နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်ဖီးလ်မှာ မန်စီးတီးရဲ့ ချန်ပီယံ အိမ်မက်ကို ထိုးနှက်မယ့် လစ်ဗာပူးလ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

လစ်ဗာပူးလ် – မန်ချက်စတာစီးတီး

အခုတစ်ပတ် စူပါဆန်းဒေးရဲ့ အကောင်းဆုံး ထိပ်တိုက် တွေ့ဆုံမှု အဖြစ် လစ်ဗာပူးလ်က မန်စီးတီးကို အန်ဖီးလ်မှာ ဧည့်ခံကစားသွားမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ပွဲစဉ် (၂၅) မတိုင်ခင်မှာ ပပ် ဂွာဒီယိုလာရဲ့ မန်စီးတီးထက် အမှတ်ပေးဇယားမှာ အဆင့် ၄ ဆင့် နိမ့်နေသလို ရမှတ် ၈ မှတ် ကွာနေပါတယ်။ ဒါပေမယ့် နှစ်သင်းစလုံး ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ၄ ပွဲ သရေ၊ ၁ ပွဲ ရှုံးကာ အားရစရာ မရှိတဲ့ အခြေအနေ ဖြစ်နေပါတယ်။

 

လစ်ဗာပူးလ်

၂၀၂၆ ခုနှစ် အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ လစ်ဗာပူးလ် အတွက် ဆဌမမြောက်မြောက် ပွဲစဉ်ဟာ ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးခဲ့ပါတယ်။ နှစ်အစမှာ ၄ ပွဲဆက် သရေကျပြီး ဘုန်းမောက်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတဲ့ အာနေး ဆလော့တ်ရဲ့ အသင်းက ပြီးခဲ့တဲ့ တပတ်က နယူးကာဆယ်ကို ဂိုးပြတ် အနိုင်ယူပြီး အလှည့်အပြောင်း တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ချန်ပီယံ ပီအက်စ်ဂျီကို ၁-၁ နဲ့ သရေ ကစားနိုင်ခဲ့တဲ့ နယူးကာဆယ်ဟာ အန်ဖီးလ် မှာတော့ သူတို့ရဲ့ ခံစစ်စွမ်းဆောင်ရည်ကောင်းတွေ ပျောက်ဆုံးခဲ့ရပါတယ်။ အန်သိုနီ ဂေါ်ဒွန်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဟူဂို အစ်ကီတီကေးနဲ့ ဖလော်ရီယန် ဗစ်ဇ်တို့ ဦးဆောင်တဲ့ လစ်ဗာပူးလ်က ၄-၁ နဲ့ ပြန်လည် အနိုင်ယူခဲ့ပါတယ်။ ယာဂန် ကလော့ပ်ရဲ့ နောက်ဆုံးရာသီမှာ မြင်တွေ့ခဲ့ရတဲ့ နောက်ကနေ လိုက်ကစားပြီး အနိုင်ယူတတ်တဲ့ စွမ်းအား တစ်ခုကို အာနေး ဆလော့တ် လက်ထက် မှာလည်း ဆက်လက် မြင်တွေ့နေရပါတယ်။ ၂၀၂၄-၂၅ ရာသီက စလို့ လစ်ဗာပူးလ်ဟာ ပြိုင်ဘက်ကို ဂိုး အရင်ပေးလိုက်ရတဲ့ ပွဲစဉ်တွေ ကနေ ရမှတ် ၂၈ မှတ် အထိ ပြန်လည် ရယူနိုင်ခဲ့ပြီး ဒါဟာ လိဂ်မှာ စတုတ္ထမြောက် အများဆုံး ဖြစ်နေပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ် တိုက်စစ်က ဂိုးသွင်းအား ပြန်ကောင်းလာပြီး နောက်ဆုံး ၄ ပွဲမှာ ၁၅ ဂိုး အထိ သွင်းထားပါတယ်။ ဒါပေမယ့်လည်း ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဆင့် ၅ အတွင်း ဝင်ဖို့က သူတို့ လက်ထဲမှာပဲ ရှိမနေသေးပါဘူး။ လောလောဆယ် ယူနိုက်တက်ထက် ၂ မှတ်၊ ချဲလ်ဆီးထက် ၁ မှတ် လျော့နည်းနေသလို ဘရန့်ဖို့ဒ်နဲ့ ဆန်းဒါးလန်း တို့ကလည်း သူတို့ကို ကျော်တက်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

