နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဂွါဒီယိုလာ ထွက်ခွာသွားခြင်းနဲ့ အတူ မန်စီးတီးရဲ့ အနာဂတ် ဘာတွေ ဆက်ဖြစ်လာမလဲ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အနေနဲ့ မကြာခင်မှာပဲ သူတို့ရဲ့ ဂန္ထဝင် နည်းပြ ပပ် ဂွါဒီယိုလာရဲ့ နေရာကို ဆက်ခံမယ့်သူကို ရှာဖွေရတော့မှာ ဖြစ်ပါတယ်။

ဒီရာသီဟာ မန်စီးတီး အသင်းမှာ ဂွါဒီယိုလာရဲ့ နောက်ဆုံးရာသီ ဖြစ်လာနိုင်တယ် ဆိုတဲ့ မရေမရာ အငွေ့အသက်တွေဟာ ရာသီပိတ်ခါနီး နောက်ဆုံး အပတ် မှာတော့ ပိုမို အတည် ဖြစ်လာခဲ့ပါတယ်။ ပြိုင်ဘက် အာဆင်နယ်က ညက ဘန်လေကို အနိုင်ယူခဲ့တဲ့အချိန်မှာ ဂွါဒီယိုလာ အနေနဲ့ လာမယ့် နွေရာသီမှာ အက်တီဟတ် ကနေ ထွက်ခွာဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဆိုတဲ့ သတင်းက ဟိုးလေးတကျော်ကျော် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ တကယ်တော့ ဖြစ်လာဖို့ ရှိနေတာ ကြာပြီလည်း ဖြစ်ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီက မျှော်လင့်ထားသလောက် ရလဒ်မကောင်းခဲ့တာကြောင့် ဂွါဒီယိုလာက အသင်းကို အကြီးအကျယ် ပြန်လည် တည်ဆောက်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ် ၈ ကြိမ်မြောက် ချန်ပီယံ ဖြစ်ထားတဲ့ မန်စီးတီးဟာ ဘောလုံးပိုင်ဆိုင်မှု အသားပေးပြီး အဖွဲ့လိုက် စနစ်တကျ ကစားတတ်တဲ့ ပုံစံကနေ တစ်ဦးချင်း အရည်အချင်း ထက်မြက်သူတွေကို အသုံးပြုကာ ပိုမို တိုက်ရိုက်ကျကျ ထိုးဖောက်တဲ့ ကစားဟန် ဘက်ကို ကူးပြောင်းလာခဲ့ပါတယ်။ အခုလို ဗျူဟာမြောက် ပြောင်းလဲမှုဟာ သူတို့ရဲ့ မဟာဗျူဟာမြောက် ဆရာကြီး (ဂွါဒီယိုလာ) မရှိတော့မယ့် အနာဂတ် အတွက် ပြင်ဆင်နေတာ ဖြစ်တယ်လို့ အများစုက ယူဆနေကြပါတယ်။

ကတ်တလန် လူမျိုး နည်းပြဟာ မန်စီးတီးကို အာဆင်နယ်နဲ့ ပွဲမှာ ခရာဘောင်ဖလား ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့သလို၊ ချဲလ်ဆီးကို အနိုင်ယူပြီး အက်ဖ်အေဖလား ကိုလည်း ရယူပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာဟာ မီခဲလ် အာတေးတားရဲ့ အာဆင်နယ်ကို ကျော်ဖြတ်ပြီး နောက်ထပ် ပရီးမီးယားလိဂ် ဖလား တစ်လုံးနဲ့ အတူ အောင်ပွဲခံကာ နှုတ်ဆက်သွားဖို့ အခွင့်အရေး ရှိနေပါသေးတယ်။

အကယ်၍ ဂွါဒီယိုလာသာ အသင်း ကနေ တကယ်ပဲ ထွက်ခွာသွားခဲ့ရင် အန်ဇို မာရက်စကာက အလားအလာ အရှိဆုံး အစားထိုးနိုင်သူ အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီး နည်းပြဟောင်းရဲ့ လက်ထောက် ဖြစ်ခဲ့ဖူးသူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ နည်းပြ တစ်ဦးရဲ့ နေရာကို အစားထိုးဖို့ စိန်ခေါ်မှုကို ရင်ဆိုင်ရမယ့် တစ်ဦးတည်းသော နည်းပြတော့ မဟုတ်ပါဘူး။

 

