နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ အတွက် သတိထားရတော့မယ့် အချက်ပေး ခေါင်းလောင်းသံများ

အမ်းမရိတ်စ်မှာ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက်က အနည်းငယ် ဝေဝါးသွားခဲ့ပါတယ်။ ဒီတော့ အာဆင်နယ် အနေနဲ့ သူတို့ အတွက် နှစ်ပေါင်း များစွာ စောင့်ဆိုင်းနေခဲ့ရတဲ့ ပရီးမီးယားလိဂ် ဖလား ရရှိဖို့ ဘယ်လို ပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်နေသလဲ ဆိုတာကို အသေးစိတ် သုံးသပ်ကြည့်ကြပါမယ်။

 

၁။ လက်ရှိ အခြေအနေ

အာဆင်နယ်က လက်ရှိမှာ ၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပြီး အဲဒီ ၃ ပွဲ မှာလည်း ကစားသမားတွေက Open Play ကနေ ဂိုး မသွင်းနိုင်သေးပါဘူး။ ဇယားထိပ်မှာ ၇ မှတ် အထိ ဖြတ်ထားနိုင်ခဲ့ပေမယ့် အခုတော့ နောက်ကလိုက်နေတဲ့ အသင်းတွေနဲ့ ၄ မှတ်သာ ကွာဟပါတော့တယ်။ မကြာသေးခင်ကမှ ၅ ပွဲ ဆက်တိုက် အနိုင်ရထားတဲ့ အရှိန်အဟုန်ဟာ အခုတော့ ပျောက်ကွယ်သွားပြီး စိုးရိမ်စိတ်တွေ ဝင်လာနေပါပြီ။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ဖလားနဲ့ ဝေးကွာနေတာ ၂၁ နှစ် ရှိပြီ ဖြစ်သလို၊ ပြီးခဲ့တဲ့ ၃ ရာသီ မှာလည်း ဆုဖလားနဲ့ လက်တစ်ကမ်း အကွာ ရောက်ပြီးမှ လွဲချော်ခဲ့ရပါတယ်။ ဒါကြောင့် ပရိသတ်တွေ အကြားမှာ “အခုမှ မရရင် ဘယ်တော့မှ မရတော့ဘူးလား” ဆိုတဲ့ အတွေးမျိုးတွေ ဝင်လာနေတာပါ။

 

၂။ ကစားသမားတွေရဲ့ ဖိအားနဲ့ အမှားအယွင်းများ

ပရိသတ်တွေရဲ့ စိုးရိမ်စိတ်က ကစားသမားတွေဆီကို ကူးစက်သွားပုံရပါတယ်။ ယူနိုက်တက်နဲ့ ပွဲမှာ လီဆန်ဒရို မာတီနက်ဇ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ၁-၀ နဲ့ ဦးဆောင်နေချိန်မှာ အာဆင်နယ်ဟာ ပွဲကို အပြတ်မဖြတ်နိုင်ပဲ တွန့်ဆုတ်နေခဲ့ပါတယ်။ အမြဲတမ်း ယုံကြည်စိတ်ချရတဲ့ ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီရဲ့ ပေါ့ဆတဲ့ ပေးပို့မှု ကနေ ယူနိုက်တက် ချေပဂိုး စရသွားခဲ့တာက ကစားသမားတွေ အပေါ်မှာ ဖိအားတွေ ဘယ်လောက် အထိ သက်ရောက်နေသလဲ ဆိုတာကို ပြနေသလိုပါပဲ။

ကိန်းဂဏန်းတွေအရ ကြည့်မယ် ဆိုရင်လည်း အာဆင်နယ်က ရာသီအစ ၁၈ ပွဲမှာ တစ်ပွဲကို ပြိုင်ဘက်ရဲ့ ဂိုးပေါက် ကန်ခွင့် ပျမ်းမျှ ၀.၄ ကြိမ်သာ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံး ၅ ပွဲ မှာတော့ တစ်ပွဲကို အမှား ပျမ်းမျှ ၁.၆ ကြိမ်အထိ မြင့်တက်လာပြီး ဂိုးပေးရတဲ့ အထိ အမှားမျိုးက တစ်ပွဲကို ၀.၄ ကြိမ် အထိ ရှိလာပါတယ်။ ဒါဟာ စိတ်လှုပ်ရှားမှုကြောင့် သာမက ပွဲပန်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နည်းပြ မီခဲလ် အာတေးတား အနေနဲ့ လူအင်အားတောင့်တင်းအောင် လုပ်ဆောင်ထားပေမယ့် သူ့ရဲ့ အကြိုက်ဆုံး ကစားသမား တချို့ ကိုပဲ ဆက်တိုက် သုံးနေတာကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်ပေါ်နေပုံရပါတယ်။

 

၃။ တိုက်စစ်ပိုင်း ရုန်းကန်နေရမှု

Opta စူပါကွန်ပြူတာရဲ့ တွက်ချက်မှုအရလည်း အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ၈၁.၇ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ အာဆင်နယ်

