ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ် အပါအဝင် ဥရောပထိပ်သီး ကလပ်တွေ အတွက် ကစားသမားသစ် ရှာဖွေရတာဟာ တကယ့်ကို မလွယ်ကူတဲ့ အခြေအနေပါ။ ဘာကြောင့်လဲ ဆိုတော့ အသင်း အများစုဟာ ရာသီဝက်မှာ သူတို့ရဲ့ အမာခံ ကစားသမားတွေကို လက်လွှတ်ဖို့ ဝန်လေးတတ်ကြလို့ပါ။
ဒါပေမယ့်လည်း ဒီနှစ် ၂၀၂၆ ဇန်နဝါရီ အပြောင်းအရွှေ့ ကတော့ အရင်နှစ်တွေနဲ့ မတူပဲ တော်တော်လေး တိတ်ဆိတ်နေတာကိ သတိထားမိကြမှာပါ။ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးက အန်တိုနီယို ဆီမီညိုနဲ့ မာ့ခ် ဂူဟီ တို့ကို ခေါ်ယူခဲ့တာက လွဲရင် ကြီးမားတဲ့ အလှုပ်အခတ်တွေ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အပြောင်းအရွှေ့ နောက်ဆုံးရက် (Deadline Day) ရောက်လာချိန်မှာတော့ အချိန်မရွေး အံ့အားသင့်စရာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါသေးတယ်။
အပြောင်းအရွှေ့ပိတ်ခါနီးမှာ အသင်း ပြောင်းနိုင်ခြေရှိတဲ့ ထိပ်တန်း ကစားသမား ၅ ဦး ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ ဂျင်းန်-ဖိလစ် မက်တေးတား
ခရစ္စတယ်ပဲလေ့စ်ရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ မိုက်ကယ် အိုလီဆေး၊ အီဘာရီချိ အက်ဇေးနဲ့ အခု နောက်ဆုံး မာ့ခ် ဂူဟီ တို့ပါ အသင်းက ထွက်ခွာသွားကြပြီးနောက် မှာတော့ တိုက်စစ်မှူး မက်တေးတား ကလည်း သူ အသင်းပြောင်းချိန်တန်ပြီလို့ ယူဆနေပါတယ်။ ပဲလေ့စ်ဟာ လက်ရှိမှာ ရလဒ်တွေ ဆိုးရွားနေပြီး အသင်းရဲ့ ရှေ့ရေး ကလည်း မရေမရာ ဖြစ်နေပါတယ်။ နည်းပြ အိုလီဗာ ဂလက်စ်နာက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နော့တင်ဟမ်ဖောရက်စ်နဲ့ ပွဲမှာ မက်တေးတားကို လူစာရင်း ကနေ ချန်လှပ်ထားခဲ့တာကြောင့် သူဟာ အေစီမီလန်ကို ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေပါပြီ။ အေစီမီလန်ဟာ ဇလာတန် အီဘရာဟီမိုဗစ်ချ် အနားယူသွားပြီး ကတည်းက ဂိုးသွင်းသေချာတဲ့ နံပါတ် ၉ တိုက်စစ်မှူး တစ်ဦး မရှိသေးပါဘူး။ မက်တေးတားရဲ့ အပြောင်းအရွှေ့ တန်ကြေး ကတော့ ပေါင် ၂၆ သန်း ဝန်းကျင် ရှိနိုင်ပါတယ်။ ပဲလေ့စ် ကတော့ မက်တေးတားရဲ့ နေရာမှာ အစားထိုးဖို့ ဝုဗ် တိုက်စစ်မှူး ယော်ဂန် စထရန်း လာဆင်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
၂။ ဂျော်ရွှာ ဇစ်ခ်ဇီး
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဇစ်ခ်ဇီးဟာ နည်းပြသစ် မိုက်ကယ် ကာရစ်ခ် လက်ထက်မှာ ဒဏ်ရာကြောင့် တစ်ပွဲမှ မကစားရသေးပေမယ့် ဖူလ်ဟမ်နဲ့ ပွဲမှာတော့ လူစာရင်းထဲ ပြန်လည် ပါဝင်လာခဲ့ပါတယ်။ သူဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၄ ပွဲ ကစားပြီး ၂ ဂိုးသာ သွင်းထားနိုင်တာကြောင့် ယူနိုက်တက်ရဲ့ အားကိုးရမယ့် ဂိုးသွင်းစက် ဖြစ်လာဖို့တော့ ခဲယဉ်းနေပါတယ်။
