နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အက်စတွန်ဗီလာက ပရီးမီးယားလိဂ် Top 5 အတွက် ယှဉ်ပြိုင်သူတွေ မဟုတ်နေဘူးလို့ ဆိုလိုက်တဲ့ အမ်မရီ

အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဲဗာတန်ကို ဗီလာပါ့ခ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်ကို အနီးကပ်ဆုံး ဖိအားပေးနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ နည်းပြ အူနိုင်း အမ်မရီက သူ့ရဲ့ အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး ၅ သင်း နေရာ အတွက် ယှဉ်ပြိုင်သူတွေထဲမှာ မပါဝင်ကြောင်း ပြောဆိုလာခဲ့ပါတယ်။

ဗီလာဟာ မနေ့ညက ပွဲမှာ အဲဗာတန်ကို အိမ်ကွင်းမှာ ၁-၀ ရလဒ်နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာကြောင့် အူနိုင်း အမ်မရီက စိတ်ပျက်လျက်ရှိပြီး သူ့အသင်းရဲ့ မျှော်လင့်ချက်တွေကို အပျက်သဘောဆောင်တဲ့ အမြင်နဲ့ ရှုမြင်နေခဲ့ပြီလည်း ဖြစ်ပါတယ်။ အကယ်၍ အက်စတွန်ဗီလာသာ အဲဗာတန်ကို အနိုင်ရခဲ့မယ် ဆိုရင် အမှတ်ပေးဇယား အဆင့် ၂ နေရာကို တက်လှမ်းနိုင်မှာ ဖြစ်သလို ဦးဆောင်သူ အာဆင်နယ် ကိုလည်း ၄ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗီလာက မန်စီးတီး ရှုံးပွဲ တွေ့ပြီး အာဆင်နယ် နိုင်ပွဲ မရခဲ့တဲ့ ရက်သတ္တပတ်မှာ သူတို့ပါ လိုက်ရှုံးခဲ့ပြီး အခွင့်အရေးတွေကို လွှတ်ချခဲ့မိတာ ဖြစ်ပါတယ်။

ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာ အူနိုင်း အမ်မရီက “ကျွန်တော် တို့က ထိပ်ဆုံး ၅ သင်း နေရာ အတွက် ယှဉ်ပြိုင်သူတွေ မဟုတ်ပါဘူး။ ကျွန်တော် တို့က ပြိုင်ဘက်တွေ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ထက် အလားအလာ ကောင်းတဲ့ တခြား အသင်းတွေ ရှိနေပါသေးတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အူနိုင်း အမ်မရီ အနေနဲ့ အခုလို ပြောကြားခဲ့ပေမယ့်လည်း သူ့ရဲ့ အသင်းက အမှတ်ပေးဇယား အဆင့် ၄ နေရာက ၇ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပြီး ယူနိုက်တက်ကို ၈ မှတ်၊ ချဲလ်ဆီးကို ၉ မှတ် ဖြတ်ထားနိုင်ပါသေးတယ်။ အဲဒီနောက် ပထမပိုင်း ၁၈ မိနစ်မှာ ဒဏ်ရာရသွားတဲ့ အဓိက ကွင်းလယ်လူ ဂျွန် မက်ဂင်းန်ရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီးတော့လည်း အမ်မရီက “ကျွန်တော် မသိဘူး။ သူ့ရဲ့ ဒူးမှာ ဒဏ်ရာရသွားတာ ဖြစ်နိုင်ပါတယ်။ ကစားသမားတွေ ဒဏ်ရာရတာက ကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါက ဘောလုံးပါပဲ၊ ကျွန်တော်တို့ လက်ခံရမှာပါ။ တခြား ကစားသမားတွေ ကစားဖို့ အခွင့်အရေး တစ်ခုပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

တခြားသော အချက်အလက်တွေအရ ဗီလာဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလက ချဲလ်ဆီးနဲ့ ပွဲနောက်ပိုင်း ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ အတွင်း ဂိုးကန်ချက် အများဆုံး ပြုလုပ်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ အတွင်း ဂိုးကန်ချက် အများဆုံး ပြုလုပ်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တဲ့ အက်စတွန်ဗီလာ

ဒီနေ့ပွဲ အဲဗာတန် အတွက် တစ်လုံတည်းသော အနိုင်ဂိုးကို ပွဲချိန် ၅၉ မိနစ်မှာ ဘယ်ရီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကို ပြန်ကြည့်မယ် ဆိုရင် ဗီလာ နောက်ခံလူတွေရဲ့ ပေါ့ဆမှု ကနေ ဒွိုက် မက်နေးလ် ကန်သွင်းတာကို ဂိုးသမား မာတီနက်ဇ် ကာကွယ်နိုင်ခဲ့ပေမယ့် အသင့်ပါလာတဲ့ တီယာနို ဘယ်ရီက Chip ကန်ချက်နဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဗီလာက အဲဗာတန်ကို အဘက်ဘက် ကနေ အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် တော်ဖီတွေရဲ့ အနိုင် ၃ မှတ် အတွက် ဘယ်ရီရဲ့ ဂိုးက အဓိကကျသွားခဲ့တာ ဖြစ်ပါတယ်။

ဗီလာဟာ ဒီပွဲ မတိုင်ခင် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံအရပ်ရပ် အိမ်ကွင်း နောက်ဆုံး ၁၁ ပွဲ ဆက်တိုက် အနိုင်ရထားခဲ့တာပါ။ ဒါ့အပြင် ဗီလာက ၂၀၁၆ ခုနှစ် မတ်လ နောက်ပိုင်း အဲဗာတန်ကို ပထမဆုံး အကြိမ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၁၃ ပွဲမှာ ၉ ပွဲ နိုင်၊ ၄ ပွဲ သရေကျထားခဲ့တာ ဖြစ်ပါတယ်။ တခြားသော အချက်အလက်တွေအရ ဗီလာဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလက ချဲလ်ဆီးနဲ့ ပွဲနောက်ပိုင်း ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ အတွင်း ဂိုးကန်ချက် အများဆုံး ပြုလုပ်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်