ဇန်နဝါရီ ၂၇ ရက်နေ့ ညနေပိုင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
၁။ လစ်ဗာပူးလ်က ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်ကို ကြားဖြတ် ခေါ်ယူ
လစ်ဗာပူးလ် ကတော့ ခရစ္စတယ်ပဲလေ့စ် ကွင်းလယ်လူ အာဒမ် ဝှာတန် ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီအင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူဟာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ တို့နဲ့ ၅ နှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။
၂။ အော်စကာ ဘော့ဘ် ဖူလ်ဟမ်ကို ပြောင်းရွှေ့ရန် နီးစပ်
မန်ချက်စတာစီးတီး တောင်ပံကစားသမား အော်စကာ ဘော့ဘ် ကတော့ ဖူလ်ဟမ်ကို အပြီးသတ် ပြောင်းရွှေ့ဖို့ နှုတ်ကတိ ရရှိထားပြီး ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေး ကတော့ ပေါင် ၃၆ သန်း ဖြစ်ပြီး မန်စီးတီး ဘက်က နောက်ဆုံး အသေးစိတ် အချက်အလက်တွေ သဘောတူညီပြီးတာနဲ့ တရားဝင် ထုတ်ပြန်တော့မှာပါ။
၃။ အာဆင်နယ်က ဟူလီယန် အဲလ်ဗာရက်ဇ်ကို မျက်စိကျနေ

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ တိတ်တဆိတ် ဆွေးနွေးမှုတွေ စတင်နေပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူခဲ့တဲ့ ဗစ်တာ ယောကရက်စ်ရဲ့ ခြေစွမ်းပိုင်း ရုန်းကန်နေရမှုကြောင့် အာဆင်နယ်က အဲလ်ဗာရက်ဇ်နဲ့ အစားထိုးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
၄။ အီမီလီယာနို မာတီနက်ဇ် အတွက် အင်တာမီလန် အခြေအနေကောင်းနေ
အက်စတွန်ဗီလာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ယူနိုက်တက်နဲ့ အင်တာမီလန် တို့က စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ကို ပေးချေဖို့ အီတလီ ကလပ် အင်တာမီလန်က ထိပ်ဆုံး ကနေ ဦးဆောင်နေပါတယ်။
တခြားသော အပြောင်းအရွှေ့ သတင်းတိုများ
လစ်ဗာပူးလ်ဟာ အန်ဒီ ရောဘတ်ဆန်ကို စပါး အသင်းဆီ အငှားချဖို့ စဉ်းစားနေပါတယ်။ ဒါပေမယ့် ရိုးမားမှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ ကော့စတက်စ် ဆီမီကပ်စ်ကို ပြန်လည် ခေါ်ယူနိုင်မှသာ ဒီအပြောင်းအရွှေ့က ဖြစ်လာမှာပါ။
လစ်ဗာပူးလ် အသင်းဟာ အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ခ်ကို ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်း မကုန်မချင်း ရောင်းချဖို့ အစီအစဉ် မရှိဘဲ အနာဂတ် အစီအစဉ်တွေမှာ ဆက်လက် ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းနဲ့ ဘရာဇီး ကလပ် ဖလာမင်ဂို တို့ဟာ လူးကပ်စ် ပက်ကေးတား အတွက် ပေါင် ၃၆ သန်း ဝန်းကျင်နဲ့ အပြီးသတ် သဘောတူညီမှု ရရှိဖို့ နီးစပ်နေပါပြီ။
တော့တင်ဟမ်ဟော့စပါး နည်းပြ သောမတ်စ် ဖရန့်ခ်ဟာ ဘရန်ဖို့ဒ် နောက်ခံလူ နေသန် ကောလင်းကို ခေါ်ယူချင်နေပေမယ့် သူကိုယ်တိုင်ရဲ့ အနာဂတ် မရေမရာ ဖြစ်နေမှုက ဒီအပြောင်းအရွှေ့ အတွက် အဟန့်အတား ဖြစ်နေပါတယ်။
တူရကီကလပ် ဘက်ဆစ်တက်စ် ကတော့ စာချုပ်ပါ စည်းမျဉ်းအတိုင်း တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို အပြီးသတ် ခေါ်ယူခဲ့ပြီး အက်စတွန်ဗီလာထံ ပြန်လည် ရောင်းချမှာ ဖြစ်ပါတယ်။ ဘက်ဆစ်တက် အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီမှာ အေဘရာဟမ်ကို အငှားခေါ်ယူချိန်က အပြီးသတ် ခေါ်ယူခွင့် ရှိတဲ့ အချက် ပါဝင်ခဲ့ကာ လက်ရှိ မှာတော့ ပေါင် ၁၁.၂ သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဘက်ဆစ်တပ်စ်က ဗီလာ အသင်းဆီကို အေဘရာဟမ်ကို ပေါင် ၁၈ သန်းနဲ့ ပြန်လည် ရောင်းချဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


