နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရူဘင် အမော်ရင်နဲ့ ပတ်သက်ပြီး ယူနိုက်တက် ကြယ်ပွင့် တစ်ဦးရဲ့ ပွင့်လင်း ရိုးသားလွန်းတဲ့ ဝန်ခံချက်

မိုက်ကယ် ကာရစ်ခ်နဲ့ ရူဘင် အမော်ရင်တို့ အကြား နှိုင်းယှဉ်ပြီး ပြောဆိုလိုက်တဲ့ ဘင်ဂျမင် ဆက်စ်ကိုရဲ့ စကားတွေ ကတော့ အသင်းရဲ့ အနာဂတ် အတွက် စဉ်းစားစရာ မေးခွန်းထုတ်စရာတွေ ဖြစ်လာစေပါတယ်။ ဆက်စ်ကို ကတော့ ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်း အတွက် အဖိုးတန်‌ နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဆလိုဗေးနီးယား တိုက်စစ်မှူးက မိုက်ကယ် ကာရစ်ခ်ရဲ့ လက်ထက်မှာ ယူနိုက်တက်ရဲ့ စုပေါင်း ကြိုးစား အားထုတ်မှုတွေဟာ နည်းပြဟောင်း ရုဘင် အမော်ရင် လက်ထက်ကနဲ့ မတူပဲ လုံးဝကို ကွာခြားသွားတယ်လို့ ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ညက ပွဲမှာ အနိုင်ရခဲ့တာကြောင့် ကာရစ်ခ်ဟာ ယူနိုက်တက် နည်းပြဘဝ ပရီးမီးယားလိဂ် (၃) ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အမော်ရင် ၁၄ လတာ တာဝန်ယူစဉ် ကာလ အတွင်း ရရှိခဲ့တဲ့ အကောင်းဆုံး နိုင်ပွဲဆက်မှု မှတ်တမ်းနဲ့ တူညီသွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ဒီလို သိသိသာသာ ပြောင်းလဲလာမှုဟာ ကစားကွက်၊ နည်းစနစ်ပိုင်း ပြောင်းလဲမှုတွေနဲ့ အသင်း အတွင်း စိတ်ဓာတ် ကောင်းမွန်လာမှုကြောင့်လို့ ယူဆနေကြတာပါ။ ဒါပေမယ့်လည်း ဆက်စ်ကို ကတော့ ပိုပြီး ရိုးရှင်းတဲ့ “ကြိုးစား အားထုတ်မှု” ကြောင့်သာ ဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။

ကာရစ်ခ်ဟာ ကစားသမားတွေကို ယူနိုက်တက်မှာ ကစားရတာကို ပြန်လည် ပျော်ရွှင်အောင် တိုက်တွန်းနေတာလားလို့ Sky Sports က မေးမြန်းရာမှာ အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူးက “ဒါအမှန်ပါပဲ၊ သူ (ကာရစ်ခ်) က ဒီအချက်ကို အသင်းကို ခဏခဏ ပြောပါတယ်။ ကျွန်တော်တို့ အခုလုပ်နေတာလည်း အဲဒါပါပဲ။ ဒါပေမယ့် အဲဒါတစ်ခုတည်း မဟုတ်ပါဘူး။ ဘောလုံး မရှိတဲ့ အချိန်မှာ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်အထိ အပင်ပန်းခံ ကူညီကစားပေးကြတယ် ဆိုတာ ခင်ဗျားတို့ မြင်နိုင်ပါတယ်။ အဲဒါကပဲ နောက်ဆုံးမှာ ရလဒ်ကောင်းတွေ ရလာစေတာပါ။ အသင်းရဲ့ လုပ်အားနှုန်း ကတော့ အရင်နဲ့ လုံးဝကို ကွာခြားသွားပါပြီ။ လူတိုင်းက ကိုယ့်နေရာနဲ့ ကိုယ် အာရုံစိုက်ထားပြီး ကွက်လပ်တွေကို ဖြည့်ဆည်းပေးနိုင်ကြတယ်။ အဆုံးမှာတော့ အဲဒီအချက်ကပဲ အဓိကကျတာပါ။” လို့ ဆိုပါတယ်။

 

အနာဂတ် အတွက် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တဲ့ ဆက်စ်ကိုရဲ့ ပွင့်လင်းတဲ့ ဝန်ခံချက် 

