နာပိုလီက အခုတစ်ပတ် စီးရီးအေမှာ ဂျူဗင်တပ်စ်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယား ထိပ်ဆုံးက အင်တာမီလန်နဲ့ ၉ မှတ် အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ အန်တိုနီယို ကွန်တီ ကမူ သူ့ရဲ့ အသင်း ချန်ပီယံ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး အလေးအနက် ဆွေးနွေးလိုခြင်းတော့ မရှိပါဘူး။
အလိုင်းရန့်ဇ် အရီနာမှာ ကစားခဲ့တဲ့ ညကပွဲမှာ ဂျူဗင်တပ်စ်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နာပိုလီ အနေနဲ့ ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းနိုင်မယ့် ရည်မှန်းချက် အကြောင်း မေးမြန်းခြင်းမှာ အဓိပ္ပာယ် မရှိတဲ့ ကိစ္စသာ ဖြစ်ကြောင်း ကွန်တီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ကွန်တီ အနေနဲ့ တချိန်က သူကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းဟောင်းရဲ့ ကွင်းကို ပြန်လာချိန်မှာ စိတ်ပျက်စရာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂျူဗင်တပ်စ် အတွက် ဂိုးတွေ ကိုတော့ ဂျိုနသန် ဒေးဗစ်၊ ကီနန် ယီလ်ဒစ်နဲ့ ဖိလစ် ကော့စ်တစ် တို့က သွင်းယူပေးခဲ့ပြီး နာပိုလီကို ကျိုးကြေစေခဲ့တာ ဖြစ်ပါတယ်။ ဒီရှုံးပွဲဟာ ကွန်တီ လက်အောက် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအစမှာ ဟယ်လပ်စ် ဗီရိုနာနဲ့ အတ္တလန္တာ တို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် တတိယမြောက် ၃ ဂိုးပြတ် ရှုံးနိမ့်မှုလည်း ဖြစ်လာခဲ့ပါတယ်။
ပြိုင်ပွဲစုံမှာ ၅ ပွဲနိုင်၊ ၄ ပွဲ သရေနဲ့ ရလဒ်ကောင်းခဲ့ပြီးနောက် ဒီဇင်ဘာ ၁၄ ရက် နောက်ပိုင်း ပထမဆုံး ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ကာ ဒီရှုံးနိမ့်မှုဟာ နာပိုလီ အတွက် အထိနာဆုံး ဖြစ်ပါတယ်။ နေပဲလ် ကလပ်က လက်ရှိ ဇယားထိပ်မှ အင်တာမီလန်နဲ့ ၉ မှတ် ကွာဟသွားပြီး အဆင့် ၄ နေရာ ကိုလည်း ဆင်းခဲ့ရပါတယ်။ Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ နာပိုလီရဲ့ စီးရီးအေ ချန်ပီယံ ဖြစ်နိုင်ခြေက ၄.၃ ရာခိုင်နှုန်း သာ ရှိပါတယ်။ အင်တာမီလန်က ၇၈.၆ ရာခိုင်နှုန်းနဲ့ အေစီမီလန် ကတော့ ၁၂.၈ ရာခိုင်နှုန်းနဲ့ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

ပွဲအပြီးမှာ အန်တိုနီယို ကွန်တီက “ဒီအချိန်မှာ အဲဒီမေးခွန်းကို မေးတာက တကယ်ကို အဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော်တို့ လှေပေါ်က ဆင်းမှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ လိဂ်ပွဲစဉ် ၁၆ ပွဲ ကျန်သေးသလို တခြားသော ရည်မှန်းချက်တွေလည်း အများကြီး ရှိနေသေးလို့ပါ။ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကွန်ဖရင့်လိဂ် စတာတွေ အတွက် အကောင်းဆုံး စိတ်ဓာတ်နဲ့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကစားသမားတွေဟာ အရာရာကို ပုံအော ပေးဆပ်နေကြပါတယ်။ ၃ ရက် တစ်ပွဲ ကစားနေရလို့ ဒဏ်ရာရနိုင်ခြေ ရှိတဲ့ ကြားက သူတို့ ဘယ်လောက်အထိ ခံနိုင်ရည်ရှိရှိ ကစားနေသလဲ ဆိုတာ ကျွန်တော် မြင်နိုင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
နာပိုလီတို့ ဂိုးပြတ် ရှုံးခဲ့ပေမယ့် ဒီပွဲ အတွက် အကောင်းမြင်စရာ တစ်ခုက ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး ရိုမယ်လူ လူကာကူ ၇၉ မိနစ်မှာ လူစားဝင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ လူကာကူ အနေနဲ့ ဒီရာသီမှာ ပထမဦးဆုံး ပါဝင်ကစားခွင့်ရခဲ့ခြင်း ဖြစ်ပြီး သူပြန်လည် ပါဝင်လာပေမယ့် ရလဒ် ကိုတော့ မပြောင်းလဲနိုင်ခဲ့ပဲ နာပိုလီတို့ အဝေးကွင်း ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပါတယ်။
ဒီပွဲက ဂိုးအရေအတွက် ကွာခြားခဲ့ပေမယ့်လည်း ခြေစွမ်းပိုင်း ကတော့ သိပ်ပြီး ကွာဟမှု မရှိခဲ့ပါဘူး။ ဒီပွဲမှာ ဂျူဗီက အဆုံးသတ် ပိုမို ကောင်းမွန်ခဲ့တာကြောင့် ၃ ဂိုးပြတ်ခဲ့တာ ဖြစ်ပြီး အချက်အလက်တွေအရ ဂျူဗင်တပ်စ်ရဲ့ မျှော်မှန်းဂိုး (xG) က ၁.၄၉ ရှိပြီး နာပိုလီ ကတော့ ၀.၅၂ သာ ရှိခဲ့ပါတယ်။
ဆက်လက်ပြီး ကွန်တီက “၁-၀ ဖြစ်နေတုန်းက ပွဲက မျှတနေတုန်းပါပဲ။ ချေပဂိုး ရဖို့ အခွင့်အရေးလည်း ရှိခဲ့ပါတယ်။ ဒုတိယဂိုး ပေးလိုက်ရပြီးတဲ့နောက် မှာတော့ သူတို့ အတွက် Unlock ဖြစ်သွားပြီး တတိယဂိုးပါ ရသွားတာပါ။ သူတို့ကို ဂုဏ်ပြုသလို ကျွန်တော့် ကစားသမားတွေ ကိုလည်း ချီးကျူးပါတယ်။ သူတို့ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
နာပိုလီ ကတော့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ် လိဂ်အဆင့် နောက်ဆုံး ပွဲစဉ် အဖြစ် ကွန်တီရဲ့ အသင်းဟောင်း ချဲလ်ဆီးကို Stadio Diego Armando Maradona မှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။ နာပိုလီဟာ လက်ရှိ ချန်ပီယံလိဂ် လိဂ်အဆင့် အသင်းပေါင်း ၃၆ သင်း အနက် အဆင့် ၂၅ နေရာမှာ ရောက်ရှိနေတဲ့ အတွက် Play-off အဆင့်ကို တက်လှမ်းဖို့ နိုင်ပွဲ မဖြစ်မနေ ရယူဖို့ လိုအပ်နေပါတယ်။ နာပိုလီက လာမယ့် စီးရီးအေ ပွဲစဉ် မှာတော့ တန်းဆင်းဇုန်ထဲက ဖီအိုရင်တီးနားနဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


