ဇန်နဝါရီ ၂၅ ရက်နေ့ ညနေပိုင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုနှင့် ယာအို ဖီးလစ် တို့ကတော့ လာမယ့် နွေရာသီမှာ မန်ချက်စတာစီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ပေါ်တူဂီ အသင်းဖော် ဘာနာဒို ဆေးလ်ဗာကို ခေါ်ယူဖို့ အဲလ်နာဆာ အသင်းကို တိုက်တွန်းထားပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်ရဲ့ ကွင်းလယ်လူကို ဘာစီလိုနာ ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ပီအက်စ်ဂျီနဲ့ စာချုပ်ကိစ္စ အဆင်မပြေ ဖြစ်နေတဲ့ အူစမန်နီ ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့ကို ပယ်ချခဲ့ပါတယ်။ ဘယ်လွန်ဒေါဆုရှင် ကတော့ ပဲရစ်စိန့်ဂျာမိန်းကို လုပ်ခလစာ ယူရို ၆ သန်း အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လီဂူးဝမ်း ထိပ်သီး တို့ဟာ ကီလီယန် အမ်ဘာပေး နောက်ပိုင်း ဘယ်ကစားသမားကိုမှာ အဲဒီလောက်အထိ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးချေခြင်း မရှိတော့ပါဘူး။ ဒမ်ဘီလီသည် လက်ရှိမှာ တစ်လ လုပ်ခလစာ ယူရို ၁.၅ သန်း ရရှိနေပါတယ်။
ရောဘတ် လီဝမ်ဒေါစကီး အနေနဲ့ ဒီနွေရာသီ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ မေဂျာလိဂ် တစ်ခုဆီ ပြောင်းရွှေ့ဖွယ် ရှိနေသေးကြောင်း သိရပါတယ်။ ဆော်ဒီပရိုလိဂ် အင်အားကြီး ကလပ်တွေ ကတော့ ပိုလန်သားကို ခေါ်ယူရေး မျှော်လင့်ချက်ကို မစွန့်လွှတ်သေးကြောင်း သိရပါတယ်။
ပီအက်စ်ဂျီ ကြယ်ပွင့် ကွင်းလယ်ကစားသမား ဗစ်တင်ညာ ကတော့ လာမယ့် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။ လာလီဂါ ကလပ်ဟာ အစောပိုင်းက ရိုဒရီကို ခေါ်ယူချင်ခဲ့ပေမယ့် လက်ရှိ မှာတော့ ပေါ်တူဂီ ကြယ်ပွင့် ကိုသာ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ သီယာဂို အဲလ်မာဒါ အတွက် ဂါလာတာဆာရေး ဆီကနေ ယူရို ၃ သန်းတန် အငှား စာချုပ်နဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။
ဖရန်ကို မက်စတန်တူအိုနို ကတော့ ရီးရဲလ်မက်ဒရစ်မှာ နီကို ပက်ဇ်နဲ့ ပွဲထွက်ခွင့် အတွက် ယှဉ်ပြိုင်ရမယ့် စိန်ခေါ်မှုကို ကြိုဆိုခဲ့ပါတယ်။ ကိုမိုရဲ့ ကွင်းလယ် ဖန်တီးရှင်ဟာ လာမယ့် နွေရာသီမှာ စပိန် ထိပ်သီး ကလပ်ဆီ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး အန်တွန် ဂရစ်ဇ်မန်း ကတော့ လေ့ကျင့်ခန်း အစီအစဉ် အတွင်း ပေါင်ခြံ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲတော့မယ့် ကက်စ်မဲရိုး ကတော့ မေဂျာလိဂ် ကလပ်တွေနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ချဲလ်ဆီး နည်းပြ လီယမ် ရိုစီနီယာ ကတော့ အသင်းရဲ့ ကြယ်ပွင့် ကိုးလ် ပါးမားက အနာဂတ် အသင်းရဲ့ စီမံကိန်း အတွက် အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ သူတို့ အသင်းက အကောင်းဆုံး အသင်း တစ်သင်း မဟုတ်သေးကြောင်း ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲဗာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ပြသထားပါတယ်။
ဘာစီလိုနာဟာ တောင်ပံ ကစားသမား ရာဖင်ညာကို ယူရို သန်း ၁၂၀ ရပါက ရောင်းချသွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