 

မန်ချက်စတာစီးတီး

အာဆင်နယ် ပရိသတ်တွေ ကတော့ သူတို့ရဲ့ ချန်ပီယံ ပြိုင်ဘက် မန်စီးတီး ရှုံးနိမ့်တာကို ကြည့်ဖို့ အတွက် လစ်ဗာပူးလ် ဘက်ကနေ ဝန်းရံကြဦးမှာပါ။ မန်စီးတီးဟာ ပြီးခဲ့တဲ့ အပတ်က စပါးနဲ့ ၂-၂ သရေကျခဲ့တာကြောင့် ချန်ပီယံ မျှော်လင့်ချက် အတွက် အခက်တွေ့ခဲ့ရပါတယ်။ ချာကီနဲ့ ဆီမီညို တို့ရဲ့ ဂိုးတွေကြောင့် နိုင်ပွဲရဖို့ သေချာသလောက် ရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပေါ့ဆမှုတွေ ရှိခဲ့တာကြောင့် လစ်ဗာပူးလ် တိုက်စစ်မှူးဟောင်း ဆိုလန်ကီရဲ့ ချေပဂိုး ၂ ဂိုးနဲ့ သရေကျခဲ့ရတာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ရမှတ်တွေ ဆုံးရှုံးခဲ့ရတာကြောင့် ဇယား ထိပ်က အာဆင်နယ်နဲ့ ၆ မှတ် ကွာဟသွားခဲ့ပါပြီ။ အာဆင်နယ် ကသာ ဆန်းဒါးလန်းကို နိုင်လိုက်ရင် ရမှတ် ကွာဟချက်က ၉ မှတ်အထိ ဖြစ်သွားနိုင်ပါတယ်။ ဂွါဒီယိုလာရဲ့ အသင်းက အဝေးကွင်း နောက်ဆုံး ၃ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပြီး ပွဲတိုင်းမှာ အနည်းဆုံး ၂ ဂိုးစီ ပေးထားရပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးဟာ ဗုဒ္ဓဟူးနေ့က ခရာဘောင်ဖလား  ဆီမီးဖိုင်နယ်မှာ နယူးကာဆယ်ကို ၃-၁ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲမှာ အာဆင်နယ်နဲ့ တွေ့ဆုံဖို့ သေချာသွားပါပြီ။ ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလက လစ်ဗာပူးလ်ကို ၃-၀ နဲ့ နိုင်ထားတာကြောင့် အခုပွဲမှာသာ ထပ်နိုင်ရင် လစ်ဗာပူးလ် အသင်း အပေါ် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နှစ်ကျော့စလုံး အနိုင်ရမှု ဖြစ်လာမှာပါ။

 

နှစ်ဖက်အသင်း သတင်းများ

မန်စီးတီးဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ရမှတ်တွေ ဆုံးရှုံးခဲ့ရတာကြောင့် ဇယား ထိပ်က အာဆင်နယ်နဲ့ ၆ မှတ် ကွာဟသွားခဲ့ပါပြီ။
အမှတ်ပေးဇယား ထိပ်က အာဆင်နယ်နဲ့ ၆ မှတ် ပြတ်နေတဲ့ မန်စီးတီး

အခုပွဲကိုတော့ လစ်ဗာပူးလ် ဘက်က ဘရက်ဒ်လေ၊ လီယွန်နီ၊ ဂျိုးဂိုးမက်ဇ်၊ ဖရင်မ်ပေါင်၊ ဘက်ဂျ်စီတစ်နဲ့ အိဆက်ခ်တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။ မန်စီးတီး ဘက်မှာတော့ စတုန်းစ်၊ ဂဗာဒီယိုလ်၊ ဆေးလ်ဗား၊ ကိုဗာချစ်၊ ဒိုကုနဲ့ ဆာဗင်ညိုတို့ လွဲချော်ကြမှာပါ။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

