နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မာ့ဂူဟီကို ပေါင်သန်း ၂၀ နဲ့ လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ခဲ့တဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ ခရစ္စတယ်ပဲလေ့စ် ဗဟိုခံစစ်မှူး မာ့ခ် ဂူဟီကို ပေါင် သန်း ၂၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန် လက်ရွေးစင် နောက်ခံလူ မာ့ခ် ဂူဟီ ကိုတော့ ဥရောပ ထိပ်တန်း ကလပ် များစွာက ခေါ်ယူချင်ခဲ့ပေမယ့် မန်စီးတီးက လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဂူဟီဟာ ဒီရာသီအကုန်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီးတော့ လစ်ဗာပူးလ် အပါအဝင် ထိပ်သီး ကလပ်တွေက လာမယ့် နွေရာသီမှ အလွတ်နဲ့ ခေါ်ယူဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။ ဂူဟီဟာ ပြီးခဲ့တဲ့ နွေရာသီ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လစ်ဗာပူးလ်ကို ပေါင် ၃၅ သန်းနဲ့ ရောက်ရှိဖို့ နီးစပ်ခဲ့ပြီးမှ ပဲလေ့စ် ဘက်က အစားထိုးရမယ့် ကစားသမား မရှိတာကြောင့် အပြောင်းအရွှေ့ ပျက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ်ဟာ အဲဒီအချိန်တုန်း ကလည်း ဂူဟီ အတွက် ပေါင် သန်း ၄၀ အထိ လိုချင်ခဲ့ပါတယ်။

ဒီရာသီကုန်ကျရင် ဂေးဟီကို အလွတ်နဲ့ ခေါ်ယူဖို့ အတွက် ဘေယန်မြူးနစ်၊ ဘာစီလိုနာနဲ့ လစ်ဗာပူးလ် တို့က ပစ်မှတ်ထားခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဆိုရင် အာဆင်နယ် ကလည်း ဒီအပြောင်းအရွှေ့မှာ ပါဝင်လာခဲ့ကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း မန်စီးတီး ကတော့ ရာသီကုန်ချိန်မှ တခြား အသင်းတွေနဲ့ အပြိုင်လုရမယ့် အစား ပြောင်းရွှေ့ကြေးပေးပြီး ခပ်စောစော ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ 

ဂူဟီက လက်ရှိမှာ မန်ချက်စတာမြိုကို သွားပြီးတော့ မန်စီးတီးနဲ့ ဆေးစစ်မှုခံယူမှာ ဖြစ်သလို ၅ နှစ်ခွဲ စာချုပ် ချုပ်ဆိုသွားမှာပါ။ စာချုပ်ထဲ မှာတော့ ဆုကြေးငွေနဲ့ sell-on clause မပါသေးဘူး လို့လည်း သိရပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပေါင်သန်း ၂၀ ထဲက ၂၀ % ဖြစ်တဲ့ ပေါင် ၄ သန်းကို ဂူဟီရဲ့ အသင်းဟောင်း ချဲလ်ဆီးထံ ပေးချေသွားရမှာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်မှာ ဂူဟီက တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း အထိ ရရှိသွားမယ်လို့ သိရပါတယ်။

သတင်းတွေအရ ဆိုရင်တော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်မှာ ဂူဟီက တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း အထိ ရရှိသွားမယ်လို့ သိရပါတယ်။
မန်စီးတီးနဲ့ ၅ နှစ် စာချုပ်ချုပ်မယ့် မာ့ခ် ဂူဟီ

အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မာ့ခ် ဂူဟီက ၂၀၂၁ ခုနှစ်မှာ ချဲလ်ဆီး ကနေ ခရစ္စတယ်ပဲလေ့စ်ကို ပြောင်းရွှေ့ခဲ့ပြီး ပွဲပေါင်း ၁၈၈ ပွဲ ကစားပြီး ၁၁ ဂိုး သွင်းယူခဲ့ပါတယ်။ ဒါ့အပြင် ဂူဟီက ပဲလေ့စ်နဲ့ အတူ သမိုင်းဝင် ဆုဖလား အောင်မြင်မှု အဖြစ် အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါဟာ ပဲလေ့စ် အတွက်လည်း အသင်းသမိုင်းတလျှောက် ပထမဦးဆုံး အကြိမ် အောင်မြင်မှုတွေလည်း ဖြစ်ပါတယ်။

မန်စီးတီးတို့ ဂူဟီကို လက်ဦးမှု ရယူခဲ့တဲ့ နောက်ထပ် တစ်ချက်က မန်စီးတီးရဲ့ ခံစစ်မှာ ဂဗာဒီယိုလ်နဲ့ ရူဘင် ရူဘင် ဒီးယက်စ်တို့ အပါအဝင် ဒဏ်ရာရ ကစားသမားတွေ များပြားနေတာကြောင့် ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့တော့မှာ ဖြစ်တာကြောင့် ဂူဟီက ဒီကနေ့မှာ ဆန်းဒါးလန်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်တော့မှာ မဟုတ်ပါဘူး။ နည်းပြ အိုလီဗာ ဂလက်စ်နာ ကတော့ ဂူဟီ နေရာမှာ အစားထိုးဖို နောက်ခံလူတစ်ဦးကို အခုလအတွင်း မဖြစ်မနေ ခေါ်ယူပေးဖို့ ပဲလေ့စ် အသင်းထံ တောင်းဆိုထားပါတယ်။ 

ဆက်စပ် သတင်းတွေအရ ခရစ္စတယ်ပဲလေ့စ် နည်းပြ အိုလီဗာ ဂလက်စနာ ကလည်း ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ်လို့ အတည်ပြု ကြေညာခဲ့ကြောင်း သိရပါတယ်။ သြစတြီးယား နိုင်ငံသား အသက် ၅၁ နှစ် အရွယ် အိုလီဗာ ဂလက်စ်နာဟာ ပဲလေ့စ်နဲ့ အခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ ပဲလေ့စ်ဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက ဂလက်စ်နာကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းခဲ့တာပါ။ ဒါပေမယ့် ဂလက်စနာက ပြီးခဲ့တဲ့ အောက်တိုဘာလ မှာပဲ စာချုပ်သစ် မချုပ်ဆိုတော့ဘူးလို့ အသင်းဥက္ကဋ္ဌ စတိဗ် ပါရစ်ရှ်ထံ အသိပေးခဲ့ပါတယ်။ ဒီအခြေအနေကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ အမြဲတမ်း နည်းပြ ရာထူး အတွက် သတင်းကြီးနေတဲ့ ဂလက်စနာ တစ်ယောက် အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာတော့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်