မန်ချက်စတာယူနိုက်တက် ကတော့ အခုတစ်ပတ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ မှာ တော့တင်ဟမ်ဟော့စပါးကို ၂-၀ နဲ့ အိုးထရက်ဖို့ဒ်မှာ အနိုင်ရရှိသွားခဲ့ပါတယ်။ ယာယီ နည်းပြ မိုက်ကယ် ကာရစ်ခ် တာဝန်ယူပြီး နောက်ပိုင်း ပွဲတိုင်းမှာ အနိုင်ရထားတဲ့ မန်ချက်စတာယူနိုက်တက်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ပွဲချိန် အများစု ၁ ယောက် အသာနဲ့ ကစားခဲ့ရပြီး စပါး ကို ဂိုးပြတ် အနိုင်ယူကာ သူတို့ရဲ့ မှတ်တမ်းကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲအစပိုင်းကတည်းက ယူနိုက်တက်က ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၂၉ မိနစ် မှာတော့ တော့တင်ဟမ် အသင်းခေါင်းဆောင် ခရစ်စတီယန် ရိုမီယို တစ်ယောက် ကတ်စ်မဲရိုးရဲ့ ခြေကျင်းဝတ်ကို အန္တရာယ်ရှိတဲ့ ပုံစံနဲ့ နင်းမိခဲ့တာကြောင့် တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ တစ်ယောက် အသာရသွားတဲ့ ယူနိုက်တက်ဟာ ပွဲချိန် ၃၈ မိနစ်မှာတော့ အဖွင့်ဂိုး စတင် ရရှိခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ထောင့်ကန်ဘော ကနေ တစ်ဆင့် ဘရူနို ဖာနန်ဒက်စ်က ကိုဘီ မိန်နူးဆီ ပေးပို့ခဲ့ပြီး၊ မိန်နူးရဲ့ ဖန်တီးပေးမှု ကနေမှ ဘရိုင်ယန် အမ်ဘွေမို က ဧရိယာ အပြင် ကနေ လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပြောရမယ် ဆိုရင်တော့ ဒီဂိုး က Set Piece ကို အခြေခံတဲ့ သွင်းဂိုး ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ယူနိုက်တက်က ထပ်မံ ဖိအားပေးနိုင်ခဲ့ပြီး အာမက်ဒ် ဒီယာလိုနဲ့ မားသီးယပ်စ် ကူညာ တို့ရဲ့ သွင်းဂိုးတွေဟာ လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရလို့ စပါးတို့ သက်သာရာ ရခဲ့တာပါ။ ဒါပေမယ့် ပွဲချိန် ၈၁ မိနစ် မှာတော့ ဒီယေဂို ဒါးလော့တ်ရဲ့ ဖြတ်တင်ဘော ကနေ တစ်ဆင့် ဘရူနို ဖာနန်ဒက်စ်က အနီးကပ် ပိတ်သွင်းပြီး ယူနိုက်တက် အတွက် ဒုတိယမြောက် အနိုင်ဂိုးကို ရယူပေးခဲ့ပါတယ်။ ပွဲချိန် တချို့မှာ စပါး ကလည်း တစ်ယောက်လျော့ အနေအထားနဲ့ မထင်မှတ်တာတွေ လုပ်ပြဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပဲ ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ယူနိုက်တက်က မန်စီးတီး (၁ ပွဲကစားဖို့ ကျန်)၊ အက်စတွန်ဗီလာ တို့နဲ့ ၃ မှတ် အကွာ အထိ လိုက်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ စပါး အတွက် ကတော့ ရလဒ်ဆိုးတွေကြောင့် တန်းဆင်းဇုန်နဲ့ ၆ မှတ်သာ ကွာဟတော့ပြီး နည်းပြ သောမက်စ် ဖရန့်ခ် အတွက်လည်း ဖိုအားတွေ ထပ်တိုးသွားစေခဲ့ပြန်ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက် အတွက် ပါဝင် ကစားပေးခဲ့တဲ့ ပွဲပေါင်း ၃၁၄ ပွဲ အတွင်း သွင်းဂိုး ၁၀၄ ဂိုးနဲ့ ဖန်တီးမှု ၉၆ ကြိမ်၊ စုစုပေါင်း ဂိုးပါဝင်ပတ်သက်မှု အကြိမ် ၂၀၀ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီမှတ်တမ်းကို ဝိန်းရွန်နီ ၂၉၅ ပွဲ ပြီးရင် အမြန်ဆုံး ရရှိခဲ့သူ ဖြစ်လာပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၄ ဖေဖော်ဝါရီလ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပရီးမီးယားလိဂ် ၄ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစုံ ၈ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်း ကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။
ခရစ္စတီယန် ရိုမီယို ကတော့ သူဟာ ဒီရာသီ အတွင်း ပရီးမီးယားလိဂ်မှာ ၂ ကြိမ်တိုင်တိုင် အနီကတ်ပြ ထုတ်ပယ်ခံရတဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်။ ဒါကြောင့် သူဟာ လာမယ့် ပွဲစဉ် တော်တော်များများကို လွဲချော်တော့မှာ ဖြစ်သလို စပါး အသင်း သမိုင်းတစ်လျှောက် အနီကတ် အများဆုံး (၄ ကြိမ်) ရရှိထားတဲ့ အူနက်စ် ကာဘိုးလ်ရဲ့ စံချိန် ကိုလည်း လိုက်မီသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