ယူနိုက်တက်ရဲ့ လက်ရှိ ခြေစွမ်းတက်လာတာဟာ ဆက်စ်ကို ပြောသလို ‘လုပ်အားနှုန်း’ ကြောင့်သာ ဆိုရင် ဒါဟာ အမော်ရင်ရဲ့ ကစားသမားတွေကို စည်းရုံး လှုံ့ဆော်နိုင်စွမ်း မရှိတာကို ထောက်ပြ ပြစ်တင်လိုက်သလို ဖြစ်နေပါတယ်။ ပေါ်တူဂီသား နည်းပြဟာ ဇန်နဝါရီလ အစောပိုင်းမှာ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပြီး ကစားသမားတွေနဲ့ ပြဿနာဖြစ်တာထက် အသင်းရဲ့ အကြီးအကဲတွေနဲ့ အဆင်မပြေ ဖြစ်လို့ ထွက်ခွာခဲ့ရတာလို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အမော်ရင်ရဲ့ လက်ထက် နှောင်းပိုင်းမှာ ကစားသမားတွေက သူ့အပေါ် ယုံကြည်မှု လျော့နည်းလာတာ ကတော့ သိသာတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ အမော်ရင်ရဲ့ နောက်ဆုံးပွဲ ဖြစ်တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ပွဲမှာ လိဒ်စ် ကစားသမားတွေဟာ ယူနိုက်တက် ကစားသမားတွေထက် စုစုပေါင်း ၅ ကီလိုမီတာကျော် ပိုမိုအပြေးအလွှား ကစားခဲ့ကြပါတယ်။ 

ဒါပေမယ့် သူတို့က ဘောလုံး ပိုင်ဆိုင်မှု ၄၅ ရာခိုင်နှုန်းနဲ့ အထက် ရရှိတဲ့အခါ မှာတော့ ဒီရာသီ ပရီးမီးယားလိဂ် ၁၇ ပွဲမှာ ၄ ပွဲသာ အနိုင်ရရှိထားပါတယ်။
မိုက်ကယ် ကာရစ်ခ် လက်ထက်မှာ ရလဒ်တွေ တောက်လျောက် ကောင်းနေတဲ့ ယူနိုက်တက်

တစ်ဖက်မှာလည်း ဆက်စ်ကိုရဲ့ ပွင့်လင်းတဲ့ ပြောဆိုချက်က ယူနိုက်တက် ကစားသမားတွေ အပေါ် ဝေဖန်စရာ ဖြစ်လာစေပါတယ်။ အကယ်၍ ကစားသမားတွေဟာ သူတို့ရဲ့ ‘လုပ်အားနှုန်း’ ကို မြှင့်တင်လိုက်ရုံနဲ့ အသင်းကို ထိပ်ဆုံး ၄ သင်း စာရင်းဝင်အောင် လုပ်နိုင်စွမ်း ရှိနေတယ် ဆိုရင် ကာရစ်ခ်ရဲ့ နည်းလမ်း အသစ်တွေ အပေါ် စိတ်ဝင်စားမှု လျော့နည်းသွားနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။ ဒါကြောင့် ကစားသမားတွေ အနေနဲ့ ခြေစွမ်း ပြန်မကျသွားနိုင်ဘူးလား ဆိုပြီး မေးခွန်းထုတ်စရာ ရှိလာပြန်ပါတယ်။ 

ဒီအပေါ်မှာ ဆက်စ်ကို ကတော့ “ကျွန်တော် တို့ရဲ့ ရည်မှန်းချက်က ဒီအတိုင်း ဆက်သွားဖို့ပါ။ ကျွန်တော်တို့ လုပ်ရမယ့် အလုပ်ပေါ်မှာပဲ အာရုံစိုက်ချင်ပါတယ်။ အခုလိုပဲ ဆက်ပြီး ကြိုးစားသွားမယ်။ အခိုက်အတန့်တိုင်းမှာ အာရုံစူးစိုက်ထားမယ်။ ဒါတွေ အားလုံးကပဲ ရလဒ်ကောင်းတွေဆီကို ခေါ်ဆောင်သွားမှာပါ။” လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

 