သူ့ကို အီတလီ စီးရီးအေက နာပိုလီနဲ့ ရိုးမား အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် နာပိုလီမှာ လူကာကူ ဒဏ်ရာ ကနေ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်လို့ တိုက်စစ်မှူး အရေးပေါ် မလိုအပ်တော့ပါဘူး။ ဒါတောင်မှ ယူနိုက်တက်က ဇစ်ခ်ဇီးကို အသင်း ကနေ ထွက်ခွာခွင့်ပြုမလား ဆိုတာ နောက်ဆုံး အချိန်အထိ စောင့်ကြည့်ရမှာပါ။
၃။ ဂျွန် ဒူရန်

ကိုလံဘီယာ တိုက်စစ်မှူး ဂျွန် ဒူရန်ရဲ့ ကစားသမား ဘဝ ကတော့ တကယ့်ကို စိတ်ဝင်စားစရာပါ။ မနှစ်က ဆောင်းရာသီမှာ အက်စတွန်ဗီလာ ကနေ အဲလ်နာဆာ အသင်းဆီ ပေါင် ၇၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဆော်ဒီမှာ ၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ နွေရာသီမှာ ဖီနာဘာချီကို အငှားနဲ့ သွားကစားခဲ့ပေမယ့် တူရကီ မှာတော့ သူ ကံမကောင်းခဲ့ပါဘူး။ အခုအခါမှာတော့ သူ့ကို ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ နယူးကာဆယ်နဲ့ စပါး တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ အပြောင်းအရွှေ့ နောက်ဆုံး ရက်မှာ စပါး အသင်းက သူ့ကို အံ့အားသင့်ဖွယ် ခေါ်ယူသွားမလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
၄။ မူဆာ ဒီယာဘီ
အင်တာမီလန်ဟာ အပြောင်းအရွှေ့ နောက်ဆုံး ရက်မှာ အလုပ်အများဆုံး အသင်း ဖြစ်လာနိုင်ပါတယ်။ နည်းပြ ခရစ္စတီယန် ချီဗူးဟာ ကွင်းလယ်နဲ့ တိုက်စစ်မှူးသစ်တွေ ရှာဖွေနေပါတယ်။ မူဆာ ဒီယာဘီဟာ ဆော်ဒီ ကလပ် အဲလ်အစ်တီဟတ်မှာ ၂ နှစ်ကြာ ကစားခဲ့ပြီးနောက် ဥရောပကို ပြန်လာဖို့ ရှိနေပါတယ်။ အင်တာမီလန်ရဲ့ ၃-၅-၂ ကစားကွက်နဲ့ သူနဲ့ သိပ်မကိုက်ညီဘူးလို့ ထင်ရပေမယ့် အင်တာက သူ့ကို စိတ်ဝင်စားနေဆဲပါ။ ဒါ့အပြင် အပြောင်းအရွှေ့ နောက်ဆုံး အချိန်မှာ ကစားသမားသစ် ရှာတတ်တဲ့ စပါး ကလည်း ဒီယာဘီကို ကြားဖြတ် ခေါ်ယူသွားနိုင်ခြေ ရှိနေပါတယ်။
၅။ ဒေးဗစ် ဖရာတက်ဆီ
အင်တာမီလန် ကတော့ လစ်ဗာပူးလ် ကွင်းလယ်လူ ကာတစ် ဂျုံးစ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ အကယ်၍ ဂျုံးစ် ကိုသာ ခေါ်ယူနိုင်ခဲ့ရင်တော့ အင်တာဟာ သူတို့ရဲ့ ကွင်းလယ်လူ ဖရာတက်ဆီကို ထွက်ခွာခွင့် ပေးမှာပါ။ ဖရတ်တက်ဆီကို ခေါ်ယူဖို့ နော့တင်ဟမ်ဖောရက်စ်က အခြေခံ သဘောတူညီမှု ရရှိထားပြီးသား ဖြစ်ပါတယ်။ သူဟာ အင်တာမီလန် အတွက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာကို အနိုင်ဂိုးသွင်းပေးခဲ့သူ ဖြစ်ပေမယ့် ပုံမှန်ပွဲထွက်ခွင့် ရဖို့တော့ ရုန်းကန်နေရသူပါ။ သူ့ရဲ့ ထက်သန်တဲ့ ကစားဟန်ဟာ နည်းပြ ရှောင်ဒိုက်ချ်ရဲ့ ဖောရက်စ် အတွက် အများကြီး အထောက်အကူပြုနိုင်မှာ သေချာပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


