အတ္တလန္တာကို ကိုပါအီတာလီယာမှာ ရှုံးနိမ့်ခဲ့ပြီးနောက် စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ရဲ့ ဒီနှစ် ဘောလုံး ရာသီ ဆုဖလား မျှော်လင့်ချက်ဟာ အကြီးအကျယ် ထိုးနှက်ချက် တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ စပယ်လက်တီက သူရဲ့ အသင်းဟာ အတ္တလန္တာနဲ့ ပွဲမှာ “အကြပ်အတည်းနဲ့ ရင်ဆိုင်ရချိန်မှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့မိတယ်” လို့ ယုံကြည်နေပါတယ်။
ဂျူဗင်တပ်စ်ဟာ New Balance Arena ကွင်းမှာ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ စီးရီးအေ ပြိုင်ဘက် အတ္တလန္တာကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။ တကယ်တမ်း ကိန်းဂဏန်းတွေအရ ဂျူဗင်တပ်စ်ရဲ့ မျှော်မှန်းဂိုး (xG) က ၁.၉ ရှိပြီး အတ္တလန်တာရဲ့ ၁.၆ ထက် သာလွန်ခဲ့ပေမယ့် ရလဒ်ပိုင်း မှာတော့ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် အသင်းဟာ ၂၀၀၉-၂၀၁၀ နဲ့ ၂၀၁၀-၂၀၁၁ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကိုပါအီတာလီယာ ကွာတားဖိုင်နယ် ကနေ နှစ်နှစ် ဆက်တိုက် ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် နောက်ပိုင်း ဂျူဗင်တပ်စ်ဟာ ပြိုင်ပွဲစုံမှာ အနည်းဆုံး ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်မှု (၃) ကြိမ် အထိ ရှိလာခဲ့ပါတယ်။ အတ္တလန္တာကို (၂) ကြိမ်နဲ့ ဖီအိုရင်တီးနားကို (၁) ကြိမ် ရှုံးခဲ့တာ ဖြစ်ပြီး နောက်ဆုံး (၂) ပွဲစလုံးမှာ ပြိုင်ဘက် နည်းပြ ရာဖေးလ် ပါလာဒီနိုကို ရှုံးနိမ့်ခဲ့တာပါ။ ပွဲစဉ် အတွင်း ဂျူဗင်တပ်စ်ဟာ စကမ်မက်ကာရဲ့ ပင်နယ်တီ ဂိုးပေးခဲ့ရအပြီးမှာ ပွဲကို ပြန်ထိန်းဖို့ ကြိုးစားခဲ့ပေမယ့် ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ဆူလီမာနာနဲ့ ပါဆာလစ် တို့ရဲ့ ဂိုးတွေကို ထပ်မံ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။
စပယ်လက်တီ ကတော့ ဒီရှုံးနိမ့်မှုကို ကစားသမားတွေရဲ့ ဆုံးဖြတ်ချက်ချနိုင်မှု အားနည်းချက်တာကြောင့်လို့ ပြောဆိုခဲ့ပါတယ်။ “သူတို့ (အတ္တလန္တာ) က ပွဲရဲ့ အဆုံးအဖြတ်ပေးမယ့် အခိုက်အတန့်တွေမှာ ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ ၃-၀ နဲ့ ရှုံးတဲ့ ပွဲမှာတော့ အများကြီး ပြောနေစရာ မရှိပါဘူး။ နည်းပြ ပါလာဒီနိုနဲ့ အတ္တလန္တာ အသင်းကို ဂုဏ်ပြုပါတယ်။ သူတို့ဟာ စနစ်တကျ တည်ဆောက်ထားပြီး ဘောလုံးကောင်းကောင်း ကစားနိုင်တဲ့ အသင်းပါ။” လို့ စပယ်လက်တီက Sport Mediaset ကို ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး “အခြေအနေတွေ ခက်ခဲလာတဲ့အချိန်မှာ ကျွန်တော်တို့ မှားယွင်းတဲ့ ရွေးချယ်မှုတွေ လုပ်ခဲ့ကြတယ်။ ဘောလုံးကွင်းထဲမှာ ဘောလုံးပတ်ပေးနေတဲ့ အချိန်မျိုးက ကိန်းဂဏန်းတွေပဲ ဖြစ်နေတတ်ပေမယ့် ပွဲက တကယ် အရေးကြီးလာတဲ့ အချိန်မှာတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျ ချနိုင်ဖို့ လိုပါတယ်။ အဲဒီလို အချိန်မျိုးမှာ ကျွန်တော် တို့က မှားယွင်းခဲ့ပြီး သူတို့ ကတော့ မှန်ကန်ခဲ့ပါတယ်။”
“ တိုက်စစ်မှာ နှစ်ယောက် တစ်ယောက် အခြေအနေမျိုးနဲ့ ဂိုးသွင်းဖို့ လမ်းကြောင်းတွေ ရှိခဲ့ပေမယ့် ကျွန်တော် တို့က ထောင့်အလံတိုင်နား အထိ ဆွဲသွားမိတာမျိုးတွေ လုပ်ခဲ့တယ်။ တစ်ခါတလေမှာ အဲဒီလို အခြေအနေမျိုးကို ခွဲခြား သိမြင်ဖို့ အတွေ့အကြုံ လိုအပ်သလို၊ ကစားသမား တချို့ရဲ့ ပင်ကိုယ် အရည်အချင်း အပေါ် မှာလည်း မူတည်ပါတယ်။ ကျွန်တော်တို့ဟာ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ ပြတ်သားမှုနဲ့ တည်ငြိမ်တဲ့ အာရုံစိုက်မှုမျိုး မရှိခဲ့ပါဘူး။ ဒါဟာ ဖြစ်တတ်တဲ့ သဘောပါပဲ။” လို့ အသင်းရဲ့ အားနည်းချက်တွေကို စပယ်လက်တီက ရှင်းရှင်းလင်းလင်း ဖြေကြားသွားခဲ့ပါတယ်။
ဂျူဗင်တပ်စ်ဟာ လက်ရှိ စီးရီးအေ အမှတ်ပေးဇယားထိပ်က အင်တာမီလန်နဲ့ ၁၀ မှတ်အကွာကို ရောက်နေပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ပလေးအော့ဖ်မှာလည်း ဂါလာတာစာရေးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဆုဖလား မျှော်လင့်ချက်ဟာ တော်တော်လေးကို နည်းပါးနေပါတယ်။ ဒါ့အပြင် ရှေ့လာမယ့် ပွဲစဉ်တွေ ကလည်း မလွယ်ကူလှပဲ စီးရီးအေမှာ လာဇီယို (အိမ်ကွင်း)၊ အင်တာမီလန် (အဝေးကွင်း) တို့နဲ့ ဆက်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


