ခရစ္စတယ်ပဲလေ့စ် – ချဲလ်ဆီး
အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ မှာတော့ ချဲလ်ဆီးက ခရစ္စတယ်ပဲလေ့စ်ကို ဆဲလ်ဟတ်စ်ပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သိမ်းငှက်တွေနဲ့ တွေ့ဆုံချိန်တိုင်း အမြဲတမ်း အသာရလေ့ ရှိတဲ့ ခြင်္သေ့ပြာတို့ ဒီတစ်ကြိမ် တွေ့ဆုံမှုမှာရော ထပ်မံ အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အိုလီဗာ ဂလက်စ်နာရဲ့ ပဲလေ့စ် ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲဆက် နိုင်ပွဲ ပျောက်နေပြီး ပရီးမီးယားလိဂ် မှာတော့ နိုင်ပွဲ ပျောက်နေခဲ့တာ ၇ ပွဲဆက် ရှိနေပါပြီ။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၃ နေရာ အထိ ရောက်ရှိနေတဲ့ ပဲလေ့စ်က မာ့ခ် ဂူဟီနဲ့ အက်ဇေး တို့လို အဓိက ကစားသမားတွေကို ရောင်းထုတ်လိုက်တာကြောင့် နည်းပြ ဂလက်စ်နာ တစ်ယောက် အသင်းကို ဟန်ချက်ညီစေဖို့ ခက်ခက်ခဲခဲ ထိန်းညှိနေရပါတယ်။ တကယ်တော့ ခရစ္စတယ်ပဲလေ့စ်က အိမ်ကွင်း ကစားအားကောင်းပြီး အသင်းကြီးတွေနဲ့ တွေ့ရင် ခံစစ်ကို ကျစ်ကျစ်လျစ်လျစ် ကစားကာ တန်ပြန်တိုက်စစ်နဲ့ ဒုက္ခပေးတတ်တဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခံစစ်ပိုင်း အမှားများတတ်ခြင်းက သူတို့ရဲ့ အဓိက အားနည်းချက် တစ်ခု ဖြစ်ပါတယ်။ လောလောဆယ် မှာတော့ ပဲလေ့စ်က တိုက်စစ်ပိုင်း ကပါ အားနည်းနေတာ တွေ့ရပြီး နောက်ဆုံး ၅ ပွဲမှာ ၃ ဂိုးသာ ရရှိထားပါတယ်။
ချဲလ်ဆီး ကတော့ နည်းပြသစ် လီယမ် ရိုစီနီယာ လက်ထက်မှာ ၄ ပွဲ ဖြတ်သန်းထားပြီး ၃ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပါတယ်။ ပရီးမီးယားလိဂ် မှာတော့ ချဲလ်ဆီးက နောက်ဆုံး ၆ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး နောက်ဆုံး ပွဲမှာ ဘရန့်ဖို့ဒ်ကို ၂-၀ နဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။ ချဲလ်ဆီးက တည်ငြိမ်မှုရဖို့ ကြိုးစားနေဆဲ ဖြစ်ပေမယ့် လူငယ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ အတူ တက်ရိပ်ပြနေပါတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းက ဖန်တီးမှုတွေ ပိုပြီး အားကောင်းလာတာ တွေ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အသားပေးပြီး မြန်နှုန်းမြင့်နဲ့ ကစားနေသလို ကွင်းလယ်မှာ ဘောလုံးကို ထိန်းချုပ်နိုင်မှု ကောင်းမွန်ပြီး တိုက်စစ်ပိုင်းမှာ အခွင့်အရေး ဖန်တီးနိုင်စွမ်းတွေ ရှိလာပါတယ်။ ဒါပေမယ့် အဆုံးသတ်ပိုင်း မှာတော့ တည်ငြိမ်မှု ရဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ ချဲလ်ဆီး အနေနဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့ တန်ပြန် တိုက်စစ်တွေကို သတိထားနိုင်မှသာ ရလဒ်ကောင်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ပဲလေ့စ် ဘက်က ဒူကိုရေး၊ ကာမာဒါ၊ မူနော့ဇ်၊ ကလိုင်း၊ အန်ကတ်တီးယား တို့ လွဲချော်မှာ ဖြစ်ပါတယ်။ ချဲလ်ဆီး ဘက်မှာတော့ အက်ဆူဂို၊ ဂျော်ဂျန်ဆန်၊ ကိုးလ်ဝဲလ်၊ တိုဆင်နဲ့ လာဗီယာတို့ လွဲချော်မှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
ခရစ္စတယ်ပဲလေ့စ် – ဟန်ဒါဆန်၊ ရစ်ချက်ဒ်၊ လာခွာ၊ လာမာ၊ ဒီဗန်နီ၊ ဝှာတန်၊ ဟု့ဂျ်၊ မစ်ချဲလ်၊ ဂျွန်ဆင်၊ ပင်နို၊ မက်တေးတား
ချဲလ်ဆီး – ဆန်းချက်ဇ်၊ ချာလိုဘာ၊ ဂျိမ်းစ်၊ ဘာဒီယာရှီးလ်၊ ကူကာရယ်လာ၊ ကိုင်စီဒို၊ အန်ဇို၊ နီတို၊ ပါးလ်မား၊ ဂါနာချို၊ ပက်ဒရို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး ၂၇ ကြိမ် တွေ့ဆုံမှုမှာ ပဲလေ့စ်က ၄ ကြိမ်သာ အနိုင်ရခဲ့ပြီး ချဲလ်ဆီးက အကြိမ် ၂၀ အထိ အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် မှာတော့ ချဲလ်ဆီးက ၂ ကြိမ် နိုင်ပြီး နောက်ဆုံး ၃ ကြိမ်ဆက် သရေကျထားပါတယ်။ ဆဲလ်ဟတ်စ်ပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၇ ကြိမ်ဆက် ပဲလေ့စ်တို့ ချဲလ်ဆီးကို အသာမရခဲ့ပဲ ၁ ကြိမ်သာ အနိုင်ရကာ ၆ ကြိမ် အထိ ရှုံးနိမ့်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပဲလေ့စ်နဲ့ နောက်ဆုံး ၁၇ ကြိမ် တွေ့ဆုံရာမှာ ရှုံးပွဲ မရှိခဲ့ပဲ ၁၄ ပွဲ နိုင်၊ ၃ ပွဲ သရေကျထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ခရစ္စတယ်ပဲလေ့စ် နိုင်ရင် ၃.၂၁ ဆ၊ ချဲလ်ဆီး နိုင်ရင်တော့ ၂.၀၅ ဆ၊ သရေ ဆိုရင်တော့ ၃.၃၁ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ချဲလ်ဆီး ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ ချဲလ်ဆီးဟာ စာရွက်ပေါ်မှာ လူစာရင်း ပိုတောင့်တင်းသလို ပဲလေ့စ်နဲ့ တွေ့ဆုံချိန်တိုင်း အသာရရလေ့ ရှိတဲ့ အစဉ်အလာ ကလည်း သူတို့ကို ယုံကြည်မှု ပိုနေစေပါလိမ့်မယ်။ ဒါပေမဲ့ ပဲလေ့စ်ရဲ့ အိမ်ကွင်း ပရိသတ်အားနဲ့ တန်ပြန် တိုက်စစ်က ချဲလ်ဆီးရဲ့ ခံစစ်ကို စမ်းသပ်ပါလိမ့်မယ်။ ဒီပွဲမှာ ချဲလ်ဆီးက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားပြီး ပဲလေ့စ်က ခံစစ်ပိတ်ကာ တန်ပြန် တိုက်စစ်နဲ့ အခွင့်အရေးတွေ ရှာဖွေဖို့ ကြိုးစားလာပါလိမ့်မယ်။ အပြန်အလှန် သွင်းဂိုးတွေ ရှိနိုင်ပေမယ့် ဂိုးနည်းမယ့် ပွဲစဉ်ပါ။ သရေ၊ ဂိုးအောက် ၃.၅၊ BTTS တို့ကို ရွေးချယ်ထားသင့်ပါတယ်။
ခန့်မှန်းရလဒ်
ခရစ္စတယ်ပဲလေ့စ် ၁-၁ ချဲလ်ဆီး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


