နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

မက်ဒရစ် ဒါဘီ နိုင်ပွဲနဲ့ အတူ ဘာစီလိုနာကို ဆက်လက် ဖိအားပေးခဲ့တဲ့ ရီးရဲလ် | လာလီဂါ

လာလီဂါရဲ့ အကြိတ်အနယ် ရှိတဲ့ မက်ဒရစ် ဒါဘီ ပွဲစဉ် မှာတော့ ရီးရဲလ်မက်ဒရစ်က တစ်ယောက်လျော့နဲ့ အက်တလက်တီကိုမက်ဒရစ်ကို ၃-၂ နဲ့ အနိုင်ယူပြီး ချန်ပီယံဆု မျှော်လင့်ချက်ကို ဆက်လက် ရှင်သန်စေခဲ့ပါတယ်။

ဒီပွဲမှာ ရီးရဲလ်မက်ဒရစ် ဘက်က ဖရက်ဒရစ်ကို ဗယ်လ်ဗာဒီ တယောက် ပွဲပြီးခါနီး ၇၇ မိနစ်မှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်တို့ ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ်ရဲ့ ဖိအားပေးမှုတွေကို ကြံ့ကြံ့ခံပြီး အဖိုးတန် ၃ မှတ်ကို အရယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အဲလ်ဗာရို အာဘီလိုအာရဲ့ အသင်းက လာလီဂါ ဇယားထိပ်က ဘာစီလိုနာနဲ့ ၄ မှတ် အကွာကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

အက်တလက်တီကိုမက်ဒရစ် အတွက် ပထမဆုံး အကြိမ် မက်ဒရစ် ဒါဘီ ပွဲစဉ် ကစားခွင့်ရခဲ့တဲ့ အဒမ်မိုလာ လွတ်ခ်မန်းက ပွဲချိန် ၃၃ မိနစ်မှာ အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲက အလှည့်အပြောင်းတွေ ရှိလာခဲ့ပြီး ဒုတိယပိုင်း အစ ၅၂ မိနစ်မှာ ဘရာဟင်မ် ဒီးယက်ဇ် ပြိုင်ဘက် နောက်တန်းကို ဖောက်ဝင်ရာ ကနေ ရရှိတဲ့ ပင်နယ်တီကို ဗင်နီးစီးယက်စ်က အမှားအယွင်း မရှိ ကန်သွင်းပြီး ချေပဂိုး ရယူပေးခဲ့ပါတယ်။ ၃ မိနစ် အကြာမှာပဲ လူစားဝင်လာတဲ့ အက်တလက်တီကိုမက်ဒရစ် နောက်ခံလူ ဂျင်မီနက်ဇ်ရဲ့ အမှားကနေ တဆင့် ဗယ်လ်ဗာဒီက ဒုတိယဂိုး သွင်းယူပြီး ရီးရဲလ်ကို ဦးဆောင်စေခဲ့ပါတယ်။

လာလီဂါ ပွဲပေါင်း ၂၆၃ ပွဲ ကစားခဲ့တဲ့ အတွင်း ဒီပွဲမှာ ရခဲ့တဲ့ အနီကတ်က ဗယ်လ်ဗာဒီ အတွက် ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
ရှုံးပွဲ ကြုံခဲ့ပေမယ့် လာလီဂါ အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်ထားနိုင်ခဲ့တဲ့ အက်တလက်တီကိုမက်ဒရစ်

၆၆ မိနစ်မှာ အက်တလက်တီကို နောက်ခံလူ နာဟူးလ် မိုလီနာ ၂၅ ကိုက် အကွာ ကနေ အံ့အားသင့်ဖွယ် အဝေးကန်ချက်နဲ့ ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ထရန့် အလက်ဇန္တား-အာနိုးလ်ရဲ့ ဖန်တီးပေးမှု ကနေ ဗင်နီးစီးယက်စ်က ရီးရဲလ်မက်ဒရစ် အတွက် တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပွဲပြီးခါနီး မှာတော့ ဗယ်လ်ဗာဒီက အဲလက်စ် ဘေနာကို နောက်ကနေ ကန်မိခဲ့တာကြောင့် တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် အဲလ်ဗာရို အာဘီလိုအ်ရဲ့ ရီးရဲလ်က ပွဲပြီးတဲ့ အထိ ဂိုးမပေးရအောင် ထိန်းကစားနိုင်ခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

မကြာသေးခင်က မန်ချက်စတာစီးတီးနဲ့ ချန်ပီယံလိဂ် ပွဲမှာ ဟက်ထရစ် သွင်းခဲ့တဲ့ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီ အတွက် ဒီနေ့ပွဲဟာ ကောင်းခြင်း၊ ဆိုးခြင်း ဒွန်တွဲနေခဲ့ပါတယ်။ ဗယ်လ်ဗာဒီဟာ ဒီရာသီ လာလီဂါမှာ ၄ ဂိုး သွင်း၊ ၇ ဂိုး ဖန်တီးထားနိုင်ပြီး ဂိုးပါဝင် ပတ်သက်မှု ၁၁ ကြိမ် အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ကစားသမား ဘဝ တစ်ရာသီ အတွင်း အကောင်းဆုံး မှတ်တမ်းကို ပြန်လည် လိုက်မီသွားခဲ့တာ ဖြစ်ပါတယ်။ လာလီဂါ ပွဲပေါင်း ၂၆၃ ပွဲ ကစားခဲ့တဲ့ အတွင်း ဒီပွဲမှာ ရခဲ့တဲ့ အနီကတ်က ဗယ်လ်ဗာဒီ အတွက် ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

တဖက် မှာလည်း ရီးရဲလ်မက်ဒရစ်က တစ်ပွဲလုံးမှာ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၇ ကြိမ် ပြုလုပ်ခဲ့ပြီး အက်တလက်တီကိုမက်ဒရစ် ကတော့ ၁၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် မျှော်မှန်းဂိုး (xG) အနေအထားအရလည်း ရီးရဲလ်က ၂.၄၂ နဲ့ အသာစီးရခဲ့တာ တွေ့ရပါတယ်။

ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ ချန်ပီယံဆု အတွက် ဘာစီလိုနာကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပေမယ့် တီကို အတွက် ကတော့ သိပ်ပြီး အဓိပ္ပာယ် မရှိခဲ့ပါဘူး။ လက်ရှိ လာလီဂါ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရှိနေတဲ့ တီကိုက အဆင့် ၃ နေရာက ဗီလာရီးရဲလ်နဲ့ ၁ မှတ်သာ ကွာဟပေမယ့် အဆင့် ၅ နေရာက ဘက်တစ် ကိုတော့ ၁၃ မှတ် အထိ ဖြတ်ထားနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်