နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဂွါဒီယိုလာ အတွက် အကြီးမားဆုံး စိန်ခေါ်မှုက ရီးရဲလ်မက်ဒရစ် မဟုတ်ဘဲ ကလော့ပ်ရဲ့ လစ်ဗာပူးလ် ဖြစ်နေ | ချန်ပီယံလိဂ်

မန်ချက်စတာစီးတီး ကတော့ ဒီနှစ် ချန်ပီယံလိဂ် မှာလည်း ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ထပ် တစ်ကြိမ် ဖြုတ်ချခြင်းကို ခံခဲ့ရပြန်ပြီ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးကို ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ကနေ ၅ ကြိမ်မြောက် ဖယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ သူ့ရဲ့ နည်းပြ ဘဝ သက်တမ်း တလျှောက် အခက်ခဲဆုံး ပြိုင်ဘက်ဟာ ရီးရဲလ်မက်ဒရစ် မဟုတ်ဘဲ ယာဂင် ကလော့ပ်ရဲ့ လစ်ဗာပူးလ်သာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ 

ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်း ၅-၁ နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ အခုဆိုရင် ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးကို ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ကနေ (၅) ကြိမ်တိုင်တိုင် ဖယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပြီး နောက်ဆုံး (၅) ရာသီ အတွင်း မှာတင် (၄) ကြိမ်အထိ ရှိလာခဲ့တာပါ။ ချန်ပီယံလိဂ် သမိုင်းမှာ ပြိုင်ဘက် တစ်သင်းတည်း ကနေ ၅ ကြိမ်ထက် ပိုပြီး ဖယ်ထုတ်ခံရတဲ့ အသင်း ဆိုလို့ ဘေယန်မြူးနစ် (ရီးရဲလ်မက်ဒရစ်က ၇ ကြိမ် ဖယ်ထုတ်ခဲ့) တစ်သင်းပဲ ရှိပါတော့တယ်။

ပပ် ဂွါဒီယိုလာက ရီးရဲလ်မက်ဒရစ်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ် ၅ ပွဲမှာ ၄ ပွဲ အထိ ရှုံးနိမ့်ထားပါတယ်။ အရင် ကတော့ သူဟာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ပထမဆုံး ၁၂ ပွဲမှာ ၃ ပွဲသာ ရှုံးနိမ့်ခဲ့တာပါ။ ဘာစီလိုနာ နည်းပြဟောင်း ဖြစ်တဲ့ ပပ် ဂွါဒီယိုလာဟာ ရီးရဲလ်မက်ဒရစ်နဲ့ အမြဲတမ်း ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိခဲ့ပြီး သူ့ရဲ့ နည်းပြဘဝမှာ အာဆင်နယ် (၃၃ ပွဲ)၊ ချဲလ်ဆီး (၃၁ ပွဲ) နဲ့ ယူနိုက်တက် (၃၁ ပွဲ) တို့ ပြီးရင် ရီးရဲလ် (ပွဲ ၃၀) နဲ့ အများဆုံး ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံမှု အကြိမ် ၃၀ မှာ ဂွါဒီယိုလာက ၁၄ ပွဲနိုင်၊ ၇ ပွဲသရေ၊ ၉ ပွဲရှုံး (ပင်နယ်တီ အဆုံးအဖြတ် ရှုံးနိမ့်မှုများ မပါ) ရလဒ် ထွက်ပေါ်ထားပါတယ်။ ဒါပေမယ့် မန်စီးတီး နည်းပြ ကတော့ ကလော့ပ်ရဲ့ လစ်ဗာပူးလ် ကသာ သူ့ကို အကြီးမားဆုံး ဒုက္ခပေးနိုင်ခဲ့တာလို့ အခုလို ဆိုပါတယ်။

ပပ် ဂွါဒီယိုလာက ရီးရဲလ်မက်ဒရစ်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ် ၅ ပွဲမှာ ၄ ပွဲ အထိ ရှုံးနိမ့်ထားပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ် ၅ ပွဲမှာ ၄ ပွဲ အထိ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီး

