နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချန်ပီယံဆုကို စိန်ခေါ်ချင်ရင် ၁၀၀ ရာခိုင်နှုန်းနဲ့ မလုံလောက်ဘူးလို့ အသင်းကို သတိပေးလိုက်တဲ့ ဆီမြွန်နီ | လာလီဂါ

လာလီဂါ ချန်ပီယံဆုကို စိန်ခေါ်ချင်ရင် ၁၀၀ ရာခိုင်နှုန်း ကြိုးစားရင်တောင် မလုံလောက်သေးဘူးလို့ အက်တလက်မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီက ဆိုလိုက်ပါတယ်။ အက်တလက်တီကိုမက်ဒရစ်ဟာ ခရစ္စမတ်ကာလမှာ လာလီဂါ အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာမှာ ရပ်တည်နေပေမယ့် ၁၈ ပွဲ ကစားပြီးချိန်မှာ ဦးဆောင်သူ ဘာစီလိုနာထက် ကိုးမှတ် လျော့နည်းနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီယေဂို ဆီမြွန်နီက အက်တလက်တီကိုမက်ဒရစ် အနေနဲ့ လာလီဂါ ချန်ပီယံဆု အတွက် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် တို့ကို စိန်ခေါ်ချင်ရင် “၁၀၀ ရာခိုင်နှုန်း ကြိုးစားမှုက လုံလောက်မှု မရှိကြောင်း သတိပေးခဲ့တာ ဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ်ဟာ တနင်္ဂနွေနေ့က ဂီရိုနာကို ၃-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဇယားမှာ တတိယနေရာကို ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ကိုကီဟာ အက်တလက်တီကိုမက်ဒရစ် အတွက် ပြိုင်ပွဲစုံအရပ်ရပ် သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့ပြီး လူစားဝင် ကစားသမားတွေ ဖြစ်တဲ့ ကော်နာ ဂါလာဟာနဲ့ အန်တွန် ဂရစ်ဇ်မန်း တို့လည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အက်တလက်တီကိုမက်ဒရစ် အတွက် ၂၀၂၅-၂၆ ရာသီ လာလီဂါမှာ လူစားဝင် ကစားသမားတွေက ၁၀ ဂိုး အထိ သွင်းယူထားပြီး ဒီရာသီမှာ တခြားသော ပြိုင်ဘက်တွေထက်လည်း ပိုများနေပါတယ်။

အက်တလက်တီကိုမက်ဒရစ်ဟာ ပြိုင်ပွဲစုံ ၂ ပွဲဆက် ရှုံးနိမ့်ပြီးနောက် ခြေစွမ်းပိုင်း ပြန်လည် တည်ငြိမ်လာခြင်းနဲ့ အတူ ၃ ပွဲဆက် ပြန်လည် အနိုင်ရထားခဲ့တာပါ။ ဒါပေမယ့် ဆီမြွန်နီ ကတော့ သူ့ အသင်း အနေနဲ့ ချန်ပီယံလုပွဲမှာ ပါဝင်ချင်ရင် အမြင့်ဆုံး အဆင့်မှာ အဆက်မပြတ် စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အက်တလက်တီကိုမက်ဒရစ် ကတော့ ဒီရာသီ လာလီဂါမှာ ၁၁ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ရှုံးပွဲ ၃ ပွဲ ရှိထားပြီး ချန်ပီယံလိဂ် မှာတော့ ၄ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားပါတယ်။
နောက်ဆုံး ၃ ပွဲဆက် ပြန်လည် အနိုင်ရထားတဲ့ အက်တလက်တီကိုမက်ဒရစ်

အာဂျင်တီးနားလူမျိုး နည်းပြက “ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ အရမ်းကောင်းကောင်း ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် လာလီဂါ မှာတော့ အပိုတွန်းအား၊ စိတ်ပိုင်းဖြတ်မှုနဲ့ ယုံကြည်ချက်တွေ ချို့တဲ့နေပါတယ်။ ကျွန်တော်တို့ သွားချင်တဲ့ နေရာကို ရောက်ဖို့ ၁၀၀ ရာခိုင်နှုန်း ရှိနေရင်တောင် လုံလောက်မှု မရှိပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာကို မြင်တိုင်း အခြေအနေအမျိုးမျိုးကြောင့် ဒီအကြောင်းကို တွေးမိပါတယ်။ ကျွန်တော်တို့ ၁၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၁၂၀ ရာခိုင်နှုန်း ပေးဆပ်ရမှာပါ။ ကျွန်တော်တို့ အဲဒီ အဆင့်ကို မရောက်နိုင်ခဲ့လို့ မကြာသေးခင်က ကျွန်တော်တို့ ရောက်နေတဲ့ အနေအထားမှာပဲ ပိတ်မိနေခဲ့တာပါ။” လို့ ဆီမြွန်နီက ဆိုပါတယ်။

ရာသီအစမှာ ရုန်းကန်ခဲ့ရတဲ့ အက်တလက်တီကိုမက်ဒရစ်က လာလီဂါ နောက်ဆုံး ၁၀ ပွဲမှာ ၈ ပွဲအထိ အနိုင်ရပြီး (၂ ပွဲ ရှုံး) အမှတ်ပေးဇယားထိပ်ကို ပြန်လည် တက်လှမ်းလာခဲ့တာပါ။ ဒါပေမယ့်လည်း ဆီမြွန်နီ ကတော့ သူ့အသင်း အနေနဲ့ အဲဒီ ခက်ခဲတဲ့ ကာလကို ကျော်လွှားနိုင်ခဲ့လို့ ဝမ်းသာနေပါတယ်။ “ရာသီဝက်လောက်မှာ အသင်းက အစပိုင်းမှာ ကျွန်တော်တို့ မြင်ချင်တဲ့ အတိုင်း မမြင်ခဲ့ရတဲ့ ခက်ခဲတဲ့ အခြေအနေ ကနေ လွတ်မြောက်လာခဲ့ပါတယ်။”

“ခင်ဗျား တို့က ကျွန်တော် တို့ကို ဝေဖန်နေတာပါ။ ကျွန်တော် တို့ကတော့ တိုးတက်ချင်နေပါတယ်။ နောက်ပြီး ကစားသမားတွေ ကလည်း တိုးတက်ချင်နေကြပါတယ်။ ကံကောင်း ထောက်မစွာပဲ၊ ကြိုးစား အားထုတ်မှု၊ ယုံကြည်ချက်၊ ခိုင်မာတဲ့ယုံကြည်ချက်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ကိုယ်ဘာလိုချင်လဲ ဆိုတာကို တိတိကျကျ သိရှိခြင်းက ကျွန်တော်တို့ ရည်မှန်းထားတဲ့ လမ်းကြောင်းပေါ်မှာ ဆက်လျှောက်ဖို့ စိတ်အေးချမ်းမှုကို ပေးစွမ်းခဲ့ပါတယ်။ အဲဒီလမ်းကြောင်းက ၁၀၀ ရာခိုင်နှုန်း ရည်မှန်းချက် ပြည့်ရုံနဲ့ မလုံလောက်ဘူး ဆိုတာကို သင်ကြားပေးပါတယ်။” လို့ ဆီမြွန်နီက ပြောကြားသွားခဲ့ပါတယ်။

အက်တလက်တီကိုမက်ဒရစ် ကတော့ ဒီရာသီ လာလီဂါမှာ ၁၁ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ရှုံးပွဲ ၃ ပွဲ ရှိထားပြီး ချန်ပီယံလိဂ် မှာတော့ ၄ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်