ယနေ့ခေတ် ဘောလုံးကမ္ဘာမှာ ဘေးစည်းနား ကပ်ပြီး ကစားတတ်တဲ့ ရှေးရိုးစွဲ ညာတောင်ပံ ကစားသမားတွေ ကတော့ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ နည်းစနစ်ပိုင်း အပြောင်းအလဲတွေအရ တောင်ပံ ကစားသမားတွေရဲ့ အခန်းကဏ္ဍတွေ ကတော့ တိုးတက် ပြောင်းလဲမှုတွေ ရှိလာခဲ့ပါတယ်။ အခုဆိုရင် ‘Inverted Wingers’ (မိမိအားသန်တဲ့ ခြေနဲ့ ကန်နိုင်ရန် အတွင်းဘက်ကို ချိုးဝင်ကစားသူများ) ခေတ်စားလာခဲ့ပြီး သူတို့ဟာ နောက်ခံလူကို ကျော်ဖြတ်ကာ ဖြတ်တင်ဘော ပေးပို့ရုံတင်မဟုတ်တော့ပဲ ဂိုးဖန်တီးသူတွေ၊ ဂိုးသွင်းရှင်တွေ အဖြစ်ပါ ခြေစွမ်းပြနေကြပြီလည်း ဖြစ်ပါတယ်။
၅။ ဒီဇိုင်းရား ဒူယေး (ပီအက်စ်ဂျီ)
ပီအက်စ်ဂျီ အသင်းရဲ့ လူငယ် ကြယ်ပွင့် ဒူယေး ကတော့ ကစားသမား ဘဝ အစောပိုင်းကာလမှာပဲ ရှိနေသေးပေမယ့်လည်း ဘယ်နေရာမှာ မဆို အံဝင်ခွင်ကျ ကစားနိုင်သူ ဖြစ်ပါတယ်။ ဒူရေးက ဗဟိုကွင်းလယ်၊ ဘယ်တောင်ပံ၊ ကွင်းလယ် တိုက်စစ် သို့မဟုတ် အထောင် တိုက်စစ်မှူး အဖြစ်ပါ ကစားနိုင်တဲ့ ပါရမီရှင် ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် အင်တာမီလန် နောက်ခံလူ ဒီမာကိုကို ကျော်ဖြတ်ကာ ၂ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးခဲ့တဲ့ ခြေစွမ်းက သူ့ကို ကမ္ဘာ့အဆင့်ဆီ တွန်းပို့ခဲ့တယ်လို့လည်း ပြောလို့ ရပါတယ်။ သူဟာ နည်းစနစ်ပိုင်း ကြွယ်ဝပြီး ခြေထောက် နှစ်ဖက်စလုံးကို ထိရောက်စွာ အသုံးပြုနိုင်သူ ဖြစ်ပါတယ်။
၄။ မိုဟာမက် ဆာလာ (လစ်ဗာပူးလ်)

ဂိုးပေါက်ရှေ့မှာ မိုဟာမက် ဆာလာထက် ပိုမို ရက်စက် ပြတ်သားတဲ့ တောင်ပံကစားသမား ဆိုလို့ ဒီနေ့ခေတ် ဘောလုံးကမ္ဘာမှာ မရှိသလောက်ပါပဲ။ ၂၀၁၇ ခုနှစ်က လစ်ဗာပူးလ် အသင်းထံ ရောက်ရှိလာကတည်းက အီဂျစ်သားက ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံးနဲ့ အတည်ငြိမ်ဆုံး တိုက်စစ်မှူး တစ်ဦး အဖြစ် သက်သေပြခဲ့ပါတယ်။ ဆာလာက ပရီးမီးယားလိဂ် ရွှေဖိနပ် ၄ ဆု ပိုင်ဆိုင်ထားပြီး ပြီးခဲ့တဲ့ ရာသီက ၂၉ ဂိုး အထိ သွင်းယူပေးခဲ့ပါတယ်။ အသင်းမှာ ကစားသမားတွေနဲ့ နည်းပြ အပြောင်းအလဲတွေ ရှိခဲ့ပေမယ့်လည်း ဆာလာရဲ့ ဂိုးသွင်း စွမ်းရည် ကတော့ အသက်အရွယ်ရလာလေ ပိုမိုကောင်းမွန်လာလေ ဖြစ်နေပါတယ်။ သူဟာ လစ်ဗာပူးလ်၏ အသက်ဝိညာဉ် ဖြစ်သလို ခေတ်သစ် ဘောလုံးလောကရဲ့ ဂန္ထဝင် တစ်ဦး ဆိုရင်လည်း မမှားပါဘူး။
