နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အဲလ်ဖွန်ဆို ဒေးဗီးစ်နဲ့ သတင်းတွေ ထွက်လာတဲ့ ယူနိုက်တက်၊ အန်ဇို ဖာနန်ဒက်စ် နေရာမှာ အဲလီယော့တ် အန်ဒါဆန်နဲ့ အစားထိုးမယ့် ချဲလ်ဆီး | ပရီးမီးယားလိဂ်

မတ် ၂၁ ရက် ညနေခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က ဘေယန်မြူးနစ် ဘယ်နောက်ခံလူ အဲလ်ဖွန်ဆို ဒေးဗီးစ်ကို စိတ်ဝင်စားနေပါတယ်။ ကနေဒါ လက်ရွေးစင် ဒေးဗီးစ်ရဲ့ ဒဏ်ရာ မှတ်တမ်းကြောင့် ဘေယန် ဘက်ကလည်း သင့်တော်တဲ့ ဈေးရရင် ရောင်းထုတ်ဖို့ စဉ်းစားနေပါတယ်။

ဖူလ်ဟမ် ဘယ်နောက်ခံလူ အန်တိုနီ ရော်ဘင်ဆင် ကိုလည်း မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေပေမယ့် လစ်ဗာပူးလ် အသင်း နည်းတူ သူ့ရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၃၀ သန်း အပေါ် မှာတော့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်ကို ခေါ်ယူဖို့ ယူနိုက်တက်က အဆင့်မြင့် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ် ကပါ စိတ်ဝင်စားလာတာကြောင့် ယူရို သန်း ၈၀ တန် ဒီအပြောင်းအရွှေ့ဟာ ပျက်ပြားသွားနိုင်ခြေ ရှိပါတယ်။

ဘရန်ဖို့ဒ် နောက်ခံလူ နေသန် ကောလင်းစ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အဓိက ပစ်မှတ် တစ်ခု ဖြစ်နေသလို ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ စပါး တို့ကလည်း သူ့ကို စောင့်ကြည့်နေကြပါတယ်။

ချဲလ်ဆီးဟာ အသင်းမှာ မပျော်မရွှင် ဖြစ်နေတဲ့ အန်ဇို ဖာနန်ဒက်စ်ရဲ့ နေရာမှာ အစားထိုးဖို့ နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန်ကို ပစ်မှတ်ထားနေပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ အန်ဒရီ ဆန်းတို့စ်ကို အင်တာမီလန်က စိတ်ဝင်စားနေပြီး ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီနဲ့ ကစားတဲ့ ပွဲကို အင်တာမီလန် တာဝန်ရှိသူတွေ လာရောက် ကြည့်ရှုခဲ့ကြပါတယ်။

အသက် ၁၈ နှစ်အရွယ် စထရာဘိုး တောင်ပံ ကစားသမားလေး ရေယန် မက်ဆီကို ဘေယန်မြူးနစ်က ချဉ်းကပ်နေပေမယ့် ချဲလ်ဆီး ကတော့ သူတို့ရဲ့ BlueCo အသင်း အချင်းချင်း ကစားသမား ကူးပြောင်းမှုပုံစံနဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

တစ်ဖက်မှာလည်း သူတို့ရဲ့ ကစားသမားတွေ ဖြစ်တဲ့ တိုနာလီနဲ့ တီနို လစ်ဗရာမန်တို တို့ကို ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်က ခေါ်ယူချင်နေပါတယ်။
ချဲလ်ဆီး၊ အာဆင်နယ်နဲ့ နယူးကာဆယ် တို့ အကြားမှာ အပြောင်းအရွှေ့တွေ ဖြစ်လာနိုင်ခြေ ရှိနေ

အာလင်း ဟာလန်းဟာ လာမယ့်နှစ်နှစ် အတွင်း (ဖြစ်နိုင်ရင် ဒီနွေရာသီမှာတင်) မန်စီးတီး ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်မှာ သူ့အတွက် နေရာ မရှိသလို ဘာစီလိုနာ ကလည်း သူ့ရဲ့ ပြောင်းရွှေ့ကြေးကို တတ်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

အကယ်၍ ဘာစီလိုနာက မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အပိုင်မဝယ်ဖြစ်ဘူး ဆိုရင် အာဆင်နယ်က ကြားဖြတ် ခေါ်ယူဖို့ ပြင်နေပါတယ်။ ချဲလ်ဆီးနဲ့ ဂျူဗင်တပ်စ် တို့ကလည်း စိတ်ဝင်စားနေတာကြောင့် ယူနိုက်တက် ဘက်ကတော့ ဘာစီလိုနာနဲ့ သဘောတူထားတဲ့ စည်းကမ်းချက်တွေ အတိုင်းပဲ ရောင်းချမှာ ဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။

