ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် ကတော့ ပြင်သစ် လူငယ် နောက်ခံလူ ဂျရယ်မီ ဂျက်ကတ်ကို ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဆောင်းရာသီ အပြောင်းအရွှေ့ နောက်ဆုံးရက် ဖြစ်တဲ့ တနင်္လာနေ့ ညနေပိုင်းမှာ ဒီအပြောက်အရွှေ့ကို အလျင်အမြန် အပြီးသတ်နိုင်ခဲ့တာ ဖြစ်ပေမယ့် နည်းပြ အာနေး ဆလော့တ် အနေနဲ့ ဒီပါရမီရှင် နောက်ခံလူကို နွေရာသီကျမှသာ စတင် အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။
ဂျက်ကတ်ဟာ ဒီဇန်နဝါရီလ အတွင်း ချဲလ်ဆီးရဲ့ အဓိက ပစ်မှတ် တစ်ခု ဖြစ်ခဲ့တာပါ။ ကစားသမားနဲ့ ချဲလ်ဆီးတို့ အကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း ရန်းစ် ဘက်ကတော့ ၂၀၂၃ ခုနှစ်မှာ မန်စီးတီး ဂျရမီ ဒိုကု အတွက် ပေးချေခဲ့တဲ့ ပေါင် ၅၆.၃ သန်းထက် ပိုတဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုပြီး တင်းခံနေခဲ့တာပါ။ ဒီအတွက် ညှိနှိုင်းမှုတွေ မပြေလည်ခဲ့တာကြောင့် လစ်ဗာပူးလ် အတွက် အနာဂတ်ကို ပြင်ဆင်ဖို့ အခွင့်အလမ်း ပွင့်သွားစေခဲ့တာ ဖြစ်ပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ လစ်ဗာပူးလ်ဟာ အသက် ၂၀ အရွယ် ဂျက်ကတ် အတွက် စုစုပေါင်း ပေါင်သန်း ၆၀ အထိ ပေးချေဖို့ သဘောတူခဲ့ပါတယ်။ ရန်းစ် အနေနဲ့ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်း ရရှိမှာ ဖြစ်ပြီး နောက်ထပ် ပေါင် ၅ သန်း ကိုတော့ အပိုဆုကြေး (add-ons) အဖြစ် ရရှိမှာပါ။ ဂျက်ကတ်ဟာ လစ်ဗာပူးလ်နဲ့ ၂၀၃၁ ခုနှစ် နွေရာသီ အထိ စာချုပ်ချုပ်ဆိုမှာ ဖြစ်ပါတယ်။
ဥရောပ ထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ အရပ်အမောင်း ကောင်းမွန်တဲ့ ပြင်သစ် ယူ-၂၁ လက်ရွေးစင် နောက်ခံလူကို ခေါ်ယူနိုင်တာဟာ ဂုဏ်ယူစရာ ဖြစ်ပေမယ့် ဒါဟာ လစ်ဗာပူးလ် အတွက် အနည်းငယ် နောက်ကျသွားပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
နွေရာသီက တွန့်ဆုတ်မှုကြောင့် လစ်ဗာပူးလ်တို့ ပေးဆပ်နေရတာလား

ရာသီကုန်ဆုံးသွားတဲ့အခါ လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု ကာကွယ်ရေး ရည်မှန်းချက် မအောင်မြင်ခဲ့တာက မာ့ခ် ဂူဟီနဲ့ အီဂေါ် ဂျူလီယို တို့ကြောင့်လို့ ပြောရမလို ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ခရစ္စတယ်ပဲလေ့စ်ဟာ ဘရာဇီးလ် နောက်ခံလူ အီဂေါ် ဂျူလီယို (ဒါမှမဟုတ် တခြား အစားထိုးနိုင်မယ့်သူ) ကို မခေါ်နိုင်ခဲ့တာကြောင့် ဂူဟီကို လစ်ဗာပူးလ်ဆီ ရောင်းချဖို့ သဘောတူညီမှုကို နောက်ဆုံး အချိန် ရောက်မှ ဖျက်သိမ်းခဲ့တာပါ။