ဖူလ်ဟမ်ကို အနိုင်ရပေမယ့် စိုးရိမ်စရာတွေ ရှိနေဆဲ 

ယူနိုက်တက်ဟာ ဖူလ်ဟမ်ကို အနိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာကို ပြန်ဝင်နိုင်ခဲ့ပေမယ့် စိုးရိမ်စရာ အချက် တချို့ ရှိနေပါသေးတယ်။ ဖူလ်ဟမ် နည်းပြ မာကို ဆေးလ်ဗားက “ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ယူပြီး ကစားနိုင်ခဲ့တယ်။ သူတို့ (ယူနိုက်တက်) က ကျွန်တော် တို့ကို အမြင့်ဘောတွေနဲ့ ဖိအားပေးချင်ပေမယ့် ကျွန်တော်တို့ အခွင့်အရေး မပေးခဲ့ပါဘူး။” လို့ ထောက်ပြခဲ့ပါတယ်။

တကယ်တော့ ပွဲမတိုင်ခင်က ယူနိုက်တက် အနေနဲ့ ခံစစ်ပိတ် ကစားမယ့် အသင်းကို ဘယ်လိုဖောက်ထွက်မလဲ ဆိုတာက အဓိက ဖြစ်ခဲ့ပေမယ့် တကယ်တမ်း မှာလည်း ဖူလ်ဟမ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ကစားသွားခဲ့တာပါ။ ကာရစ်ခ် ကတော့ ပွဲအပြီးမှာ “ဖူလ်ဟမ်က ဘယ်လောက် ကောင်းတဲ့ အသင်းလဲ ဆိုတာ ကျွန်တော် သိပါတယ်။ သူတို့ ခံစစ်ပိတ် ကစားမလား ဆိုတဲ့ မေးခွန်းတွေ ကျွန်တော့်ကို မေးကြပေမယ့် သူတို့ အဲဒီလို ကစားမှာ မဟုတ်ဘူး ဆိုတာ ကျွန်တော် ကြိုသိနေတယ်။” လို့ ပြောခဲ့ပါတယ်။ 

ဖူလ်ဟမ်ရဲ့ တိုက်စစ်ဆင် ကစားပုံကပဲ ယူနိုက်တက် အတွက် အခွင့်အရေး ဖြစ်သွားစေခဲ့တာပါ။ Opta ရဲ့ အချက်အလက်တွေအရ ယူနိုက်တက်ဟာ ၄၅ ရာခိုင်နှုန်းနဲ့ အောက်သာ ရှိတဲ့ ဘောလုံးပိုင်ဆိုင်မှုနဲ့ ပွဲစဉ် (၇) ပွဲ ဆက်တိုက် အနိုင်ရထားပါတယ်။ ဒါပေမယ့် သူတို့က ဘောလုံး ပိုင်ဆိုင်မှု ၄၅ ရာခိုင်နှုန်းနဲ့ အထက် ရရှိတဲ့အခါ မှာတော့ ဒီရာသီ ပရီးမီးယားလိဂ် ၁၇ ပွဲမှာ ၄ ပွဲသာ အနိုင်ရရှိထားပါတယ်။ 

တစ်ချိန်ချိန်မှာတော့ ကာရစ်ခ် အနေနဲ့ Low Block ပိတ်ကစားမယ့် အသင်းတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အဲဒီအခါမှာ ယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ထိုးဖောက် ကစားရတော့မှာပါ။ လာမယ့် စနေနေ့မှာ အိုးထရက်ဖို့ဒ်ကို လာရောက်မယ့် သောမတ်စ် ဖရန့်ခ်ရဲ့ စပါးဟာ ယူနိုက်တက်ကို အဲဒီ နည်းလမ်းနဲ့ စမ်းသပ်သွားဖွယ် ရှိနေပါတယ်။ အကျဉ်းချုပ် အနေနဲ့ ဆိုရင်တော့ ကာရစ်ခ်ရဲ့ ယူနိုက်တက်က တန်ပြန် တိုက်စစ်တွေ၊ တိုက်စစ် အကူးအပြောင်းတွေမှာ အားကောင်းတဲ့ အသင်း ဖြစ်ပေမယ့် ပွဲကို ဦးဆောင် ထိန်းချုပ်ကစားရတဲ့အခါ မှာတော့ အခက်တွေ့နေဆဲ ဖြစ်ကြောင်း သုံးသပ်ရင်း…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်