ဇန်နဝါရီ ၂၈ ရက်နေ့ ညနေခင်းအချိန်ထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။
မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း အတွက် သူ့ရဲ့ ကစားသမားဘဝမှာ ကျန်ရှိနေသေးတဲ့ တစ်ခုတည်းသော အိပ်မက် ကတော့ ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့ပဲ ဖြစ်ပါတယ်။ လာလီဂါ ထိပ်သီး ဘာစီလိုနာ ကလည်း စိတ်ဝင်စားနေပေမယ့် နော်ဝေ တိုက်စစ်မှူး ကတော့ မန်စီးတီး ကနေ ထွက်ခွာဖြစ်ခဲ့ရင် ဘာနေဗျူးကိုပဲ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။
ဗင်နီးစီးယပ်စ် ဂျူနီယာက သူ့ရဲ့ စာချုပ်ကိစ္စကို လာမယ့် ဧပြီလမတိုင်ခင် အပြတ်အသတ် မဖြေရှင်းပေးနိုင်ဘူး ဆိုရင် ဒီရာသီအကုန်မှာပဲ အသင်း ကနေ ထွက်ခွာတော့မယ်လို့ ရီးရဲလ်မက်ဒရစ်ကို သတိပေးထားပါတယ်။ အကယ်၍ ဗင်နီးစီးယပ်စ်သာ ထွက်ခွာ ဖြစ်ခဲ့ရင် ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ်နဲ့ အလဲအထပ် ပြုလုပ်နိုင်ခြေ ရှိနေပါတယ်။ အန်ဇိုရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ယူရို ၁၃၀ သန်း ဝန်းကျင် ရှိပြီး ဗင်နီစီးယပ်စ်ရဲ့ တန်ကြေး ကလည်း အဲ့ဒီ ပမာဏလောက်ပဲ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။
ဘာစီလိုနာ ကတော့ အေစီမီလန်ကို ကျော်ဖြတ်ပြီး ဂန့်ခ် အသင်းရဲ့ အသက် ၁၈ နှစ် အရွယ် နောက်ခံလူ အွန်စတိန်း ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပါတယ်။ လက်ရှိမှာ ကစားသမားက လာလီဂါ ကလပ်နဲ့ ဆေးစစ်မှုလည်း အောင်မြင်ပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း အေစီမီလန်က လက်မလျှော့ဘဲ ဘာစီလိုနာမှာ စမ်းသပ် ကစားခဲ့ဖူးတဲ့ ဆီနီဂေါ ဗဟို နောက်ခံလူ မာလစ်ခ် ဆစ်ဆေး ကိုတော့ ဘာစီလိုနာလက်ထဲ ကနေ ပြန်လည် လုယူနိုင်ခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အတွက် မက်မောစရာ ကမ်းလှမ်းမှုတစ်ခု လုပ်ထားပါတယ်။ အဲ့ဒါကတော့ တိုက်စစ်မှူး ဂွန်ကာလို ရာမို့စ်နဲ့ လီကန်အင် နှစ်ယောက်စလုံးကို အက်တလက်တီကိုမက်ဒရစ်ဆီ စေလွှတ်မယ့် အပြင် ယူရို ၅၀ သန်းပါ ထပ်ဆောင်းပေးမယ့် အလဲအထပ် အစီအစဉ် ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်မှာ ဘင်ဖီကာနဲ့ တွေ့ဆုံမယ့်ပွဲစဉ်ကို အခွင့်ကောင်းယူပြီး ဘင်ဖီကာရဲ့ ဗဟိုနောက်ခံလူ နှစ်ဦး ဖြစ်တဲ့ အန်တိုနီယို ဆေးလ်ဗားနဲ့ တိုမတ်စ် အာရူဟို တို့ကို ခေါ်ယူဖို့ ဆွေးနွေးမယ်လို့ သိရပါတယ်။
ဒီသတင်းတွေအရဆိုရင် ရီးရဲလ်မက်ဒရစ်ဟာ အခု အပြောင်းအရွှေ့ ဈေးကွက်မှာ အလုပ်အရှုပ်ဆုံး ဖြစ်နေပြီး အန်ဇို ဖာနန်ဒက်ဇ်နဲ့ ဗင်နီးစီးယပ်စ် တို့ရဲ့ အလဲထပ်ကတော့ အမှန်တကယ် ဖြစ်လာရင် တော်တော်လေး ဂယက်ရိုက်မယ့် ကိစ္စပဲ ဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါး နည်းပြ သောမတ်စ်ဖရန့်ခ်က မနေ့က ကားမတော်တဆ ဖြစ်ခဲ့တဲ့ ရန်းဒဲလ် ကိုလိုမူအာနီနဲ့ အော်ဒိုဘတ်တို့ နှစ်ဦးစလုံး ဒဏ်ရာ မရရှိခဲ့ဘဲ အကောင်းပကတိ အတိုင်း ရှိတယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ မူအာနီနဲ့ အော်ဒိုဘတ် တို့ဟာ ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ် သွားရောက် ယှဉ်ပြိုင်ဖို့ အတွက် လေဆိပ်ကို ကားတစ်စီးစီနဲ့ ထွက်ခွာလာရာမှာ ရှေ့ကမောင်းတဲ့ မူအာနီရဲ့ ကား ရှေ့ဘီးပေါက်ပြီး မတော်တဆဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
၂၀၂၆ ဘယ်လွန်ဒေါဆုကို ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ရရှိလိမ့်မယ်လို့ အာဆင်နယ်နဲ့ ပြင်သစ် နောက်ခံလူဟောင်း ဘာကရီ ဆက်ဂ်ညာက ခန့်မှန်းခဲ့ပါတယ်။ အမ်ဘာပေးဟာ ဘယ်လွန်ဒေါဆု အတွက် အကောင်းဆုံး ရပ်တည်မှု အဖြစ် ၂၀၂၁ ခုနှစ်က တတိယနေရာ ရရှိခဲ့ပြီး ၂၀၂၅ မှာတော့ အဆင့် ၇ နေရာသာ ရရှိခဲ့ပါတယ်။ အမ်ဘာပေးဟာ ဆယ်ကျော်သက်ဘဝက ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းနဲ့ အတူ ဗိုလ်စွဲခဲ့ပေမဲ့ ပြည်တွင်း ရလဒ်မကောင်းလို့ ဘယ်လွန်ဒေါမှာ စတုတ္ထနေရာသာ ရရှိခဲ့ပါတယ်။ အမ်ဘာပေးဟာ ၂၀၂၆ ဆုအတွက် ဟာလန်း၊ ဟယ်ရီကိန်း၊ ယာမယ် တို့နဲ့ အပြိုင်လုရဖွယ် ရှိနေပါတယ်။ ၂၀၂၅ ဘယ်လွန်ဒေါဆု ကိုတော့ ပြင်သစ် တိုက်စစ်မှူး အူစမန်နီ ဒမ်ဘီလီက ဆွတ်ခူးခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


