နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘေယန်ရဲ့ ဆန္ဒနဲ့ စိတ်အားထက်သန်မှုက မယုံနိုင်စရာပါပဲလို့ ချီးကျူးလိုက်တဲ့ နော်အာ | ဘွန်ဒက်စ်လီဂါ

ဘေယန်မြူးနစ် ကတော့ အခုတစ်ပတ် ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ လိုက်ပ်ဇစ်ကို အဝေးကွင်းမှာ ၁-၅ ရလဒ်နဲ့ အနိုင်ယူပြီး ပြိုင်ဘက်တွေကို ရမှတ်တွေ ဆက်လက် ဖြတ်တောက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဘေယန်မြူးနစ်က အိမ်ရှင်အသင်းရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် ဒုတိယပိုင်း မှာတော့ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး ဂိုးပြတ် နိုင်ပွဲ တစ်ပွဲကို ဖော်ဆောင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဂိုးသမား ဖြစ်တဲ့ မန်ဝဲလ် နော်အာက ဘေယန်မြူးနစ် ပြသခဲ့တဲ့ မယုံကြည်နိုင်စရာ ဒုတိယပိုင်း ခြေစွမ်း အပေါ် အခုလိုပဲ ချီးကျူး ဂုဏ်ပြုသွားခဲ့ပါတယ်။ နော်အာက “ဒီရာသီမှာ ကျွန်တော်တို့ မကြာခဏ နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် အမြဲတမ်း ပြန်လာနိုင်ခဲ့ပါတယ်။ ဒီနေ့မှာလည်း အဲဒီအတိုင်းပဲ ထပ်လုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ လိုက်ပ်ဇစ်က ကျွန်တော် တို့ထက် တစ်ပွဲလျော့ ကစားထားပြီး ဒုတိယပိုင်းမှာ ကျွန်တော်တို့ ၆ ကီလိုမီတာနဲ့ အထက် ပိုပြေးခဲ့ရပါတယ်။ ဒါက ပွဲကို ပြောင်းလဲဖို့နဲ့ တတိယ၊ စတုတ္ထ၊ ပဉ္စမဂိုးတွေ သွင်းယူဖို့ ဆန္ဒနဲ့ စိတ်အား ထက်သန်မှုကို ရရှိခဲ့ပါတယ်။ မယုံနိုင်စရာပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

လိုက်ပ်ဇစ် ကတော့ ပထမပိုင်း ပွဲချိန် မိနစ် ၂၀ မှာ ခရုဇ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်း မှာတော့ ဘေယန်မြူးနစ်က ဂနာဘရီ၊ ကိန်း၊ တာ့ရ်၊ ပက်ဗ်လိုဗစ်၊ အိုလီဆေး တို့ရဲ့ ဂိုးတွေနဲ့ ပြန်လည် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ ပထမပိုင်းမှာ ပြိုင်ဘက်ရဲ့ ဦးဆောင်ခြင်း ခံခဲ့ရပြီး ၅ ဂိုးနဲ့ အထက် ပြန်သွင်းကာ အနိုင်ရခဲ့တာက သမိုင်းတလျှောက် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ၁၉၇၆ ခုနှစ် စက်တင်ဘာလတုန်း ကလည်း ဘိုချမ်နဲ့ ပွဲမှာ ၆-၅ နဲ့ ပြန်လည် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ (ပထမပိုင်းမှာ ၀-၃ နဲ့ ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်းမှာ ၆ ဂိုး ပြန်သွင်းယူနိုင်ခဲ့)။

ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့တဲ့ မိုက်ကယ် အိုလီဆေးက ဘေယန်မြူးနစ်ရဲ့ နိုင်ပွဲ အတွက် သက်ရောက်မှု ကြီးမားခဲ့ပြီး ဂိုးဖန်တီးမှု ဟက်ထရစ်နဲ့ ကိုယ်တိုင်လည်း တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ၁ ဂိုးစီ သရေကျနေချိန်မှာ ပြင်သစ် ကွင်းလယ် ဖန်တီးရှင်က ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးခဲ့ပြီး ပွဲသိမ်း အနိုင်ဂိုးကို သွင်းယူခဲ့တာပါ။ ဒါကြောင့် အိုလီဆေးက ၂၀၁၉ ခုနှစ်က ဝုဖ်ဘတ်နဲ့ ပွဲမှာ ဖရန့်ခ် ရစ်ဘာရီ ပြီးနောက် ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ လူစားဝင် ကစားပြီးနောက် ၃ ဂိုး ဖန်တီးပေးနိုင်တဲ့ ဒုတိယမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဘေယန်မြူးနစ် ကတော့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၈ အပြီးမှာတော့ ရှုံးပွဲ လုံးဝ မရှိသေးပဲ ရမှတ် ၅၀ နဲ့ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေပါတယ်။
လိုက်ပ်ဇစ်ကို နောက်ကနေ လိုက်ကစားပြီး ဂိုးပြတ် အနိုင်ရခဲ့တဲ့ ဘေယန်မြူးနစ်

ဒီပွဲရဲ့ ဒုတိယပိုင်းမှာ ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ခြေထောက်ကျိုးပြီး ကာလအတန်ကြာ အနားယူနေခဲ့ရတဲ့ ဂျမဲလ် မူဆီအာလာ ဘေယန် အတွက် ပြန်လည် ကစားပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မူဆီအာလာက ပွဲပြီးခါနီးမှာ ဝင်ရောက် ကစားခွင့်ရခဲ့ပေမယ့် အရန်ခုံက ထလာပြီး ၆၉ စက္ကန့် အကြာမှာ မိုက်က်ယ် အိုလီဆေးရဲ့ သွင်းဂိုး အတွက် ဖန်တီးပေးသွားခဲ့ပါတယ်။

မူဆီအာလာ ပုံစံကောင်း တစ်ခုနဲ့ ပြန်လာနိုင်ခဲ့တာနဲ့ ပတ်သတ်ပြီးတော့လည်း နော်အာက “အရမ်း ကောင်းပါတယ်။ ကြာရှည်စွာ ဒဏ်ရာရနေတဲ့ အခါ၊ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရနေတဲ့ အခါ ဘာတွေ ဖြစ်နေတတ်သလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ အားလုံး ဝမ်းသာပါတယ်။” လို့ နော်အာက ဆိုပါတယ်။

ဆက်လက်ပြီး အလက်ဇန္တား ပက်ဗ်လိုဗစ် ကလည်း “ဂျမဲလ် ပြန်ကောင်းလာတဲ့ အတွက် ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။ သူ ဘယ်လောက် ကြိုးစားခဲ့လဲ၊ မြန်မြန် ပြန်ကောင်းလာဖို့ ဘယ်လိုမျိုး ရုန်းကန်ခဲ့ရသလဲ ဆိုတာ နေ့တိုင်း မြင်တွေ့ခဲ့ရပါတယ်။ သူက ကမ္ဘာ့အဆင့် ကစားသမားပါ။ သူပြန်ကောင်းလာပြီး သူနဲ့ ပြန်ကစားနိုင်လို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘေယန်မြူးနစ် ကတော့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၈ အပြီးမှာတော့ ရှုံးပွဲ လုံးဝ မရှိသေးပဲ ရမှတ် ၅၀ နဲ့ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေပါတယ်။ ဘေယန်ဟာ အနီးဆုံး ပြိုင်ဘက် ဒေါ့မန်ကို ၁၁ မှတ် ဖြတ်ထားပြီး ဘွန်ဒက်စ်လီဂါ ချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်