တိုက်စစ်မှူးသစ် ရှာဖွေနေတဲ့ နယူးကာဆယ်ဟာ ချဲလ်ဆီး တိုက်စစ်မှူးတွေ ဖြစ်တဲ့ လီယမ် ဒီလက်ပ်နဲ့ နီကိုးလက်စ် ဂျက်ဆန် တို့ကို စိတ်ဝင်စားနေပါတယ်။ တစ်ဖက်မှာလည်း သူတို့ရဲ့ ကစားသမားတွေ ဖြစ်တဲ့ တိုနာလီနဲ့ တီနို လစ်ဗရာမန်တို တို့ကို ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်က ခေါ်ယူချင်နေပါတယ်။

လစ်ဗာပူးလ် နောက်ခံလူ အီဘရာဟီမာ ကိုနာတေးက စာချုပ်ကုန်ဆုံးချိန်မှာ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် အင်တာမီလန် တို့က ကမ်းလှမ်းမှု မရှိရင် ဆော်ဒီလိဂ်ကို ပြောင်းရွှေ့နိုင်ပါတယ်။

လာဇီယို နောက်ခံလူ မာရီယို ဂီလာကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ အပြိုင် ကြိုးစားနေသလို၊ ဖရန့်ဖတ်မှာ အငှားနဲ့ ကစားနေတဲ့ ကာလီမူအန်ဒို ကိုလည်း စပါးနဲ့ အပြိုင် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ချဲလ်ဆီး ကနေ အငှားလာကစားနေတဲ့ အက်ဆဲလ် ဒီဆာဆီကို အပိုင်ဝယ်ချင်ပေမယ့် ချဲလ်ဆီး ဘက်က အရင်ဝယ်ဈေး ပေါင် ၃၈ သန်းနီးပါး ပြန်လိုချင်နေတာကြောင့် ဈေးနှုန်းအပေါ် မကျေမလည် ဖြစ်နေပါတယ်။

ဟူလီယန် အဲလ်ဗာရက်စ်ဟာ ဒီနွေရာသီမှာ အက်တလက်တီကိုမက်ဒရစ် ကနေ ထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ ဒါဟာ သူ့ကို ခေါ်ယူချင်နေတဲ့ ဘာစီလိုနာရဲ့ မျှော်လင့်ချက်ကို ရိုက်ခတ်မှု ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာဟာ အဲလ်ဗာရက်စ်ကို ရဖို့ လက်မလျှော့သေးဘဲ သူတို့ အသင်းက ကစားသမားတွေ ဖြစ်တဲ့ မာ့ခ် ကာဆာဒို၊ အဲရစ်ခ် ဂါစီယာနဲ့ ဖာရန်း တောရက်စ်တို့ ထဲက ကြိုက်နှစ်သက်ရာနဲ့ အလဲအထပ် လုပ်ဖို့ အက်တလက်တီကိုမက်ဒရစ်ကို နားချဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ် ကတော့ ဒီနွေရာသီမှာ မန်စီးတီး ကွင်းလယ်လူ ရိုဒရီနဲ့ ဒေါ့မန် နောက်ခံလူ နီကို ရှလော့တ်တာဘက်ခ် တို့ကို ခေါ်ယူဖို့ အစီအစဉ် မရှိတော့ကြောင်း အသေအချာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ 

ဒေါ့မန် နောက်ခံလူ ရှလော့တ်တာဘက်ခ်ဟာ ဘာစီလိုနာရဲ့ ပစ်မှတ် အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ အင်တာမီလန် နောက်ခံလူ ဘက်စတိုနီကို ခေါ်ယူမယ် ဆိုရင် ယူရို သန်း ၁၀၀ ကျော် အထိ ကုန်ကျနိုင်တာကြောင့် ဘာစီလိုနာက သူ့အစား ရှလော့တ်တာဘက်ခ်ကို အစားထိုး ပစ်မှတ် အဖြစ် သတ်မှတ်ထားတာပါ။ 

ရီးရဲလ်မက်ဒရစ်ဟာ ရာသီကုန်မှာ အသင်း ကနေ ထွက်ခွာတော့မယ့် ဒန်နီ ကာဗာဟယ်ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် မန်ချက်စတာယူနိုက်တက် ညာနောက်ခံလူ ဒီယေဂို ဒါးလော့တ်ကို သူတို့ရဲ့ ထိပ်တန်း ပစ်မှတ် တစ်ခု အဖြစ် သတ်မှတ်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်