၃။ ဘူကာယို ဆာကာ (အာဆင်နယ်)
ဆာကာ ကတော့ ဒီစာရင်းထဲမှာ ပါဝင်တဲ့ အခြားသူတွေလောက် နာမည်မကြီးပေမယ့် ခြေစွမ်းအမှန်ဆုံးနဲ့ အသင်း အတွက် အကျိုးအပြုဆုံး ကစားသမား ဖြစ်ပါတယ်။ ဘယ်နောက်ခံလူ အဖြစ် စတင်ခဲ့တဲ့ သူ့ရဲ့ နောက်ခံကြောင့် ခံစစ်ကူညီရာမှာလည်း အလွန် ထူးချွန်သူ ဖြစ်ပါတယ်။ သူ့ရဲ့ အားသာချက်တွေ ကတော့ အသင်း အတွက် မနားတမ်း အလုပ်ကျွေးပြုနိုင်ခြင်း၊ စည်းကမ်းရှိခြင်းနဲ့ အပတ်စဉ် ဂိုး/ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခြင်းတို့ကြောင့် နည်းပြတိုင်း လိုချင်သည့် ကစားသမားမျိုး ဖြစ်ပါတယ်။ အာဆင်နယ် ပရိသတ်တွေ အတွက်တော့ ငရုတ်သီးလေး ဆာကာက အသင်းရဲ့ အဖိုးတန်ဆုံး ရတနာ ဖြစ်ပါတယ်။
၂။ မိုက်ကယ် အိုလီဆေး (ဘေယန်မြူးနစ်)
လက်ရှိ ဥရောပရဲ့ ဘယ်ခြေ အားသန် ကစားသမားတွေထဲမှာ မိုက်ကယ် အိုလီဆေးလောက် ထွန်းတောက်တဲ့သူ ရှိမယ် မထင်ပါဘူး။ ဘေယန်မြူးနစ်နဲ့ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ ကြယ်ပွင့်ဟာ ဂိုးဖန်တီးမှုရော ဂိုးသွင်းယူမှုတွေကိုပါ အလွန်ပါးနပ်စွာ လုပ်ဆောင်နိုင်သူပါ။ သူဟာ ညာတောင်ပံ ကနေ အတွင်းသို့ ချိုးဝင်ကာ ခံစစ်ကို ထိုးဖောက်ခြင်း၊ လှပတဲ့ ဂိုးတွေ သွင်းယူခြင်း တို့မှာ ဆရာကျသူ ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်နေပြီး ရှေ့လျှောက် အခုထက် ပိုပြီး တောက်ပလာဦးမယ့်သူ အဖြစ် သတ်မှတ်ခံထားရပါတယ်။
၁။ လာမင်း ယာမယ် (ဘာစီလိုနာ)
ယာမယ်ရဲ့ အသက်အရွယ်အရ အခုလိုမျိုး ထူးကဲတဲ့ ခြေစွမ်းမျိုး ရှိနေခြင်းက မယုံနိုင်စရာပါ။ ဆယ်ကျော်သက် အရွယ်သာ ရှိသေးပေမယ့်လည်း ဘာစီလိုနာနဲ့ စပိန် လက်ရွေးစင် အသင်းတွေ အတွက် မရှိမဖြစ် ကြယ်ပွင့် တစ်ဦး ဖြစ်ပါတယ်။ ယူရို ၂၀၂၄ ဖလားကို ဆွတ်ခူးခဲ့သလို၊ ဘာစီလိုနာနဲ့ အတူ ၂၀၂၄-၂၀၂၅ ရာသီမှာ ဖလား ၃ လုံး အောင်မြင်မှုကို ရရှိခဲ့ပါတယ်။ သူဟာ ပွဲတစ်ပွဲကို ရိုးရှင်း လွယ်ကူစွာ ကစားတတ်သလို အရေးကြီးတဲ့ အချိန်တွေမှာလည်း အံ့အားသင့်ဖွယ် ဖန်တီးမှုတွေကို လုပ်ဆောင်နိုင်သူပါ။ သူဟာ အနာဂတ်မှာ ဘောလုံးလောကကို စိုးမိုးမယ့် GOAT တစ်ဦး ဖြစ်လာဖို့ အလားအလာ အကောင်းဆုံး ကစားသမားလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