အဲ့ဒီအချိန်တုန်းက ဂူဟီဟာ ဆေးစစ်မှု တချို့တောင် လုပ်ဆောင်ပြီး ဖြစ်သလို၊ အသင်းဘက်ကလည်း ဆိုရှယ်မီဒီယာမှာ ကြေညာဖို့ အတွက် အဆင်သင့်ဖြစ်နေချိန်မှ အပြောင်းအရွှေ့ ပျက်ပြားသွားခဲ့တာပါ။ တကယ်တော့ လစ်ဗာပူးလ် အနေနဲ့ ဒီထက်စောစောစီးစီး ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့ရင် အခြေအနေက အခုလောက်အထိ ဒရမ်မာဆန်မှာ မဟုတ်ပါဘူး။
ဂူဟီရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်သလို ပဲလေ့စ် ကလည်း ၎င်းတို့ရဲ့ အသင်းခေါင်းဆောင်ကို အလကား မဆုံးရှုံးစေဖို့ သင့်တော်တဲ့ ဈေးနှုန်းရရင် ရောင်းရမှာ ဖြစ်ကြောင်း ဝန်ခံထားတာကြောင့် လစ်ဗာပူးလ်က ဈေးဆစ်ခဲ့တာပါ။ အဲ့ဒီအချိန်မှာ သူတို့နဲ့ အပြိုင် ကမ်းလှမ်းသူလည်း မရှိခဲ့တာကြောင့် လစ်ဗာပူးလ်ဟာ ပေါင် ၃၅ သန်းနဲ့ပဲ တောင့်ခံနေခဲ့ပါတယ်။ အကယ်၍ လစ်ဗာပူးလ် ကသာ ကမ်းလှမ်းမှုကို စောစောစီးစီး မြှင့်တင်ခဲ့ရင် ပဲလေ့စ် ဘက်က သဘောတူမလားဆိုတာ မသေချာပေမယ့် ငွေကြေး လိုအပ်ချက် ရှိနေတဲ့ အသင်း ဖြစ်တာကြောင့် ဒီလို ဆွဲဆောင်မှု ရှိတဲ့ ကမ်းလှမ်းမှုမျိုး ကိုတော့ ငြင်းပယ်ဖို့ ခက်ခဲပါလိမ့်မယ်။
အလုပ်ပိနေတဲ့ လစ်ဗာပူးလ် ဗဟိုနောက်ခံလူများ
ဂူဟီကို မရခဲ့ပေမယ့် လစ်ဗာပူးလ်က ဒီနွေရာသီမှာ ပေါင်သန်း ၄၀၀ ကျော် အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ ဗဟိုနောက်ခံလူ နေရာ ကိုတော့ လုံလုံလောက်လောာက် အားဖြည့်ခဲ့ခြင်း မရှိပါဘူး။ အီဘရာဟီမာ ကိုနာတေး နဲ့ ဗာဂျယ် ဗန်ဒိုက်ခ် တို့ဟာ ပထမ ဦးစားပေး ကစားသမားတွေ ဖြစ်ပေမယ့် လူငယ်ကစားသမား ဂျီယိုဗာနီ လီယိုနီ ကတော့ ပွဲဦးထွက်မှာတင် ဒူးအရွတ် စုတ်ပြတ် ဒဏ်ရာ (ACL) ရသွားခဲ့ပါတယ်။ စီနီယာ အဆင့် အဖြစ် ကစားပေးနိုင်တဲ့ တစ်ဦးတည်းသော နောက်ခံလူ ဂျိုး ဂိုးမက်ဇ် ကလည်း ဒဏ်ရာ ပြဿနာတွေနဲ့ပဲ နပန်းလုံးနေရပါတယ်။
တစ်ခု ရှိတာက ဒီရာသီမှာ ကိုနာတေး အနေနဲ့ ရုန်းကန်နေရတာဟာ သဘာဝကျပါတယ်။ နည်းပြ ဆလော့တ်က ကိုနာတေးဟာ “ကွင်းထဲမှာ အမြဲ ရှိနေရလွန်းတယ်” လို့တောင် ပြောခဲ့ဖူးပါတယ်။ ဆိုလိုတာက သူဟာ အနားမရဘဲ အမြဲတမ်း ပွဲထွက်ကစားနေရတာပါ။ ကိုနာတေးရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ဟာ အသင်း ကနေ ခေတ္တ အနားယူပြီးမှ ပြန်လာချိန်တွေမှာ တွေ့ရတတ်တာက ဒါကို သက်သေပြနေပါတယ်။
အသက် ၃၄ နှစ် အရွယ် ဗန်ဒိုက်ခ်တောင်မှ ဒီရာသီမှာ ပွဲပေါင်း ၃၄ ပွဲအထိ ကစားထားရတာကြောင့် ပုံမှန် ခြေစွမ်းထက် အနည်းငယ် ကျဆင်းလာတာကို တွေ့ရပါတယ်။ အဓိက ကတော့ လစ်ဗာပူးလ်ရဲ့ ကစားသမား စုဖွဲ့မှု အင်အားနည်းတာက ဒီလို ပြင်းထန်တဲ့ ပွဲစဉ် ဇယားတွေ အောက်ကို ရောက်နေချိန်မှာ ကစားသမားတွေ အနေနဲ့ ရုန်းကန်နေရတာပဲ ဖြစ်ပါတယ်။
ဂျရယ်မီ ဂျက်ကတ်က လစ်ဗာပူးလ် အတွက် ဘာတွေ ယူဆောင်လာပေးမလဲ?
