နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖိအားတွေ တိုးလာနေပေမယ့် တော့တင်ဟမ် ဘုတ်အဖွဲ့ရဲ့ ယုံကြည်မှု ကိုတော့ ခံစားနေ ဖြစ်တဲ့ သောမက်စ် ဖရန့်ခ် | ပရီးမီးယားလိဂ်

တော့တင်ဟမ်ဟော့စပါး နည်းပြ သောမက်စ် ဖရန့်ခ် ကတော့ ဖိအားတွေ တိုးလာနေပေမယ့်လည်း အသင်း ဘုတ်အဖွဲ့ရဲ့ ‘ယုံကြည်မှု’ ကိုတော့ ခံစားရဆဲ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ စပါးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ပြီးနောက် သောမက်စ် ဖရန့်ခ်ရဲ့ အနာဂတ် ကလည်း မြောက်လန်ဒန်မှာ အဆုံးသတ်သလောက် ရှိသွားခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ကလပ် အသင်း တာဝန်ရှိသူတွေဟာ ဒိန်းမတ် လူမျိုး နည်းပြရဲ့ အနာဂတ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် တော့တင်ဟမ် ဘုတ်အဖွဲ့ရဲ့ “ ယုံကြည်မှု” ကို ခံစားရကြောင်း သောမတ်စ် ဖရန့်ခ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ စပါးက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တန်းဆင်းဇုန် အန္တရာယ် ရှိနေတဲ့ ဝက်စ်ဟမ်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲစုံ နိုင်ပွဲ မရတာ ၅ ပွဲ အထိ ရှိနေခဲ့ပြိ ဖြစ်ပါတယ်။ ဒါကြောင့် စပါးက အမှတ်ပေးဇယား အဆင့် ၁၄ နေရာကို ကျဆင်းသွားခဲ့သလို အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့တာကြောင့်လည်း အက်ဖ်အေဖလား တတိယအဆင့် ကနေ ထွက်ခွာခဲ့ရပါတယ်။ 

ဒါကြောင့် သောမက်စ် ဖရန့်ခ် တစ်ယောက် ဖိအားတွေ တိုးလာနေပေမယ့် အသင်း ဘက်ကတော့ ဟန်ချက်ညီမှုကို ဆက်ထိန်းထားဖို့ အတွက် သူ့ကို အဓိက နည်းပြ အဖြစ် ဆက်လက် တာဝန်ယူစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စပါးက ဒီကနေ့ ညမှာ ဒေါ့မန်နဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကစားရဖို့ ရှိပြီး အဲဒီပွဲ မတိုင်ခင် အင်တာဗျူး မှာတော့ ဖရန့်ခ်က စပါးရဲ့ တာဝန်ရှိသူတွေဆီ ကနေ ထောက်ခံမှုက လွဲပြီး မည်သည့် အရာ ကိုမျှ မခံစားရကြောင်း ပြောကြားခဲ့ပါတယ်။

စပါးဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်း မတည်ငြိမ်ပေမယ့် ချန်ပီယံလိဂ်မှာ အခြေအနေ သိပ်မဆိုးတာ တွေ့ရပါတယ်။
နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေတဲ့ တော့တင်ဟမ်ဟော့စပါး

ဖရန့်ခ်က “ကျွန်တော် အနေနဲ့ တချိန်လုံး ယုံကြည်မှုကို ခံစားနေရပါတယ်။ ကျွန်တော် သတင်းစာ ရှင်းလင်းပွဲတိုင်းမှာ အဲဒါကို ပြောခဲ့ပါတယ်။ ဒီနေ့ နစ်ခ်၊ ဗီနိုင်းနဲ့ ဂျိုဟန် တို့နဲ့ နေ့လည်စာ စားခဲ့ပြီး အားလုံး ကောင်းပါတယ်။ အားလုံးက မီဒီယာ ဆက်ကပ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး ဒေါ့မန်ကို အနိုင်ရဖို့ပဲ ကျွန်တော် စဉ်းစားထားပါတယ်။

“ကျွန်တော် သံသယ ဖြစ်နေခြင်းမျိုး မရှိပါဘူး။ ဒီပွဲမှာ အမြဲတမ်း ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။ ခံနိုင်ရည်ရှိမှုကို ပြသရာမှာ အကြီးမားဆုံး အချက် ၃ ချက်က ကောင်းမွန်တဲ့ တန်ဖိုးတွေ ရှိဖို့ ဖြစ်ပြီး ကျွန်တော်က တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်တယ်ဆိုတာ ယုံကြည်ပါတယ်။”

“ ဒုတိယ အချက်ကတော့ လက်တွေ့ အခြေအနေ ဖြစ်ပါတယ်။ ပြီးတော့ တတိယ အချက် ကတော့ ကောင်းကောင်း ပြုမူမယ်၊ လေးစားမှု ရှိမယ်၊ သမာဓိ ရှိမယ် ဆိုရင် အဆင်ပြေတဲသူ ဖြစ်ပါလိမ့်မယ်။ လူတိုင်း ကတော့ ခင်ဗျားကို သဘောကျမှာ မဟုတ်ပါဘူး။” လို့ သောမက်စ် ဖရန့်ခ်က ပြောကကြားသွားခဲ့ပါတယ်။

စပါးဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်း မတည်ငြိမ်ပေမယ့် ချန်ပီယံလိဂ်မှာ အခြေအနေ သိပ်မဆိုးတာ တွေ့ရပါတယ်။ စပါးဟာ အသင်းပေါင်း ၃၆ သင်း ပါဝင် ကစားနေတဲ့ လိဂ်အဆင့် အမှတ်ပေးဇယား အဆင့် ၁၁ မှာ ရပ်တည်နေပြီး တိုက်ရိုက် တက်ရောက်ခွင့် နေရာနဲ့ တစ်မှတ်သာ ကွာဟနေပါတယ်။ ဒါ့အပြင် စပါးက ၂၀၁၇-၁၈ နဲ့ ၂၀၁၈-၁၉ ရာသီတွေမှာ ဒေါ့မန်နဲ့ ချန်ပီယံလိဂ် တွေ့ဆုံမှု ၄ ကြိမ်စလုံးမှာ အနိုင်ရထားပါတယ်။ သောမက်စ် ဖရန့်ခ်ရဲ့ အသင်းဟာ ဒီရာသီမှာ အိမ်ကွင်း ပွဲစဉ် ၃ ပွဲစလုံး ဂိုးမပေးရတဲ့ တစ်သင်းတည်းသော အသင်း ဖြစ်ပြီး အဲဒီ သုံးပွဲမှာ ၈ ဂိုး သွင်းယူထားပါတယ်။ နောက်ပြီး အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဥရောပ ပွဲစဉ် ၂၃ ပွဲစလုံး ရှုံးပွဲ မရှိခဲ့ပဲ ၁၉ ပွဲနိုင်၊ ၄ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်