နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အစ်ကီတီကေး၊ ဗစ်ဇ် တို့ရဲ့ တောက်ပမှုနဲ့ ငှက်ကြားတွေကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ကြိုးကြာနီများ | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် ကတော့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နယူးကာဆယ်ကို အန်ဖီးလ်မှာ ၄-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ကြိုးကြာနီတွေဟာ ၂၀၂၆ ခုနှစ်ရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် နိုင်ပွဲကို ပုံစံကောင်း တစ်ခုနဲ့ အတူ ပြန်လည် အရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လစ်ဗာပူးလ်က ဒီပွဲ မတိုင်ခင် ပရီးမီးယားလိဂ် ၅ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပြီး ဒါဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း သူတို့ရဲ့ အဆိုးရွားဆုံး အခြေအနေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ အာနေး ဆလော့တ်ရဲ့ အသင်းက ဒီနေ့ပွဲ မှာတော့ ဟူဂို အစ်ကီတီကေးနဲ့ ဖလော်ရီယန် ဗစ်ဇ် တို့ရဲ့ တောက်ပတဲ့ ခြေစွမ်းတွေကြောင့် အားရစရာ နိုင်ပွဲ တစ်ပွဲ အဖြစ် ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲအစပိုင်းမှာ နယူးကာဆယ် တိုက်စစ် ကစားသမား ဟာဗေး ဘန်းစ်ရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့ပြီးနောက် ပွဲချိန် ၃၆ မိနစ် မှာတော့ အန်သိုနီ ဂေါ်ဒွန်က နယူးကာဆယ် အတွက် ဦးဆောင်ဂိုးကို လှလှပပ ကန်သွင်းသွားခဲ့ပါတယ်။ နယူးကာဆယ်တို့ ဂိုးရပြီး သိပ်မကြာခင်မှာပဲ ဗစ်ဇ်ရဲ့ ဖန်တီးပေးမှု ကနေ ဟူဂို အစ်ကီတီကေးက ချေပဂိုး သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက် ၂ မိနစ် အကြာမှာပဲ အစ်ကီတီကေးကပဲ တစ်ကိုယ်တော် ခြေစွမ်းနဲ့ လစ်ဗာပူးလ် အတွက် ဒုတိယဂိုးကို ထပ်မံ ရယူပေးခဲ့ပါတယ်။

ဒါဟာ ပရီးမီးယားလိဂ် ကစားသမား အားလုံးထဲမှာတော့ အများဆုံး ဖြစ်လာပါတယ်။
ပရီးမီးယားလိဂ် သွင်းဂိုး ၁၀ ဂိုး ပြည့်သွားခဲ့ပြီ ဖြစ်တဲ့ ဟူဂို အစ်ကီတီကေး

ဒုတိယပိုင်း မှာတော့ ကွင်းလယ် ဖန်တီးရှင် ဖလော်ရီယန် ဗစ်ဇ် ကိုယ်တိုင် ဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။ မိုဟာမက် ဆာလာ ပြန်ချပေးတဲ့ ဘောလုံးကို ဗစ်ဇ်က ပါးပါးနပ်နပ်နဲ့ အပိုင်ပိတ် သွင်းပြီး ၃-၁ ဖြစ်စေခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးဖန်တီးမှု ပြုလုပ်ခဲ့တဲ့ မိုဟာမက် ဆာလာဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အသင်း တစ်သင်းတည်း (နယူးကာဆယ်) ကို ဂိုး ၁၀ ဂိုး အထက် သွင်းယူပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ် အထက် ပြုလုပ်နိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ပွဲပြီးခါနီး မှာတော့ ဖခင် ကွယ်လွန်သွားခဲ့လို့ ပွဲနားနေခဲ့ရာ ကနေ ပြန်လည် ပါဝင်လာတဲ့ အီဘရာဟီမာ ကိုနာတေးက နယူးကာဆယ် ဂိုးသမား နစ်ခ် ပုပ်ရဲ့ အမှားကနေ တစ်ဆင့် စတုတ္ထမြောက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ကွာရာဘက်ကို ဂိုးဒါဇင်ဝက် သွင်းခဲ့တဲ့ လစ်ဗာပူးလ်က ဒီနေ့ပွဲမှာလည်း သူတို့ရဲ့ ဟန်ချက် ပြန်ညီလာတဲ့ တိုက်စစ် စွမ်းရည်ကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ အားရစရာ အခြေအနေ တစ်ခုက လစ်ဗာပူးလ်တို့ ဈေးကြီးပေး ခေါ်ယူထားရတဲ့ အိဆက်ခ်ကို အားကိုးလို့ မရချိန်မှာ ဟူဂို အစ်ကီတီကေးက အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖလော်ရီယန် ဗစ်ဇ် တစ်ယောက် နောက်ပိုင်း ပွဲတွေမှာ အသင်းနဲ့ အသားကျလာမှု ကလည်း ဆလော့တ် အတွက် အသက်ရှုချောင်လာစေခဲ့တာ ဖြစ်ပါတယ်။

 

ပွဲပြီးမှတ်တမ်းနဲ့ အချက်အလက်များ

အစ်ကီတီကေးနဲ့ ဗစ်ဇ်တို့ အတွဲအဖက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၆ ဂိုးအထိ အပြန်အလှန် ဖန်တီး သွင်းယူထားနိုင်ပြီး ဒါဟာ တခြား အတွဲအဖက်တွေထက် ပိုမိုများပြားနေတာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် အီကီတီကေးဟာ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀ ဂိုး ပြည့်သွားခဲ့ပြီ ဖြစ်ပြီး သူဟာ ၂၀၀၀-၂၀၀၁ ဘောလုံး ရာသီက မိုက်ကယ်အိုဝင် (အသက် ၂၁ နှစ်) နောက်ပိုင်း လစ်ဗာပူးလ် အတွက် ၁၀ ဂိုး အမြန်ဆုံး ပြည့်တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့မှာ လစ်ဗာပူးလ် အတွက် ပထမဆုံး ဂိုးပါဝင်ပတ်သက်မှု ပြုလုပ်နိုင်ခဲ့တဲ့ ဗစ်ဇ်က ပြိုင်ပွဲစုံမှာ ဂိုးပါဝင် ပတ်သက်မှု ၉ ကြိမ် (၆ ဂိုး သွင်း၊ ၃ ဂိုး ဖန်တီး) အထိ ရှိလာပြီ ဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် ကစားသမား အားလုံးထဲမှာတော့ အများဆုံး ဖြစ်လာပါတယ်။ ဗစ်ဇ် အနေနဲ့ သူ့ အတွက် အသုံးပြုခဲ့ရတဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ကြောင်း တဖြည်းဖြည်းနဲ့ သက်သေပြလာနိုင်ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်