အသက် ၂၀ အရွယ်သာ ရှိသေးပြီး ထိပ်တန်းလိဂ် အတွေ့အကြုံ ၁၈ လသာ ရှိသေးတဲ့ ဂျက်ကတ်ဟာ ဂူဟီလောက်တော့ အတွေ့အကြုံ မရင့်ကျက်သေးပါဘူး။ ဒါဟာ အနာဂတ် အတွက် ရည်ရွယ်တဲ့ ခေါ်ယူမှု ဖြစ်ပါတယ်။ ဒါပေမယ့် ဂျက်ကတ်ရဲ့ လက်ရှိစွမ်းဆောင်ရည် ကလည်း အားရစရာ အပြည့်ပါပဲ။
လစ်ဗာပူးလ် လက်ရှိ ကြုံနေရတဲ့ အဓိက ပြဿနာက ဒဏ်ရာ ကိစ္စ ဖြစ်ပေမယ့် ဂျက်ကတ် ကတော့ အငှား ကစားခဲ့တဲ့ ကာလကတည်းက ပွဲပယ်ခံရတာက လွဲရင် ကျန်တဲ့အချိန်တွေမှာ ဒဏ်ရာ ကင်းကင်းနဲ့ အမြဲကစားနိုင်သူပါ။ သူဟာ နောက်တန်း ကနေ ဘောလုံးဆွဲထွက်ပြီး တိုက်စစ်ဆင်နိုင်တဲ့ ခေတ်သစ် နောက်ခံလူ အမျိုးအစား ဖြစ်ပါတယ်။ ခံစစ် ၃ ယောက်တန်းရဲ့ ညာဘက်မှာ ကစားလေ့ ရှိပြီး တက်ကြွစွာ ဖျက်ထုတ်တတ်သူပါ။ အရပ် ၆ ပေ ၂ လက်မ ရှိတာကြောင့် အမြင့်ဘောတွေမှာလည်း အားသာချက် ရှိပါတယ်။
ပြင်သစ် လီဂူးဝမ်းဟာ ကစားဟန် ကြမ်းတမ်း ပြင်းထန်တာကြောင့် ပရီးမီးယားလိဂ်ကို လာမယ့် ကစားသမားတွေ အတွက် အကောင်းဆုံး လေ့ကျင့်ကွင်း တစ်ခုလို ဖြစ်နေပါလိမ့်မယ်။ ပိုချက်တီနိုနဲ့ ဘာနာဒို ဆေးလ်ဗား တို့လို ပုဂ္ဂိုလ်တွေကတောင် ပြင်သစ်လိဂ်ဟာ ပရီးမီးယားလိဂ် ထက်တောင် ပိုပြီး ပင်ပန်း ခက်ခဲတယ်လို့ ဆိုခဲ့ဖူးပါတယ်။ ပြင်သစ်လိဂ်ဟာ လူငယ် ပါရမီရှင်တွေကို မွေးထုတ်ပေးရာမှာ နာမည်ကြီးပြီး ဂျက်ကတ် ဟာလည်း အဲ့ဒီထဲက အလားအလာအရှိဆုံး လူငယ်တစ်ဦး ဖြစ်ပါတယ်။ အခုတော့ လစ်ဗာပူးလ် အနေနဲ့ ဒီလို ကြယ်ပွင့်ကို အချိန်မီ မဟုတ်ပေမဲ့ နောက်ဆုံးတော့ အရယူနိုင်ခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


