအန် ကစားပြီး နိုင်ပွဲရခဲ့တဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ လစ်ဗာပူးလ်က တော့တင်ဟမ်ဟော့စပါးကို အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲဟာ နှစ်ဖက် အသင်းကြား တော်တော်လေး ပြင်းထန်တဲ့ ပွတ်တိုက်မှုတွေ ရှိခဲ့ပြီး စပါး ဘက်က ကစားသမား ၂ ဦး ထုတ်ပယ်ခံခဲ့ရသလို အဝါကတ်တွေလည်း ပလူပျံခဲ့ပါတယ်။

သောမက်စ် ဖရန့်ခ်ရဲ့ အသင်းက ၄-၄-၂ အခင်းအကျင်းနဲ့ အတူ တိုက်စစ်မှာ ကိုလို မူအာနီနဲ့ ဇာဗီ ဆိုင်မွန်စ်တို့ ဦးဆောင်လာခဲ့ကာ ဘန်တန်ကာ၊ ကူဒု့စ်၊ ဘက်ဂျ်ဗဲလ်၊ ဗန်ဒီဗန်၊ ရိုမီယို၊ ပေါ်ရို၊ ဗစ်ကာရီယို တို့နဲ့ လူစုံခဲ့ပါတယ်။ လစ်ဗာပူးလ် ဘက်မှာလည်း အလီဆွန်၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ ဘရက်ဒ်လီ၊ ကာကက်ဇ်၊ ဂရာဗန်ဘက်ချ်၊ ဂျုံးစ်၊ မက် အယ်လစ္စတာ၊ ဗစ်ဇ်၊ ဆဘို့ဇ်လိုင်းနဲ့ အတူ ပြီးခဲ့တဲ့ ပွဲမှာ ၂ ဂိုး သွင်းထားတဲ့ အစ်ကီတီကေးက တိုက်စစ်မှာ ဦးဆောင်လာခဲ့ပါတယ်။

အစောပိုင်း ပွဲချိန်တွေမှာ အိမ်ရှင် စပါးတို့ ကစားပုံ ပိုကောင်းခဲ့ပေမယ့် ပွဲချိန် မိနစ် ၃၀ လောက်မှာ ဇာဗီ ဆိုင်မွန် အနီကဒ်နဲ့ ထုတ်ခံလိုက်ရတာကြောင့် ပွဲရဲ့ ချိန်ခွင်လျှာက လစ်ဗာပူးလ် ဘက်ကို ရောက်သွားခဲ့ပါတယ်။ တစ်ယောက် အသာရလိုက်ချိန်မှာ လစ်ဗာပူးလ်တို့ ကစားရချောင်သွားခဲ့ပြီး ၅၆ မိနစ်မှာ အိဆက်ခ်နဲ့ ၆၆ မိနစ်မှာ အစ်ကီတီကေး တို့က ၂ ဂိုးဆက် သွင်းယူပေးခဲ့ပါတယ်။ ၈၃ မိနစ် မှာတော့ စပါးတို့ ချေပဂိုး ၁ ဂိုး ပြန်ရခဲ့ပြီး ရစ်ချာလီဆင်က သွင်းယူပေးခဲ့ကာ ပွဲပြီးခါနီး စပါးရဲ့ ဖိအားပေးမှုတွေကြောင့် လစ်ဗာပူးလ်တို့ တစ်ယောက် အသာနဲ့ ကစားရပြီးမှ နိုင်ပွဲ မပျောက်စေရေး ရုန်းကန်ခဲ့ရပါတယ်။

စပါးဟာ ၂၀၂၅ ခုနှစ် အတွင်း ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ၁၁ ပွဲ ရှုံးနိမ့်ခဲ့ပြီး ကလပ် သမိုင်းတလျှောက် ပြက္ခဒိန် နှစ်တစ်နှစ် အတွင်း အများဆုံး ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ စပါး

ဒီပွဲ လစ်ဗာပူးလ် အတွက် နစ်နာစရာ ရှိခဲ့တာက ၄၆ မိနစ်မှာ ကော်နာ ဘရက်ဒ်လီ နာသွားလို့ အိဆက်ခ်ကို ထည့်ခဲ့ပြီး မိနစ် ၆၀ မှာ အိဆက်ခ် နာသွားခဲ့လို့ ဖရင်မ်ပေါင်နဲ့ လူစားလဲခဲ့ရပါတယ်။ အဲဒီနောက် မိနစ် ၉၀ အရောက် မှာတော့ ဖရင်မ်ပေါင် ထပ်နာလို့ ခီယေဇာနဲ့ လူစားထပ်လဲခဲ့ရပါတယ်။ ဒါကြောင့် အာနေး ဆလော့တ်ရဲ့ အသင်းက ကစားသမား ၃ ဦး အထိ ဒဏ်ရာရခဲ့ပြီး လာမယ့် ပွဲတွေမှာ ကစားနိုင်၊ မကစားနိုင် ကိုတော့ ဆေးစစ်ချက် ရလဒ်တွေကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

စပါးဟာ ၂၀၂၅ ခုနှစ် အတွင်း ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ၁၁ ပွဲ ရှုံးနိမ့်ခဲ့ပြီး ကလပ် သမိုင်းတလျှောက် ပြက္ခဒိန် နှစ်တစ်နှစ် အတွင်း အများဆုံး ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ချဲလ်ဆီးနဲ့ ပွဲမှာ ဒက်စတီနီ အူဒိုဂီနဲ့ ရိုမီယို အနီကတ်ပြခံရပြီးနောက်ပိုင်း အိမ်ကွင်း ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ အတွင်း ဒုတိယအကြိမ်မြောက် အနီကတ် နှစ်ကတ် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် လစ်ဗာပူးလ်က ရမှတ် ၂၉ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာကို ပြန်ရောက်လာခဲ့ပြီးတော့ စပါး ကတော့ အဆင့် ၁၃ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ လစ်ဗာပူးလ်က လာမယ့် ပွဲစဉ် အဖြစ် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဝုဗ်နဲ့ ကစားရဖို့ ရှိပြီး စပါး ကတော့ ၂၉ ရက်နေ့မှာ ပဲလေ့စ်ကို ဆဲလ်ဟတ်စ်ပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်