“မဟုတ်ပါဘူး၊ ကျွန်တော့်အတွက် အကြီးမားဆုံး စိန်ခေါ်မှုက ဒီမှာ ရှိခဲ့တဲ့ နှစ်တွေ အတွင်းမှာ ယာဂန် ကလော့ပ်ရဲ့ လစ်ဗာပူးလ် အသင်းပါပဲ။ ခင်ဗျားတို့ စပိန်မှာနေတုန်းက ဒီပြိုင်ဆိုင်မှုက ဘယ်လောက် ပြင်းထန်သလဲ ဆိုတာ သတိမထားမိခဲ့ကြဘူး။ ဒါဟာ ကလပ် အသင်း အတွက် သင်ခန်းစာကောင်း တစ်ခုပါ။ ဘာလို့လဲ ဆိုတော့ လွန်ခဲ့တဲ့ ၁၂ နှစ်၊ ၁၃ နှစ်က မန်စီးတီးဟာ ဥရောပ ပြိုင်ပွဲတွေမှာ မရှိခဲ့ပါဘူး။ အခုတော့ ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးနဲ့ ဒီလိုမျိုး မျိုးဆက် တစ်ခုလုံး အကြိမ်ကြိမ် ယှဉ်ပြိုင်နိုင်ခဲ့ပြီ။ သူတို့ နိုင်တဲ့ အခါ ရှိသလို ကျွန်တော်တို့ နိုင်တဲ့ အခါလည်း ရှိပါတယ်။ ကိန်းဂဏန်းတွေက ဆင်တူပေမယ့် သူတို့က ကျွန်တော် တို့ကို ပိုပြီး ဖယ်ထုတ်နိုင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်လို ကစားခဲ့သလဲ ဆိုတာ သူတို့ သိပါတယ်။” လို့ ဂွါဒီယိုလာ ပြောပါတယ်။

ပပ် ဂွါဒီယိုလာဟာ ကလော့ပ်နဲ့ အကြိမ် ၃၀ တွေ့ဆုံခဲ့ပြီး ဒါဟာ တခြား ဘယ်နည်းပြနဲ့တွေထက် မဆို ပိုများနေပါတယ်။ အဲဒီ တွေ့ဆုံမှု အကြိမ် ၃၀ မှာ ဂွါဒီယိုလာက ၁၀ ကြိမ်သာ နိုင်ခဲ့ပြီး ၁၁ ကြိမ် အထိ ရှုံးနိမ့်ထားပါတယ်။ တွေ့ဆုံမှု အကြိမ် ၃၀ ထဲက ၈ ကြိမ်ဟာ ဂျာမနီမှာ ရှိစဉ်က ဖြစ်ပါတယ်။ လစ်ဗာပူးလ်နဲ့ ၁၆ ကြိမ် တွေ့ဆုံရာမှာ မန်စီးတီးက ၅ ကြိမ် နိုင်၊ ၄ ကြိမ် ရှုံး၊ ၇ ကြိမ် သရေကျခဲ့ပါတယ်။ ဂိုးသွင်းယူမှု မှာတော့ မန်စီးတီးက ၃၁ ဂိုး၊ လစ်ဗာပူးလ်က ဂိုး ၂၀ သွင်းထားပါတယ်။

၀၁၇-၂၀၁၈ ကနေ ၂၀၂၃-၂၄ ရာသီ အတွင်းမှာ ကလော့ပ်ရဲ့ လစ်ဗာပူးလ်က ၂၀၁၉-၂၀ မှာ ချန်ပီယံဆု ယူနိုင်ခဲ့သလို ကျန်တဲ့နှစ်တွေ မှာလည်း မန်စီးတီးကို ၁ မှတ်အကွာနဲ့ (၂၀၁၈-၁၉ နှင့် ၂၀၂၁-၂၂) အကြိတ်အနယ် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဂွါဒီယိုလာက ကလော့ပ်ရဲ့ လစ်ဗာပူးလ်ကို အခက်ခဲဆုံး ပြိုင်ဘက် အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်