ဇန်နဝါရီ ၂၄ ရက်နေ့ ညနေခင်းအချိန်ထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နည်းပြသစ် အယ်လ်ဗာရို အာဘီလိုအာ ကတော့ ထရန့် အလက်ဇန္တား အာနိုးလ်ကို လာမယ့် နွေရာသီမှာ အသင်း ကနေ ထွက်ခွာဖို့ တိုက်တွန်းခဲ့ပါတယ်။ စပိန် လူမျိုး နည်းပြ ကတော့ ၎င်းရဲ့ ရှေ့ဆက် လုပ်ဆောင်ရမယ့် အစီအစဉ်တွေမှာ လစ်ဗာပူးလ် ကြယ်ပွင့်ဟောင်းကို ထည့်သွင်း စဉ်းစားထားခြင်း မရှိကြောင်း သိရပါတယ်။
ဘာစီလိုနာ ကတော့ ဆော်ဒီအာရေဗျက ရာဖင်ညာ အတွက် ယူရို ၁၂၀ သန်း နဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ လာလီဂါ ကလပ်ဟာ ဘရာဇီးလ် ကစားသမားကို ဒီဆောင်းရာသီ မှာရော၊ အနာဂတ်မှာပါ ရောင်းချမှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ရိုဒရီဂို ကိုတော့ မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာက အနီးကပ် စောင့်ကြည့်နေကြောင်း သိရပါတယ်။ ဘရာဇီးလ် ကစားသမား ကတော့ ပုံမှန် ပွဲထွက်ခွင့် ဆုံးရှုံးရမယ် ဆိုရင်တော့ လာမယ့် နွေရာသီမှာ အသင်း ပြောင်းရွှေ့မယ်လို့ မျှော်လင့်ရပါတယ်။
ဘာစီလိုနာ အကယ်ဒမီထွက် ကြယ်ပွင့် အက်ဒရီယန် ဂီလ် ကတော့ မေဂျာလိဂ် ကလပ် အတ္တလန္တာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။ အမေရိကန် ကွင်းလယ် ကစားသမား ကတော့ ဘာစီလိုနာ နည်းပြဟောင်း ဂျရတ်ဒို ‘တာတာ’မာတီနိုရဲ့ လက်အောက်မှာ ကစားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ ပီအက်စ်ဂျီ ကွင်းလယ် ကစားသမား လီကန်အင် အတွက် ကမ်းလှမ်းမှုကို ပယ်ချခံခဲ့ရကြောင်း သိရပါတယ်။ ပြင်သစ် ကလပ် ကတော့ ဒီဆောင်းရာသီမှာ အသက် ၂၄ နှစ် အရွယ် ကစားသမားနဲ့ လမ်းခွဲဖို့ ဆန္ဒမရှိပဲ လာမယ့် နွေရာသီမှာသာ ရောင်းထုတ်ဖို့ စဉ်းစားသွားဖွယ် ရှိနေပါတယ်။
ပီအက်စ်ဂျီ ကွင်းလယ်လူ ဗစ်တင်ညာ ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ထိပ်တန်း ကွင်းလယ် ပစ်မှတ် အဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ်ဟာ ခရစ္စတယ်ပဲလေ့စ်က အဒမ် ဝှာတန်ကို ဒီနွေရာသီ ပစ်မှတ် စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဝှာတန်ကို ချဲလ်ဆီး ကွင်းလယ် ကစားသမား အန်ဇို ဖာနန်ဒက်ဇ်နဲ့ ဘယ်လွန်ဒေါဆုရှင် ရိုဒရီ တို့ကို ကျော်ဖြတ်ပြီး ပစ်မှတ် ကစားသမား အဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကတော့ ဒီဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ကစားသမားသစ် ခေါ်ယူဖို့ မရှိဘူးလို့ ဖွင့်ဟလိုက်ပါတယ်။ ဒါပေမယ့် အသင်းအနေနဲ့ ဈေးကွက်ထဲမှာ အခွင့်အလမ်းတွေကို ရှာဖွေသွားမယ်လို့လည်း ပြောကြားခဲ့တယ်။ လစ်ဗာပူးလ် ကတော့ ပြီးခဲ့တဲ့ နွေရာသီဈေးကွက်မှာ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးကို နှစ်ကြိမ်တိုင် အသုံးပြုခဲ့တာပါ။ ဒါ့အပြင် နွေရာသီ အသုံးစရိတ် ကလည်း ပရီးမီးယားလိဂ် စံချိန်တင် ပေါင် သန်း ၄၅၀ လောက် အသုံးပြုခဲ့ပါတယ်။ လက်ရှိမှာ တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်၊ နောက်ခံလူတွေ ဖြစ်တဲ့ ဘရက်ဒ်လေ၊ လီယိုနီတို့ ကာလရှည်ကြာ ဒဏ်ရာရနေပေမယ့် ကစားသမားသစ် ခေါ်ယူမှု မရှိဘူးလို့ အာနေး ဆလော့တ်က ပြောခဲ့တာပါ။ အာနေး ဆလော့တ်က သူ့အသင်းဟာ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် သေချာတယ်လို့လည်း အာမခံချက် ပေးခဲ့ပါတယ်။
မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ နှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ပေမယ့် သူ့ရဲ့ ကစားသမားတွေဟာ ထူးခြားတဲ့သူတွေ ဖြစ်တယ်လို့ ကာကွယ် ပြောဆိုခဲ့ပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်၊ ချန်ပီယံလိဂ်မှာ နော်ဝေ ကလပ် ဘိုဒို/ဂလင့်မ် တို့ကို နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တာပါ။ ဆက်လက်ပြီး ဂွါဒီယိုလာက မန်စီးတီး နောက်ခံလူသစ် မာ့ခ် ဂူဟီနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂူဟီဟာ အခုတစ်ပတ် ဝုဗ်နဲ့ ပရီးမီးယားလိဂ်မှာ အသင်း အတွက် ပွဲဦးထွက် ကစားရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


