အင်တာမီလန်က ခရီမိုနိစ်ကို အနိုင်ရရှိပြီးနောက်မှာ သူတို့ အသင်းရဲ့ ရင့်ကျက်မှုဟာ ပိုမို တိုးတက်လာပြီ ဖြစ်ကြောင်း နည်းပြ ခရစ္စတီယန် ချီဗူးက ချီးကျူးစကားဆိုခဲ့ပါတယ်။ အခုတပတ် ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ အင်တာက ခရီမိုနိစ်ကို ၂-၀ နဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် အင်တာက စီးရီးအေ အမှတ်ပေးဇယား ဒုတိယနေရာက အသင်းကို ၈ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့သလို၊ လိဂ် ပွဲစဉ် ၁၁ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ မှတ်တမ်းကောင်း တစ်ခု ကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။
အင်တာမီလန် အတွက် ဂိုးတွေ ကိုတော့ ပထမပိုင်းမှာ လော်တာရို မာတီနက်ဇ်နဲ့ ပီယိုတာ ဇီလင်းစကီး တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အခုနှစ် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ အင်တာမီလန်က ဇယား အောက်ခြေက အသင်းတွေနဲ့ ကစားခဲ့တဲ့ ၁၂ ပွဲစလုံးကို အနိုင်ရရှိထားပြီး စုစုပေါင်း ၃၃ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။
အခုပွဲဟာ အင်တာမီလန် အတွက် ဒီရာသီ အဝေးကွင်း ၇ ပွဲမြောက် ပေးဂိုး မရှိတဲ့ ပွဲစဉ် ဖြစ်ခဲ့ပြီး ဒါဟာ ဥရောပ ထိပ်သီးလိဂ် ၅ ခုထဲမှာ အကောင်းဆုံး စံချိန်လည်း ဖြစ်ခဲ့ပါတယ်။ အင်တာမီလန်က ဂိုးပေါက် ကန်ချက် ၁၅ ကြိမ် ရရှိခဲ့ပြီး မျှော်မှန်းဂိုး (xG) ၁.၄ အထိ ရှိခဲ့ကာ ပွဲကို စိုးမိုးထားနိုင်ခဲ့ပါတယ်။
မာတီနက်ဇ်ဟာ အခုပွဲစဉ်မှာ အင်တာမီလန် အတွက် ဒီရာသီ စီးရီးအေ ၁၃ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အသင်း အတွင်း ဂိုးသွင်း အများဆုံး ဖြစ်နေရုံတင် မကဘဲ၊ ကလပ် အသင်း သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး စာရင်း မှာလည်း အဆင့်တွေ တက်လှမ်းနိုင်ခဲ့ပါတယ်။ သူဟာ အင်တာမီလန်ရဲ့ စီးရီးအေ သမိုင်းတလျှောက် ဂိုးသွင်း အများဆုံး စာရင်းမှာ စုစုပေါင်း ၁၂၈ ဂိုးနဲ့ အဲလ်တိုဘယ်လီရဲ့ စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီး စတုတ္ထမြောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ အင်တာမီလန် အတွက် စီးရီးအေမှာ မာတီနက်ဇ်ထက် ဂိုးပိုသွင်းထားနိုင်သူ ဆိုလို့ ဂျူဆက်ပီ မီယက်ဇာ ဘန်နီတို လော်ရန်ဇီ (၁၃၈ ဂိုး) နဲ့ စတက်ဖနို နိုင်းယားစ် (၁၃၃ ဂိုး) တို့ ၃ ဦးသာ ရှိပါတော့တယ်။
ပွဲပြီး Sky Sport Italia နဲ့ အင်တာဗျူးမှာ နည်းပြ ချီဗူးက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော့် အသင်းသားတွေဟာ ပွဲရဲ့ အခြေအနေကို နားလည်ပြီး ဘယ်လိုအချိန်မှာ ဘယ်လို ကစားရမလဲ ဆိုတဲ့ ရင့်ကျက်မှုကို ပြသနိုင်ခဲ့ကြပါတယ်။ ပွဲကို စိုးမိုးထားနိုင်ခဲ့ပေမယ့် ပြိုင်ဘက် ခံစစ် ကစားပုံကြောင့် ဘောလုံး လှည့်ပတ်ပုံ နည်းနည်း နှေးကွေးခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာတင် အဖွင့်ဂိုး ရခဲ့တာက ပွဲကို ပိုပြီး တည်ငြိမ်သွားစေပါတယ်။”
ဒီပွဲမှာ ဘရဲလား၊ ချာဟန်နိုဂလူ၊ ဒမ်းဖရီးစ်နဲ့ ကားလို့စ် အော်ဂတ်စတိုတို့ ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ အတွက် ဒေးဗစ် ဖရာတက်ဆီကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ ဖရာတက်ဆီဟာ ပွဲချိန် မိနစ် ၆၀ မှာ လူစားလဲခံခဲ့ရပြီး၊ သူ့ကို ပရီးမီးယားလိဂ် ကလပ် နော့တမ်ဟမ် ဖောရက်စ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဒါဟာ သူ့ရဲ့ နောက်ဆုံးပွဲ ဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း အင်တာမီလန်ရဲ့ အကြီးအကဲ ဘက်ပီ မာရော့တာ ကတော့ ဖရာတက်ဆီ ဘက်က အသင်းပြောင်းဖို့ တောင်းဆိုထားတာမျိုး မရှိဘူးလို့ အတည်ပြုထားပါတယ်။

ချီဗူးက ဖရာတက်ဆီနဲ့ ပတ်သက်ပြီး ဖြည့်စွက် ပြောကြားရာ မှာတော့ “ဖရာတက်ဆီက ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကစားသမားပါ။ လေ့ကျင့်ရေးကွင်းနဲ့ ပွဲစဉ်တွေမှာ သူ့ရဲ့ အရည်အချင်းကို ဆက်လက် သက်သေပြဖို့ လိုပါတယ်။ ရာသီကုန် အထိ အရေးကြီးတဲ့ ပွဲစဉ်တွေမှာ သူ့ရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော်တို့ လိုအပ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်