နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် ချန်ပီယံဆု မမှန်းပေမယ့် ယူရိုပါလိဂ် မှာတော့ ချန်ပီယံ ဖြစ်ချင်တဲ့ အူနိုင်း အမ်မရီ

အက်စတွန်ဗီလာ ကတော့ ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် လိဂ်အဆင့် ပွဲစဉ် ၇ မှာတော့ ဖီနာဘာချီကို အဝေးကွင်းမှာ ၀-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဗီလာ အနေနဲ့ ယူရိုပါလိဂ်မှာ ၄ ပွဲဆက် နိုင်ပွဲ ရခဲ့ခြင်းနဲ့ အတူ ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအပြီးမှာ အက်စတွန်ဗီလာ နည်းပြ အူနိုင်း အမ်မရီက အဝေးကွင်းထိ လိုက်လံ အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကား ပြောကြားခဲ့သလို ဒီရာသီမှာ ယူရိုပါလိဂ်ဖလား ရယူနိုင်ဖို့ ရည်မှန်းထားကြောင်းလည်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အခုပွဲက အူနိုင်း အမ်မရီရဲ့ ပွဲ ၁၀၀ မြောက် ယူရိုပါလိဂ် ပွဲစဉ် ဖြစ်ပြီး ၂၀၀၉-၂၀၁၀ နောက်ပိုင်း ဒီမှတ်တိုင်ကို ရောက်ရှိခဲ့တဲ့ ပထမဦးဆုံး မန်နေဂျာ ဖြစ်လာခဲ့ပါတယ်။ အမ်မရီဟာ ယူရိုပါလိဂ်မှာ ဗလင်စီယာနဲ့ ပွဲ ၂၀၊ ဆီဗီလာနဲ့ ၃၉ ပွဲ၊ အာဆင်နယ် ပွဲ ၂၀၊ ဗီလာရီးယဲလ် ၁၄ ပွဲနဲ့ အက်စတွဗီလာ ၇ ပွဲ ကိုင်တွယ်ထားခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ အမ်မရီက “ဘာမင်ဂမ် ကနေ လိုက်ပါ အားပေးခဲ့ကြတဲ့ အက်စတွန်ဗီလာ ပရိသတ် ၂၀၀၀ ကို ကျေးဇူးတင်ပါတယ်။ ဒီကွင်းမှာ ပရိသတ်တွေနဲ့ အတူ ဒီမှာ ဘယ်လို တွန်းအားပေးနေကြလဲ ဆိုတာ မြင်ခဲ့ရပါတယ်။ တကယ့်ကို ကြီးမားတဲ့ လေထုပါပဲ။ ကျွန်တော် တို့ရဲ့ ခံစားချက်တွေ၊ ကျွန်တော်တို့ရဲ့ ပရိသတ်တွေ ကျွန်တော် တို့ကို အားပေးပြီး ကူညီပေးနေတာတွေက တကယ်ကို အံ့သြစရာပါပဲ။ ပြီးတော့ ကျွန်တော်တို့ ပွဲကို စည်းကမ်းရှိရှိ ကစားခဲ့ပါတယ်။ ခံစစ်ပိုင်းမှာ သူတို့ကို ရပ်တန့်ဖို့၊ ကျွန်တော်တို့ရဲ့ ဧရိယာထဲကို မ၀င်အောင် အခွင့်အရေးတွေ ဖန်တီးဖို့ ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ရပြီး ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။”

အခုတော့ အူနိုင်း အမ်မရီက ယူရိုပါလိဂ် ချန်ပီယံ အဖြစ်နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အရယူဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
တူရကီမြေအထိ လိုက်လံ အားပေးခဲ့တဲ့ အသင်း ပရိသတ်တွေကို ကျေးဇူးတင်စကား ပြောခဲ့တဲ့ အူနိုင်း အမ်မရီ

“ကျွန်တော် တို့မှာ တစ်ဂိုး သွင်းနိုင်ဖို့ အကူးအပြောင်းတွေ အများကြီး လုပ်ခဲ့ရပါတယ်။ ပြီးတော့ လွှမ်းမိုးနိုင်တဲ့အခါ မှာလည်း ကွင်းထဲက ကစားသမားတွေနဲ့ အတူ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကစားသမားတိုင်းက အရမ်း ကြီးမားတဲ့ ကြိုးစား အားထုတ်မှုတွေနဲ့ ကျွန်တော် တို့ရဲ့ ဂိမ်းအစီအစဉ် ကလည်း အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ၁၅ မိနစ်လောက် ကျွန်တော်တို့ အနည်းငယ် ခက်ခဲခဲ့ပြီး သူတို့ တစ်ဂိုး သွင်းယူခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး ငြင်းပယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် အခြေအနေအရတော့ ကျွန်တော်တို့ အခွင့်အရေးတွေ ပိုဖန်တီးနိုင်ခဲ့ပြီး နောက်ထပ် တစ်ဂိုး ကိုလည်း VAR က ငြင်းပယ်ခဲ့တာကြောင့် အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အူနိုင်း အမ်မရီ ကတော့ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆု ၄ ကြိမ် ရရှိထားတဲ့ အအောင်မြင်ဆုံး နည်းပြ ဖြစ်ပြီး အက်စတွန်ဗီလာ ကိုလည်း ဥရောပ ပြိုင်ပွဲတွေမှာ ၃၁ ပွဲ ကစားပြီးချိန်မှာပဲ နိုင်ပွဲ ၂၀ ရယူပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ အက်စတွန်ဗီလာဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲ မှာလည်း အဆင့် ၃ နေရာ ရပ်တည်နေပေမဲ့ အူနိုင်း အမ်မရီက ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ ထိပ်ဆုံး ၅ သင်း စာရင်းထဲမှာ ပါဝင်ခြင်း မရှိကြောင်း ထူးဆန်းစွာ ပြောကြားခဲ့ဖူးပါတယ်။ အခုတော့ အူနိုင်း အမ်မရီက ယူရိုပါလိဂ် ချန်ပီယံ အဖြစ်နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အရယူဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သတ်လို့ အူနိုင်း အမ်မရီက “ဒီပြိုင်ပွဲမှာ ကျွန်တော် တို့ရဲ့ ရှင်းလင်းတဲ့ ရည်မှန်းချက် ကတော့ ဆုဖလားကို စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်ဖို့ပါပဲ။ ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့် ရဖို့ ဒီဖလားကို ကျွန်တော်တို့ လိုအပ်ပါတယ်။ ကျွန်တော် တို့ရဲ့ လိဂ်က ဖြတ်သန်းရတာ အရမ်းခက်ခဲပါတယ်။ ကျွန်တော် ဒီအသင်းမှာ ဆုဖလား များစွာ ရယူသွားနိုင်ဖို မျှော်လင့်ထားပြီး ယူရိုပါလိဂ်က ဒီနှစ် အတွက် ကျွန်တော် တို့ရဲ့ ရည်မှန်းချက် တစ်ခုပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်