နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“ရာယာရဲ့ လက်စွမ်းက နောက်တဆင့်ကို ရောက်သွားပြီ” – မီခဲလ် အာတေးတား | ပရီးမီးယားလိဂ်

ဂိုးသမား ဒါးဗစ် ရာယာရဲ့ လက်စွမ်းဟာ “ နောက်ထပ် အဆင့်တစ်ခုကို ရောက်ရှိသွားပြီ” လို့ အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက ချီးကျူးလိုက်ပါတယ်။ အာဆင်နယ် က‌တော့ ဒီနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အပါအဝင် ဖလားစုံ ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်ပါတယ်။ ဒီလို အောင်မြင်မှုတွေဆီ ဦးတည်နေတာဟာ ဂိုးသမား ဒါးဗစ် ရာယာကြောင့်လည်း ပါဝင်တယ်လို့ အာတေးတားက ယုံကြည်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ၂၀၂၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလား ဆွတ်ခူးနိုင်ဖို့ ကြိုးစားနေပြီး ဂိုးသမား ဒါးဗစ် ရာယာရဲ့ လက်စွမ်းဟာ တစ်နှစ်ထက် တစ်နှစ် ပိုပြီး တိုးတက်လာနေတာ ဖြစ်ပါတယ်။ လာမယ့် စနေနေ့ မှာတော့ ဂန်းနား တို့ဟာ ဆန်းဒါးလန်းကို အိမ်ကွင်းမှာ လက်ခံကစားပြီး ပရီးမီးယားလိဂ် ဇယားထိပ် ကနေ ဆက်ပြီး အမှတ်ဖြတ်နိုင်ဖို့ ကြိုးစားသွားရမှာ ဖြစ်သလို၊ ကြားရက် ကလည်း ချဲလ်ဆီးအသင်းကို နှစ်ကျော့ပေါင်း ၄-၂ ဂိုးနဲ့ အနိုင်ယူပြီး ခရာဘောင်းဖလား ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်ခဲ့ပါသေးတယ်။

ရာယာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲပေါင်း ၂၄ ပွဲ ကစားထားပြီး ပေးဂိုး ၁၇ ဂိုးသာ ရှိကာ ပေးဂိုး အနည်းဆုံး ဂိုးသမားအဖြစ် ရပ်တည်နေပါတယ်။ ဒါ့အပြင် Clean Sheet (ပေးဂိုး မရှိပွဲ) ၁၂ ပွဲနဲ့ လိဂ်အတွင်း အများဆုံးလည်း ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီ ကလည်း နော့တင်ဟမ်ဖောရက်စ် ဂိုးသမား မတ်ဇ် ဆဲလ်နဲ့ အတူ ရွှေလက်အိတ်ဆုကို ပူးတွဲ ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ရာယာက ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုကို ဆွတ်ခူးထားခဲ့သူလည်း ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ ဆုဖလား ၄ လုံးအထိ မျှော်လင့်နိုင်တဲ့ အခြေအနေမှာ ရှိနေပြီး အာတေးတားက ရာယာရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ အခုလို အဆင့်အတန်းတစ်ခုမှာ ရှိနေတာဟာ ကစားသမား တစ်ဦးချင်းစီက အရမ်းကောင်းနေလို့ပါ။ အထူးသဖြင့် ဒါးဗစ်ဟာ အသင်းကို စရောက်ကတည်းက ကျွန်တော်တို့ အတွက် အားကိုးရသူ ဖြစ်ခဲ့ပါတယ်။ ဒီရာသီ မှာတော့ သူဟာ ပိုပြီးတည်ငြိမ်လာတယ်၊ ခြေစွမ်းလည်း ပုံမှန် ရှိနေပြီး အသင်း အတွက် အဓိက ကစားသမား တစ်ယောက် အဖြစ် နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းသွားပြီလို့ ကျွန်တော် ယူဆပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်း ပြုလုပ်စဉ်မှာ အာဆင်နယ် အသင်းရဲ့ ဝန်ထမ်း တချို့ဟာ ချဲလ်ဆီး ဘက်ခြမ်းထဲကို ဝင်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး နည်းပြ လီယမ် ရိုစီနီယာက “ လေးစားမှု မရှိတဲ့ လုပ်ရပ်” လို့ ဝေဖန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာတေးတားက “ဒါက သူ့ရဲ့ အမြင်ပါ။ ကျွန်တော်တို့ ကတော့ အားလုံးကို လေးစားပါတယ်။ တကယ်လို့ ကျွန်တော်တို့ ဝန်ထမ်း တစ်ယောက်ယောက်က အဲ့ဒီလို ဖြတ်သွားမိတာမျိုး ရှိခဲ့ရင်လည်း တောင်းပန်ပါတယ်။ ဒါက ဘောလုံး လောကမှာ ဖြစ်နေကျပါပဲ။ အထူးသဖြင့် ဂိုးသမားတွေ ဘောလုံး အဝေးကန်တာမျိုးတွေ လုပ်တဲ့အခါမျိုးမှာ ဖြစ်တတ်တဲ့ အတွက် ထွေထွေထူးထူး မှတ်ချက်ပေးစရာ မရှိပါဘူး။” လို့ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်