ဇန်နဝါရီလအတွင်း ကစားခဲ့တဲ့ လိဂ် ၄ ပွဲမှာ အာဆင်နယ်ရဲ့ Open Play ကနေ ဂိုးရနိုင်ခြေ (Open-play xG) ဟာ ၀.၅၇ သာ ရှိပါတယ်။ ဒါဟာ ဘန်လေ၊ ဝုဗ်၊ အဲဗာတန်နဲ့ နော့တင်ဟမ်ဖောရက်စ် တို့ထက်ပဲ သာတဲ့ အခြေအနေပါ။ အာဆင်နယ်ဟာ Set-pieces (ပြစ်ဒဏ်ဘော/ထောင့်ကန်ဘော) တွေကို အရမ်း အားကိုးနေရပြီး တိုက်စစ် ကစားသမားတွေ ခြေစွမ်းကျဆင်းနေတာက စိုးရိမ်စရာ ဖြစ်ပါတယ်။ အချက်အလက်တွေ အရ ဆိုရင်တော့ ဘူကာယို ဆာကာဟာ ၁၃ ပွဲ ဆက် ဂိုးမသွင်းနိုင်သလို မာတင်နယ်လီ ကလည်း ၁၇ ပွဲမှာ ဂိုး/ဂိုးဖန်တီးမှု ၁ ကြိမ်သာ ရှိထားပါတယ်။ ဒါ့အပြင် ဗစ်တာ ယောကရက်စ်က နောက်ဆုံး ၁၁ ပွဲမှာ ပင်နယ်တီ ၁ ဂိုးသာ သွင်းနိုင်ခဲ့ပြီး မာတင် အိုဒီဂတ် ကတော့ တစ်ရာသီလုံးမှာ ၁ ဂိုးသာ သွင်းထားနိုင်ပါတယ်။ ဒါ့အပြင် Own Goal ၄ ဂိုး အထိ ရရှိထားပြီး ဒါဟာ တိုက်စစ်ပိုင်းရဲ့ အားနည်းချက်ကို မီးမောင်းထိုးပြနေသလိုပါပဲ။

 

၄။ ခံစစ် စံချိန် ကျိုးပျက်သွားခြင်း

ဒီရာသီမှာ အာဆင်နယ်ဟာ ၂၀၀၄-၀၅ ရာသီက ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း ၁၅ ဂိုးသာ ပေးရတဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ယူနိုက်တက်နဲ့ ပွဲမှာ ၃ ဂိုး ပေးလိုက်ရတဲ့ အတွက် စုစုပေါင်း ၁၇ ဂိုး ဖြစ်သွားပြီး စံချိန်ချိုးဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါဟာ ၂၀၂၃ ဒီဇင်ဘာ နောက်ပိုင်း အာဆင်နယ် ပထမဆုံး အကြိမ် ၃ ဂိုး ပေးခဲ့ရတာ ဖြစ်ပြီး ခံစစ်ပိုင်း ယိုင်နဲ့လာတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တစ်ဖက်မှာတော့ အကောင်းမြင်စရာ အချက်တွေ ရှိနေပါသေးတယ်။ လက်ရှိမှာ အခြေအနေ ဆိုးရွားနေတယ်လို့ သတ်မှတ်နိုင်ပေမယ့် အာဆင်နယ် အတွက် အားတက်စရာတွေ ရှိနေပါသေးတယ်။

ယူနိုက်တက် သွင်းယူခဲ့တဲ့ ဂိုးတွေက ဂိုးရနိုင်ခြေ (xG) အရမ်းနည်းပေမယ့် ကမ္ဘာ့အဆင့် ကန်ချက်တွေကြောင့် ဂိုးဝင်သွားတာ ဖြစ်ပါတယ်။ xG အရဆိုရင် အာဆင်နယ်က ပွဲကို နိုင်ခဲ့သင့်ပါတယ်။ နောက်ပြီး အင်တာမီလန်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တာက အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်ကောင်းကို ပြသနေပြီး ချန်ပီယံလိဂ်မှာ အဆင့် (၁) နဲ့ ရှုံးထွက် တက်ဖို့ သေချာနေတဲ့ တစ်သင်းတည်းသော အသင်း ဖြစ်ပါတယ်။ Opta စူပါကွန်ပြူတာရဲ့ တွက်ချက်မှုအရလည်း အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ၈၁.၇ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေဆဲ ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင်တော့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတုန်းကလည်း အခုလို အခက်အခဲလေးတွေ ကြုံခဲ့ရပေမယ့် ပြန်လည် နိုးထလာနိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာလည်း သူတို့ရဲ့ ဆုဖလား အိပ်မက် အတွက် ဒီလိုကျရှုံးမှုတွေ ကနေ အလျင်အမြန် ပြန်လည် နိုးထလာနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရင်း…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်