အာဆင်နယ် ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ ဆန်းဒါးလန်းကို ၃-၀ နဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို အမှတ်ဖြတ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပြန်ပါတယ်။ ဗစ်တာ ယောကရက်စ်ရဲ့ အကောင်းဆုံး ခြေစွမ်းပြမှုနဲ့ အတူ အာဆင်နယ်က အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ဒုတိယနေရာက မန်စီးတီးကို ယာယီ (၉) မှတ် အထိ ဖြတ်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
မန်ချက်စတာစီးတီးဟာ တနင်္ဂနွေနေ့မှာ လစ်ဗာပူးလ်နဲ့ ကစားရမှာ ဖြစ်သလို၊ အက်စတွန်ဗီလာ ကလည်း ဘုန်းမောက်နဲ့ သရေကျခဲ့တာကြောင့် အာဆင်နယ်အတွက် အမှတ်ဖြတ်ဖို့ အခွင့်အရေးကောင်း ရရှိခဲ့တာပါ။ ပွဲစပြီး ၂၂ စက္ကန့်မှာတင် ကိုင် ဟာဗက်ဇ်ရဲ့ ခေါင်းတိုက်ချက် ဂိုးတိုင်ဘေး ကပ်ထွက်ခဲ့သလို၊ ဆန်းဒါးလန်း ဘက်က ဘရိုင်ယန် ဘရော့ဘီရဲ့ ကန်ချက် ကိုလည်း ဟာဗက်ဇ် ကပဲ ဂိုးစည်းပေါ် ကနေ ဖျက်ထုတ်ခဲ့ရပါတယ်။
ပွဲကစားချိန် ၄၂ မိနစ် မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်ရရှိခဲ့ပါတယ်။ လီအန်ဒရို ထရော့ဆက်ဒ်ရဲ့ ဖန်တီးပေးမှု ကနေ တစ်ဆင့် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီ က ရပ်ကွက် အခေါ် ဆိုက်ဒ်နဲ့ လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း မှာတော့ လူစားဝင်လာတဲ့ ဗစ်တာ ယောရက်စ်က အာဆင်နယ်တို့ အနိုင်သေချာစေမယ့် ဂိုးတွေ သွင်းပေးပြီး ပွဲကို အပြတ်ဖြတ်ပေးခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ ဆွီဒင်သားက ပွဲချိန် ၆၆ မိနစ်မှာ ဒုတိယဂိုး၊ ပွဲပြီးခါနီး ၉၀+၃ မိနစ် မှာတော့ ဂါဘရီယယ် မာတင်နယ်လီရဲ့ လျှပ်တစ်ပြက် တန်ပြန် တိုက်စစ် ကနေ တစ်ဆင့် ဂိုးသမားကို ကျော်ဖြတ်ပြီး ဖန်တီးပေးမှုကို ယောရက်စ် ကပဲ အနီးကပ် ပိတ်သွင်းကာ တတိယမြောက် အနိုင်ဂိုးကို ရယူပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ် လက်ကျန် ၁၃ ပွဲသာ ကျန်ရှိတော့ချိန်မှာ အာဆင်နယ်တို့ အခုလို ဒီလို ကြီးမားတဲ့ အမှတ်ကွာဟမှုကို ပုံဖော်ထားနိုင်တာ တော်တော်လေး အခြေအနေ ကောင်းသွားပြီလို့ ပြောလို့ ရပါတယ်။ အဲဒီ ၁၃ ပွဲ ထဲမှာ မန်စီးတီးနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ပွဲမှာ အရေးမနိမ့်အောင် ကစားနိုင်ပြီး လက်ကျန် ၈ ပွဲလောက် အနိုင်ရရင်ကို ချန်ပီယံ ဖြစ်ဖို့ ရာခိုင်နှုန်း များသွားပါပြီ။ ဒါကြောင့်လည်း စူပါကွန်ပျူတာက အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေကို ၉၁ ရာခိုင်နှုန်းကျော် အထိ ရှိတယ် ဆိုပြီး ခန့်မှန်းထားတာပါ။
ဒီနေ့ပွဲအကြောင်း ပြောရရင်တော့ ပထမပိုင်းမှာ ဆန်းဒါးလန်းရဲ့ အားထုတ်မှုကြောင့် အာဆင်နယ်တို့ ထိထိရောက်ရောက် မကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အသင်းရဲ့ ကစားဟန် ပုံစံကောင်း အပြည့် ပြန်ရခဲ့ပါတယ်။ ပွဲကို အပြတ်အသတ် အသာရစေခဲ့တဲ့ ကစားသမား ကတော့ ဗစ်တာ ယောကရက်စ်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေတုန်းက တောက်လျောက် ဝေဖန်ခံခဲ့ရပေမယ့် ပြိုင်ပွဲစုံမှာ ဂိုးပါဝင် ပတ်သတ်မှု ၁၅ ကြိမ် အထိ ရှိလာတာက မဆိုးလှတဲ့ ကိန်းဂဏန်း တစ်ခုပါ။ သူသာ အခုထက် ပိုပြီး အသားကျလာရင်တော့ ပြိုင်ဘက်တွေ အတွက် မတွေးဝံ့စရာပါပဲ။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ဇယားထိပ်မှာ (၉) မှတ်အထိ အသာစီးရခဲ့တာဟာ သူတို့ ချန်ပီယံ ဖြစ်ခဲ့တဲ့ ၂၀၀၃-၂၀၀၄ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒီနှစ်ဆန်းပိုင်းက စပြီး ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ ဗစ်တာ ယောကရက်စ်ထက် ဂိုးပိုသွင်းနိုင်သူ မရှိသေးပါဘူး (ပြိုင်ပွဲစုံ ၆ ဂိုး)။ သူဟာ အာဆင်နယ်အတွက် ကစားပေးတဲ့ နောက်ဆုံး ပရီးမီးယားလိဂ် နှစ်ပွဲ ဆက်တိုက်လည်း ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဂိုးရရှိနိုင်မှု အခြေအနေ (xG) အရ ကြည့်မယ် ဆိုရင် အာဆင်နယ်ဟာ တစ်ပွဲလုံးမှာ ဂိုးကန်သွင်းခွင့် ၁၆ ကြိမ် အထိ ရရှိခဲ့ပြီး မျှော်မှန်းဂိုး (xG) ၁.၂၂ ရှိခဲ့ရာမှာ ယောကရက်စ် တစ်ဦးတည်းကတင် ၀.၆၉ ထိ ရှိခဲ့ပါတယ်။ ဆန်းဒါးလန်း ကတော့ တိုက်စစ်ပိုင်းမှာ ရုန်းကန်ခဲ့ရပြီး မျှော်မှန်းဂိုး (xG) ၀.၁၇ သာ ရှိခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


