နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဂျူဗင်တပ်စ်ကို အနိုင်ရပြီးနောက် အာစင်ဝင်းဂါးရဲ့ လွှမ်းမိုးမှု အကြောင်း ထုတ်ဖော် ပြောကြားလိုက်တဲ့ ဖာဘရီဂတ်စ် | စီးရီးအေ

အခုတပတ် စီးရီးအေ ပွဲစဉ်မှာ ကိုမိုက ဂျူဗင်တပ်စ်ကို အဝေးကွင်းမှာ အနိုင်ယူပြီးနောက် ချန်ပီယံလိဂ် ဝင်ခွင့် နေရာနဲ့ ပိုမိုနီးစပ်လာခဲ့ပါတယ်။ ဒီအခြေအနေ အပေါ် နည်းပြ ဖြစ်သူ ဆက်စ် ဖာဘရီဂတ်စ် ကလည်း အလွန် ဝမ်းသာဂုဏ်ယူနေတယ်လို့ သိရပါတယ်။

ဖာဘရီဂတ်စ်က သူ့ရဲ့ ကိုမို အသင်းကို အာစင်ဝင်းဂါး ကိုင်တွယ်ခဲ့တဲ့ အာဆင်နယ် လိုမျိုး တိုက်စစ် ထက်မြတ်တဲ့ အသင်းမျိုး ဖြစ်လာစေချင်ကြောင်း ပြောကြားခဲ့ပါတယ်။ ကိုမိုဟာ အလိုင်းရန့်ဇ်ကွင်းမှာ ဂျူဗင်တပ်စ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၄ နေရာနဲ့ ၂ မှတ် အကွာကို ရောက်ရှိလာခဲ့ပါတယ်။

ကိုမို အသင်းဟာ ၁၉၅၁ ခုနှစ် ဧပြီလ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဂျူဗင်တပ်စ်ကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ကိုမိုဟာ အသင်း သမိုင်းတစ်လျှောက် ဂျူဗင်တပ်စ်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ရရှိခြင်း (League Double) ကလည်း ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

ဒါ့အပြင် ကိုမိုဟာ ဒီရာသီ စီးရီးအေမှာ အဝေးကွင်း နိုင်ပွဲ ၆ ပွဲ အထိ ရရှိထားပြီး၊ ဒါဟာ ၁၉၄၉-၁၉၅၀ ရာသီက တင်ထားခဲ့တဲ့ အသင်းရဲ့ အဝေးကွင်း နိုင်ပွဲ အများဆုံး စံချိန်ကို ပြန်လည် လိုက်မှီခဲ့ခြင်း ဖြစ်ပါတယ်။

ကိုမို အသင်းဟာ ၁၉၅၁ ခုနှစ် ဧပြီလ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဂျူဗင်တပ်စ်ကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။
ကိုမိုကို တိုက်စစ်အားသန် အသင်း တစ်သင်း ဖြစ်စေချင်နေတဲ့ ဖာဘရီဂတ်စ်

ဂျူဗင်တပ်စ်ကို အနိုင်ရခဲ့တဲ့ ပွဲအတွင်း ကိုမို အသင်း အတွက် ဒုတိယဂိုးကို မက်ဆန့်စ် ကာကူရက်က လျင်မြန်တဲ့ တန်ပြန် တိုက်စစ် ကနေ တဆင့် သွင်းယူခဲ့ခြင်း ဖြစ်ပြီး ဒါဟာ အာဆင်နယ်မှာ ဖာဘရီဂတ်စ် ကစားခဲ့စဉ်က ဝင်းဂါးရဲ့ ကစားဟန်နဲ့ ဆင်တူနေခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ဖာဘရီဂတ်စ်က “အာစင်ဝင်းဂါးက ကျွန်တော့် အတွက် ဒုတိယ ဖခင် တစ်ယောက်လိုပါပဲ။ သူဟာ ကစားကွက် အကူးအပြောင်းတွေနဲ့ ဟာကွက်တွေကို တိုက်စစ်ဆင်တဲ့ နေရာမှာ အများကြီး အားစိုက်ခဲ့သူပါ။ ဒါဟာ ခေတ်သစ် ဘောလုံးလောကမှာ ပိုတောင် အရေးကြီးပါသေးတယ်။ ကျွန်တော် သူ့ဆီ ကနေ အများကြီး သင်ယူခဲ့ပြီး ကျွန်တော့် အသင်း ကိုလည်း အဲ့ဒီလိုမျိုး ကစားစေချင်တာပါ။” လို့ DAZN Italia ကို ပြောကြားခဲ့ပါတယ်။

ကိုမိုဟာ ဒီပွဲမှာ အဓိက ကြယ်ပွင့် နီကို ပက်ဇ် ပွဲပယ်ခံထားရပေမယ့်လည်း ဖာဘရီဂတ်စ်ရဲ့ အသင်းက ပြိုင်ဘက်ကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော့် အမြင်အရ ပြောရရင် ဂျူဗင်တပ်စ်ဟာ အီတလီရဲ့ ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးပါ။ ဒါကြောင့် ဒီလို ကွင်းမျိုးကို လာပြီး ဒီလို ခြေစွမ်းမျိုးနဲ့ ကစားနိုင်ခဲ့တာဟာ ကျွန်တော့် အတွက် အလွန် ဂုဏ်ယူစရာ ကောင်းပါတယ်။” လို့ ဖာဘရီဂတ်စ်က ဆက်လက် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဖာဘရီဂတ်စ်က ခေတ်သစ် ဘောလုံးပွဲတွေမှာ နည်းစနစ်ပိုင်း အပြောင်းအလဲ တစ်ခုက ပွဲတစ်ခုလုံးကို ပုံစံအမျိုးမျိုး ပြောင်းလဲသွားစေနိုင်ကြောင်းနဲ့ ဖိအားတွေကို ရင်ဆိုင်နိုင်စွမ်း ရှိပြီး ဘောလုံးကို ပိုင်ပိုင်နိုင်နိုင် ကစားလိုတဲ့ ကစားသမားတွေ ရှိနေခြင်း ကိုလည်း ကျေနပ်မိကြောင်း ဆိုခဲ့ပါတယ်။

အသက် ၃၈ နှစ်သာ ရှိသေးတဲ့ ဖာဘရီဂတ်စ်ဟာ ကိုမိုကို ပြိုင်ပွဲစုံ ၆၉ ပွဲ ကိုင်တွယ်ထားပြီး ၂၉ ပွဲနိုင်၊ ၁၉ ပွဲ သရေ၊ ၂၁ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။ ကိုမိုဟာ ပြီးခဲ့တဲ့ ရာသီကမှ စီးရီးအေဆီ တန်းတက်လာတဲ့ အသင်း ဖြစ်ပေမယ့် အချိန်တိုတွင်းမှာ တိုးတက်မှု အရှိဆုံး အသင်း အဖြစ် သတ်မှတ်ရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်