နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘရန့်ဖို့ဒ်ကို သရေကစားခဲ့တဲ့ ဝုဗ်ရဲ့ စိတ်ဓာတ်နဲ့ သတ္တိကို ချီးကျူးလိုက်တဲ့ ရော့ဘ် အက်ဒ်ဝပ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးက ဝုဗ် ကတော့ အခုတပတ် ပွဲစဉ်မှာ ဘရန့်ဖို့ဒ်နဲ့ ၂-၂ သရေကျပြီး တစ်မှတ်စီ ခွဲယူနိုင်ခဲ့ပါတယ်။ ဝုဗ်ဟာ ဘရန့်ဖို့ဒ်ကို နှစ်ဂိုးပြတ် ရှုံးနိမ့်နေရာ ကနေ အကြိတ်အနယ် ကစားပြီး သရေတစ်မှတ် ခွဲယူနိုင်ခဲ့တာ ဖြစ်လို့ အသင်းရဲ့ စိတ်ဓာတ်နဲ့ သတ္တိကို နည်းပြ ဖြစ်သူ ရော့ဘ် အက်ဒ်ဝပ်က ချီးကျူးစကားဆိုလိုက်ပါတယ်။

တနင်္လာနေ့က ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ဝုဗ်ဟာ နှစ်ဂိုးပြတ် အရေးနိမ့်နေခဲ့ပေမယ် အားမာန် အပြည့်နဲ့ ပြန်လည် တိုက်စစ်ဆင်ခဲ့ပြီးနောက် ရလဒ်ကောင်း တစ်ခုကို ဖော်ဆောင်နိုင်ခဲ့တာကြောင့် အခုဆိုရင်တော့ ၃ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ စံချိန်ကို မြှင့်တင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ပွဲအစ ပထမပိုင်းမှာတင် ဘရန့်ဖို့ဒ် အတွက် မိုက်ကယ် ကာယိုဒီနဲ့ အီဂေါ သီယာဂို တို့က ဂိုးတွေ သွင်းယူပေးခဲ့တာကြောင့် ဝုဗ်တို့ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ရဲ့ ဇယား အောက်ခြေမှာ ရုန်းကန်နေရတဲ့ ဝုဗ် တို့ဟာ အရှုံးမပေးဘဲ ပြန်လည် တိုက်စစ်ဆင်ခဲ့ပါတယ်။ ပထမပိုင်း မပြီးခင်မှာ အဒမ် အမ်းစထရောင်းက ဂိုးသမား ကယ်လာဟာကို ကျော်ဖြတ်ပြီး ပထမ ချေပဂိုးကို သွင်းယူခဲ့ပါတယ်။

အဲဒီနောက် ဒုတိယ ချေပဂိုး ကိုတော့ လူစားဝင် ကစားသမား တိုလူ အရိုကိုဒါရေးက ကွင်းထဲ ရောက်လာပြီး ၃ မိနစ် အကြာမှာပဲ ခေါင်းတိုက်ဂိုးနဲ့ အသင်းအတွက် အရေးပါတဲ့ သရေ တစ်မှတ်ကို ရယူပေးနိုင်ခဲ့ပါတယ်။ ဝုဗ်ဟာ ယခင်က ၂ ဂိုး သို့မဟုတ် ၂ ဂိုးထက် ပိုပြီး အရေးနိမ့်နေရင် ၂၂ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ဖူးတဲ့ မှတ်တမ်းဆိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း မှာတော့ (ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အာဆင်နယ်နဲ့ ပွဲ အပါအဝင်) ၂ ဂိုးပြတ် ရှုံးနေတဲ့ အခြေအနေ ကနေ ၂ ပွဲ ဆက်တိုက် သရေရအောင် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဝုဗ်က ရမှတ် ၁၇ မှတ် ရထားပြီး ပရီးမီးယားလိဂ် တန်းဆင်းဇုန် အထက်က ဖောရက်စ်နဲ့ ၁၂ မှတ် ကွာဟနေသလို တစ်ပွဲပိုလည်း ကစားထားပါတယ်။
ခက်ခဲတဲ့ ပရီးမီးယားလိဂ် လက်ကျန် ပွဲတွေ ကစားရဦးမယ့် ဝုဗ်

Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ဝုဗ်ဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကုန်မှာ တန်းဆင်းရဖို့ သေချာသလောက် ရှိနေတယ်လို့ ဆိုထားပေမယ့် နည်းပြ ရော့ဘ် အက်ဒ်ဝပ် ကတော့ သူ့ရဲ့ ကစားသမားတွေရဲ့ ကြိုးစားမှုကို အခုလိုပဲ ချီးကျူးခဲ့ပါတယ်။ “ကွင်းထဲက ခံစားချက်နဲ့ အားမာန်တွေက ကျွန်တော်တို့ အသင်း အသာစီးရနေသလိုပါပဲ။ တိုင်ထိတာ၊ ဘားထိတာတွေလည်း ရှိခဲ့သလို အသင်းရဲ့ စွမ်းဆောင်ရည်က တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။”

“၂ ဂိုးပြတ် ကနေ လိုက်ကစားခဲ့ရပေမယ့် ကျွန်တော်တို့ အနိုင်ရသင့်တဲ့ ပွဲလို့ ခံစားရပါတယ်။ အဝေးကွင်းမှာ ဒီလို အသင်းမျိုးကို ပြန်လည် တိုက်စစ်ဆင်နိုင်တာ တကယ်ကို ဂုဏ်ယူစရာပါ။ ဒါဟာ ကျွန်တော်တို့ အသင်းရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်၊ သတ္တိနဲ့ စည်းလုံးမှုကို ပြသနေတာ ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

လူစားဝင်လာပြီး ဂိုးသွင်းပေးခဲ့တဲ့ အရိုကိုဒါရေးနဲ့ ပတ်သက်လို့လည်း နည်းပြက ကျေနပ် အားရလျက် ရှိနေပါတယ်။ အရိုကိုဒါရေးဟာ ဒီရာသီမှာ သွင်းဂိုး ၃ ဂိုး ရှိလာပြီ ဖြစ်ပြီး အားလုံးက လန်ဒန် ကလပ်တွေနဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဝုဗ်ဟာ ပရီးမီးယားလိဂ် တန်းဆင်းဇုန် ကနေ လွတ်မြောက်ဖို့ အတွက် အရေးပါတဲ့ ပွဲစဉ်တွေနဲ့ ရင်ဆိုင်ရဦးမှာပါ။ သူတို့ရဲ့ နောက်ထပ် ပြိုင်ဘက်တွေ ကတော့ ဝက်စ်ဟမ်း၊ လိဒ်စ်ယူနိုက်တက်နဲ့ စပါးတို့ ဖြစ်ပြီး ထူးခြားချက် အနေနဲ့ ဝုဗ်ဟာ ဧပြီလ ၁၀ ရက်နေ့ အထိ အနားရနေမှာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သတ်လို့ “ကျွန်တော်တို့မှာ ၂၅ ရက်လောက် အားလပ်ရက် ရပါမယ်။ ဒါဟာ ကျွန်တော်တို့ အတွက် အသစ်အဆန်း ဖြစ်ပေမယ့် ဒီကာလအတွင်းမှာ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် ဆင်းပြီး ခြေစမ်းပွဲ တစ်ပွဲလည်း ကစားဖို့ ပြင်ဆင်ထားပါတယ်။” လို့ အက်ဒ်ဝပ်က အားလပ်ရက် အစီအစဉ်ကို ပြောကြားသွားခဲ့ပါတယ်။

စပါးနဲ့ ကစားပြီးရင်တော့ ဝုဗ်ဟာ ဆန်းဒါးလန်း၊ ဘရိုက်တန်၊ ဖူလ်ဟမ်၊ ဘန်လေ တို့နဲ့ ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဝုဗ်က ရမှတ် ၁၇ မှတ် ရထားပြီး ပရီးမီးယားလိဂ် တန်းဆင်းဇုန် အထက်က ဖောရက်စ်နဲ့ ၁၂ မှတ် ကွာဟနေသလို တစ်ပွဲပိုလည်း ကစားထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်