နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟာဗတ်ဇ်ရဲ့ သွင်းဂိုးနဲ့ ချဲလ်ဆီးကို အိမ်ကွင်းမှာ ထပ်မံ အနိုင်ယူပြီး ခရာဘောင်ဖလား ဗိုလ်လုပွဲ တက်လှမ်းသွားတဲ့ အာဆင်နယ်

အာဆင်နယ် ကတော့ ချဲလ်ဆီးကို ၁-၀ နဲ့ ထပ်မံ အနိုင်ယူပြီး နှစ်ကျော့ပေါင်း ရလဒ် ၄-၂ နဲ့ အတူ ဝမ်ဘလေကွင်းမှာ ကစားမယ့် ခရာဘောင်ဖလား ဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ကိုင် ဟာဗတ်ဇ်ဟာ သူ့ရဲ့ အသင်းဟောင်းကို အနိုင်ဂိုး သွင်းယူခဲ့ပြီး အာဆင်နယ် အတွက် ခရာဘောင်ဖလား ဗိုလ်လုပွဲ လက်မှတ်ကို အောင်အောင်မြင်မြင် ရယူပေးနိုင်ခဲ့တာပါ။ စတန်းဖို့ဒ်ဘရစ်ချ်မှာ ၃-၂ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပထမအကျော့ပွဲစဉ်နဲ့ မတူဘဲ၊ မနေ့ညက ဒုတိယအကျော့ ပွဲစဉ် မှာတော့ နှစ်သင်းစလုံး တိုက်စစ်ပိုင်း အားနည်းခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း သိပ်မတွေ့ခဲ့ရပါဘူး။

ချဲလ်ဆီး နည်းပြ လီယမ် ရိုစီနီယာဟာ အသင်းကို ခံစစ်လုံအောင် အဓိက ပြင်ဆင်ခဲ့တာကြောင့် တိုက်စစ်ဆင်ဖို့တော့ နောက်ကျသွားခဲ့တယ်လို့ပဲ ဆိုရမှာပါ။ အာဆင်နယ် ကတော့ ပြိုင်ဘက်ရဲ့ အခြေအနေကို စိတ်ရှည်စွာနဲ့ စောင့်ကစားခဲ့ပြီး ပွဲချိန် ၉၇ မိနစ် မှာတော့ ကိုင် ဟာဗတ်ဇ်ရဲ့ အငိုက်ဖမ်း သွင်းဂိုးကြောင့် ချဲလ်ဆီးကို အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ် အနေနဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ မန်စီးတီး သို့မဟုတ် နယူးကာဆယ်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

 

ပွဲစဉ်ရဲ့ ထူးခြားချက်များ

ဒါကြောင့် အာဆင်နယ် အနေနဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ မန်စီးတီး သို့မဟုတ် နယူးကာဆယ်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ ရလဒ်မကောင်းတတ်တဲ့ အာဆင်နယ်

ပွဲအစပိုင်း ဝက်စလေ ဖိုဖာနာ ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ် အတွက် အာဆင်နယ်တို့ ပင်နယ်တီ မရခဲ့တာက ချဲလ်ဆီးတို့ ကံကောင်းခဲ့တယ်လို့ပဲ ဆိုရမှာပါ။ အာဆင်နယ် နောက်ခံလူ ဟင်ကာပီရဲ့ ပြင်းထန်တဲ့ ဘယ်ခြေနဲ့ သွင်းယူတဲ့ ကန်ချက်ကောင်းမွန်ခဲ့ပေမယ့် ချဲလ်ဆီး ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဂါဘရီရယ် မာတင်နယ်လီရဲ့ အပိုင်ကန်ချက်ကို ချဲလ်ဆီး နောက်ခံလူ မာလို ဂူစတိုက စွန့်စွန့်စားစား ပိတ်ဆို့နိုင်ခဲ့သလို၊ တစ်ဖက်မှာလည်း အန်ဇို ဖာနန်ဒက်စ်ရဲ့ ဝေ့ဝိုက် ကန်ချက်ကို ကီပါက လက်စွမ်းပြ ပုတ်ထုတ်ခဲ့ရပါတယ်။

ထူးခြားချက် အနေနဲ့ အာဆင်နယ်ဟာ ပွဲကစားချိန် ၃၅ မိနစ်ကနေ ၇၇ မိနစ် အတွင်းမှာ ဂိုးကန်သွင်းခွင့် တစ်ကြိမ်မှ မရခဲ့တာကြောင့် အိမ်ကွင်း ပရိသတ်တွေရဲ့ စိတ်ပျက်သံတွေကို ကြားခဲ့ရပါတယ်။ ချဲလ်ဆီးဟာ ပွဲပြီးခါနီးမှာ ဖိအားပေးနိုင်ခဲ့ပေမယ့် ကူကာရယ်လာနဲ့ အန်ဇို တို့ရဲ့ အဝေးကန်ချက်တွေဟာ ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။ ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာတော့ ချဲလ်ဆီးက တိုက်စစ်ကို ပုံအောလိုက်တဲ့ အတွက် နောက်တန်းမှာ တစ်ဦးတည်းသာ ကျန်ရှိချိန် ဒီကလန် ရိုက်စ်ရဲ့ ပေးပို့မှု ကနေ တစ်ဆင့် ကိုင် ဟာဗတ်ဇ်က ဂိုးသမားကို ကျော်ဖြတ်ပြီး အပိုင်ပိတ်သွင်းကာ ပွဲကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ချဲလ်ဆီးဟာ ပထမအကျော့ အိမ်ကွင်းမှာ ရှုံးနိမ့်ပြီးမှ ဗိုလ်လုပွဲ တက်နိုင်တဲ့ သမိုင်းတလျှောက် တတိယမြောက် အသင်း ဖြစ်လာဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ချဲလ်ဆီးဟာ ဂိုးကန်သွင်းမှု ၁၄ ကြိမ် ပြုလုပ်ခဲ့ပေမယ့် ၅ ကြိမ်သာ ဂိုးဧရိယာ အတွင်းက ဖြစ်ပြီး ဂိုးပေါက်တည့်မှု ကလည်း ၂ ကြိမ်သာ ရှိခဲ့ပါတယ်။

အာဆင်နယ် ကလည်း ဒီနေ့ပွဲမှာ တိုက်စစ်ပိုင်း ရုန်းကန်ခဲ့ရပြန်ပြီး တစ်ပွဲလုံးမှာ ဂိုးကန်သွင်းမှု ၅ ကြိမ်သာ ရှိခဲ့ပါတယ်။ ၎င်းတို့ရဲ့ မျှော်မှန်းဂိုး (xG) ၀.၉၁ ထဲက ၀.၆၅ ဟာ ဟာဗက်ဇ်ရဲ့ သွင်းဂိုး ကနေ ရရှိလာတာ ဖြစ်ပါတယ်။

တစ်ဖက် မှာတော့ အာဆင်နယ်က ချဲလ်ဆီးနဲ့ နောက်ဆုံး တွေ့ဆုံထားတဲ့ ၁၀ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိစံချိန် (၇ ပွဲနိုင်၊ ၃ ပွဲသရေ) ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒါဟာ ၁၉၉၉ ကနေ ၂၀၀၄ အတွင်း ၁၇ ပွဲဆက် ရှုံးပွဲ မရှိခဲ့တဲ့ စံချိန် နောက်ပိုင်း အကောင်းဆုံး စံချိန်လည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်