လစ်ဗာပူးလ် – အလီဆွန်၊ ဆဘို့ဇ်လိုင်း၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ကာကက်ဇ်၊ ဂရာဗန်ဘက်ချ်၊ မက် အယ်လစ္စတာ၊ ဆာလာ၊ ဗစ်ဇ်၊ ဂက်ခ်ပို၊ အစ်ကီတီကေး

မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ နူနက်စ်၊ ဂူဟီ၊ အေခီ၊ အစ်နျူရီ၊ ရိုဒရီ၊ အိုင်ရွိုင်လီ၊ ချာကီ၊ ရိုင်းဒါးစ်၊ ဆီမီညို၊ ဟာလန်း‌

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းရဲ့ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ မန်စီးတီးက ၁ ကြိမ်နိုင်၊ လစ်ဗာပူးလ်က ၂ ကြိမ်နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ အန်ဖီးလ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာလည်း လစ်ဗာပူးလ်က ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျပြီး မန်စီးတီးက ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကို ပြန်ကြည့်ရင် အပြန်အလှန် ရှိခဲ့ပြီး သူမသာ ကိုယ်မသာ အခြေအနေပါ။ အန်ဖီးလ်မှာတော့ လစ်ဗာပူးလ်က ပိုပြီး အသာရခဲ့တာကို တွေ့ရပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ လစ်ဗာပူးလ် နိုင်ရင် ၂.၃၈ ဆ နီးပါး ရမှာ ဖြစ်ပြီး မန်ချက်စတာစီးတီး နိုင်ရင်တော့ ၂.၆၁ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၃၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း လစ်ဗာပူးလ်က ဘက်က ခပ်ပါးပါးနဲ့ ဒဲ့ကြေးတွေ ဖွင့်ပေးထားပါတယ်။ လစ်ဗာပူးလ်က အီတီဟတ်ကွင်းမှာတုန်းကလို အလွယ်တကူ အရှုံးပေးခဲ့ရတဲ့ အသင်းနဲ့ မတူတော့ပဲ အခုအချိန်မှာ ခြေစွမ်းမမှန်သေးပေမယ့်လည်် ကြောက်စရာကောင်းတဲ့ အသင်း တစ်သင်း ဖြစ်နေပါတယ်။ မန်စီးတီးရဲ့ နောက်ပိုင်း အဝေးကွင်း ရလဒ် ဆိုးရွားမှုတွေ၊ ကြားရက် ပွဲကစားထားရလို့ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ခံစစ်ပိုင်းက လူမစုံတဲ့ အခြေအနေတွေကို အခွင့်ကောင်းယူပြီး ဂွါဒီယိုလာရဲ့ ချန်ပီယံ မျှော်လင့်ချက်ကို လစ်ဗာပူးလ်တို့ ထပ်မံ ထိုးနှက်သွားနိုင်ပါတယ်။ ဆာလာ ကလည်း ဂိုးသွင်းခြေ ပြန်တွေ့နေပြီ ဖြစ်သလို၊ ဗစ်ဇ် ကလည်း သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းပိုင်းကို ရောက်ရှိနေပါတယ်။ ဒါ့အပြင် အီကီတီကေး ကလည်း ဗစ်ဇ်နဲ့ အတူ အတွဲညီညီ ခြေစွမ်းပြနေတာကြောင့် အာနေး ဆလော့တ်ရဲ့ အသင်းဟာ ဒီအကြိတ်အနယ် ရှိမယ့် ပွဲကြီး ပွဲကောင်းမှာ ပြိုင်ဘက်ကို အားမနာတမ်း တိုက်စစ်ချင်း ယှဉ်ကစားသွားနိုင်ဖို့ ရှိနေပါတယ်။ လစ်ဗာပူးလ်နဲ့ ဂိုးပေါ်က အရွေးချယ်သင့်ဆုံးပါပဲ။

ခန့်မှန်းရလဒ်

လစ်ဗာပူးလ် ၂-၁ မန်ချက်စတာစီးတီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်