နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ထိပ်တန်း ကလပ် များစွာရဲ့ ပစ်မှတ် ဖြစ်နေတဲ့ အန်ဇို ဖာနန်ဒက်ဇ်၊ ကိုဖာနေးရဲ့ ခြေစွမ်းကို သဘောကျနေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

မတ် ၂၀ ရက် ညနေခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ်ကို ခေါ်ယူလိုတဲ့ အသင်းတွေ စာရင်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီ အပြင် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အဲလ်နာဆာပါ ပါဝင်လာခဲ့ပါတယ်။ လက်ရှိမှာ အန်ဇို ဖာနန်ဒက်ဇ်ကို ပေါင် ၁၂၉.၆ သန်းခန့် တန်ဖိုးဖြတ်ထားပြီး ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာနဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်စီးတီး တို့ကလည်း စောင့်ကြည့်နေကြပါတယ်။

အခြားတစ်ဖက်မှာလည်း ပီအက်စ်ဂျီ ကလည်း လက်ရှိ နည်းပြ လူးဝစ် အန်နရီကေး နေရာမှာ လစ်ဗာပူးလ် နည်းပြဟောင်း ယာဂန် ကလော့ပ်နဲ့ အစားထိုးရန် စီစဉ်နေပြီး၊ ကလော့ပ်သာ ရောက်ရှိလာရင်တော့ အန်ဇို ဖာန်နန်ဒက်ဇ်ကို ခေါ်ယူပေးဖို့ တောင်းဆိုဖွယ် ရှိနေပါတယ်။

ချဲလ်ဆီး အနေနဲ့လည်း အန်ဇိုကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဆက်ရှိနေစေဖို့ အတွက် အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်လာစေမယ့် တစ်ပတ် လုပ်ခ လစာ ပေါင် ၃၂၅,၀၀၀ အထိ တိုးမြှင့်ပေးဖို့ ပြင်ဆင်နေပါတယ်။ အသင်းရဲ့ လက်ရှိ အခြေအနေတွေကြောင့် ချဲလ်ဆီး ကစားသမား တချို့က စိတ်ပျက်နေကြပြီး အသင်း ကနေ ထွက်ခွာဖို့ အထိ စဉ်းစားနေကြပါတယ်။

နော့တင်ဟမ်ဖောရက်စ် ကြယ်ပွင့် အဲလီးယော့တ် အန်ဒါဆန်ကို ခေါ်ယူဖို့ အတွက် မန်ချက်စတာယူနိုက်တက်ထက် မန်စီးတီးက ပိုမို ရေပန်းစားနေသလို ဘေယန်မြူးနစ် ကလည်း စိတ်ဝင်စားနေပါတယ်။ ပြောင်းရွှေ့ကြေးမှာ ပေါင် သန်း ၈၀ ထက် မနည်း ရရှိနိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက်က ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၃.၇ သန်း နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ဘက်က ယူရို သန်း ၁၆၀ သန်းကျော်ခန့် အလိုရှိနေပါတယ်။

လေဗာကူဆင်က ခရစ္စတီယန် ကိုဖာနေးကို ခေါ်ယူဖို့ အာဆင်နယ်က စိတ်ဝင်စားနေသလို ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ နယူးကာဆယ်တို့ ကလည်း ချိတ်ဆက်နေပါတယ်။
ချန်ပီယံလိဂ် ပွဲမှာ ကိုဖာနေးရဲ့ ခြေစွမ်းကို သဘောကျခဲ့တဲ့ အာဆင်နယ်

လေဗာကူဆင်က ခရစ္စတီယန် ကိုဖာနေးကို ခေါ်ယူဖို့ အာဆင်နယ်က စိတ်ဝင်စားနေသလို ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ နယူးကာဆယ်တို့ ကလည်း ချိတ်ဆက်နေပါတယ်။

ပေါ်တို အသင်းရဲ့ အသက် ၁၈ နှစ် အရွယ် ကွင်းလယ်လူ မိုရာကို ခေါ်ယူဖို့ နယူးကာဆယ်၊ အာဆင်နယ်နဲ့ မန်စီးတီးတို့ အကြား “ ဈေးပြိုင်ပွဲ” ဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ တန်ဖိုးက ပေါင် ၆၉.၁ သန်း ရှိပြီး အပိုဆုကြေးတွေ အပါအဝင် ဆိုရင် ဂဏန်း ၉ လုံး အထိ ရောက်ရှိသွားနိုင်ပါတယ်။

လစ်ဗာပူးလ် ကတော့ လာမယ့် နွေရာသီမှာ ဖက်ဒရစ်ကို ခီယေဇာ၊ မိုဟာမက် ဆာလာ၊ အီဘရာဟီမာ ကိုနာတေးနဲ့ အန်ဒီ ရောဘတ်ဆန် တို့ကို ကမ်းလှမ်းလာခဲ့ရင် လက်ခံ စဉ်းစားဖွယ် ရှိနေပါတယ်။

အာဆင်နယ် လူငယ် ကစားသမား မိုင်းလ် လူးဝစ်-စကယ်လီကို အက်တလက်တီကိုမက်ဒရစ်က စိတ်ဝင်စားနေပါတယ်။ အာဆင်နယ် ဘက်က ပေါင်သန်း ၅၀ ဝန်းကျင် တောင်းဆိုထားတာကြောင့် အက်တလက်တီကိုက ရော်ဘင် လီ နော်မန်နဲ့ အလဲထပ် ပြုလုပ်ဖို့ ကမ်းလှမ်းထားပါတယ်။

ရေးဗားပလိတ် အသင်းရဲ့ ကြယ်ပွင့် နောက်ခံလူ လော်တာရို ရီဗာရိုကို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ဘရိုက်တန်၊ လိဒ်စ်ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း တို့က မျက်စိကျနေကြပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နယူးကာဆယ် နာမည်ကျော် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်ရဲ့ အပြောင်းအရွှေ့ကိစ္စ အတွက် ဆွေးနွေးနေမှုက အခြေအနေ ပိုတိုးတက်မှု ရှိလာပြီလို့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမယ့် ဘရူနို ဂီမာရေးစ်ကို လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် အသင်း ကလည်း ခေါ်ယူချင်နေတာကြောင့် ယူနိုက်တက်တို့ အပြိုင်အဆိုင် ကြိုးပမ်းရဖို့ ရှိနေပါတယ်။

နယူးကာဆယ်နဲ့ ပွဲမှာ ပါဝင်ခွင့် မရခဲ့တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်က အသင်းဟောင်းထံ ပြန်ပို့ခံရဖို့ ပိုမို ရာခိုင်နှုန်းများလာခဲ့ကြောင်း သိရပါတယ်။ ဒုတိယအကျော့ အရေးကြီး ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ် အသင်း အတွက် ပါဝင် ကစားပေးနိုင်ခြင်း မရှိခဲ့သလို ဘာစီလိုနာ ဘက်ကလည်း ရက်ရှ်ဖို့ဒ်ကို နောက်ကောက်ချပြီး ရာဖင်ညာနဲ့ ယာမယ် တို့ကို တောင်ပံတွေမှာ ထုတ်သုံးသွားခဲ့ပါတယ်။ ဘာစီလိုနာဟာ အပြီးသတ် ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်းကို ပေးချေဖို့ နဂိုကတည်းက တွန့်ဆုတ်နေခဲ့တာ ဖြစ်ပြီး ယခုတစ်ခေါက်မှာတော့ ရက်ရှ်ဖို့ဒ်ကို မှီခိုနေစရာ မလိုလောက်တဲ့ အထိ ကစားပြနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်