၄။ လူးဝစ္စ အန်နရီကေး

မန်စီးတီး နည်းပြ ရာထူး အတွက် ရေပန်းစားနေသူတွေ အကြားမှာ တူညီတဲ့ အချက် တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ၎င်းတို့ဟာ မန်စီးတီး သို့မဟုတ် ဂွါဒီယိုလာနဲ့ အနီးကပ် ပတ်သက်ဖူးသူတွေ ဖြစ်ရပါမယ်။ လက်ရှိ ပဲရစ်စိန့်ဂျာမိန်းမှာ အံ့အားသင့်ဖွယ် အောင်မြင်မှုတွေ ရရှိနေတဲ့ လူးဝစ္စ အန်နရီကေးဟာ ဘာစီလိုနာမှာ ဂွါဒီယိုလာနဲ့ အတူ ကစားဖူးသလို၊ ၂၀၀၈ ခုနှစ်တုန်းက ဘာစီလိုနာ လူငယ်အသင်း မှာလည်း ဂွါဒီယိုလာရဲ့ နေရာကို ဆက်ခံခဲ့သူဖြစ်တာကြောင့် ဒီအရည်အချင်းနဲ့ လုံးဝကို ကိုက်ညီနေပါတယ်။

အန်နရီကေးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဂွါဒီယိုလာရဲ့ အရိပ်အောက် ကနေ ရုန်းထွက်နိုင်ခဲ့ပြီး ကမ္ဘာ့အလေးစားရဆုံး နည်းပြတွေထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာ၊ စပိန် လက်ရွေးစင် အသင်းနဲ့ ပီအက်စ်ဂျီ တို့မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေက သူ့ကို နောက်ထပ် အဆင့်တစ်ခုဆီ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီနဲ့ အတူ သူရရှိခဲ့တဲ့ အောင်မြင်မှုတွေက သိသာထင်ရှားလှပြီး၊ ပြင်သစ် ကလပ်ကို ချန်ပီယံလိဂ် ဖလား ရရှိအောင် လမ်းပြပေးခဲ့သလို ဥရောပရဲ့ အကောင်းဆုံး အသင်း တစ်သင်း ဖြစ်လာအောင် ပုံဖော်ပေးခဲ့ပါတယ်။ ပီအက်စ်ဂျီ အနေနဲ့ ကစားသမား အကျော်အမော်တွေကိုပဲ ခေါ်ယူတဲ့ ‘Galacticos’ အပြောင်းအရွှေ့ပုံစံကနေ ခွဲထုတ်ပြီးနောက်မှာ အန်နရီကေးရဲ့ လျှပ်စီးလို မြန်ဆန်တဲ့ တိုက်စစ်ဆင်မှုတွေက ဥရောပပြိုင်ဘက်တွေကို အကောင်းဆုံး ဒူးထောက်စေခဲ့တာ ဖြစ်ပါတယ်။

ပါရီမှာ သူတည်ဆောက်ထားခဲ့တဲ့ အရာတွေကို စွန့်ခွာပြီး မန်စီးတီး ရာထူးကို ရယူမလား ဆိုတာ မရေရာသေးပေမယ့် ဂွါဒီယိုလာရဲ့ နေရာကို ဆက်ခံမယ့် စာရင်းထဲ မှာတော့ သူ သေချာပေါက် ပါဝင်နေမှာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်တာ အတွင်း သူဟာ ကမ္ဘာ့အကောင်းဆုံး မန်နေဂျာ ဖြစ်ခဲ့တယ် ဆိုတာကို ငြင်းပယ်နိုင်သူ နည်းပါးပါလိမ့်မယ်။

 

၃။ ဆက်စ် ဖာဘရီဂတ်စ်

ဆက်စ် ဖာဘရီဂတ်စ်ဟာ ငယ်စဉ်ကတည်းက ကစားသမား ဖြစ်သူ ဂွါဒီယိုလာကို အားကျ အတုယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာ အကယ်ဒမီထွက် ဖြစ်တဲ့ သူဟာ သူ့ရဲ့ ကစားသမား သက်တမ်း တစ်လျှောက်မှာ ကျောနံပါတ် (၄) ဝတ်ဆင်ခဲ့တာ ဖြစ်ပြီး ဂွါဒီယိုလာရဲ့ နူးကမ့်ပ် နောက်ဆုံး ရာသီမှာ ဘာစီလိုနာ အသင်းဆီ ပြန်လည်ပူးပေါင်းဖို့ အာဆင်နယ် ကနေ ထွက်ခွာချင်စိတ် ပြင်းပြခဲ့တာ ဖြစ်ပါတယ်။

အခုအခါမှာတော့ ဖာဘရီဂတ်စ်ဟာ နည်းပြလောကထဲ ရောက်ရှိလာချိန်မှာလည်း ဂွါဒီယိုလာရဲ့ အမူအကျင့်တချို့ကို အမွေရရှိထားတာ သိသာပါတယ်။ ကိုမိုရဲ့ စီးရီးအေ ပြိုင်ပွဲ အတွင်း အံ့အားသင့်ဖွယ် တဟုန်ထိုး တက်လှမ်းလာမှုဟာ ဆွဲဆောင်မှု ရှိပြီး ဘောလုံးပိုင်ဆိုင်မှု အသားပေးတဲ့ ကစားဟန်အပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အားလုံးက ပြင်းထန်တဲ့ ဖိအားပေး ကစားပုံကို လုပ်ဆောင်ရမှာ ဖြစ်ပြီး တစ်ဦးချင်းစီရဲ့ အရည်အသွေးကို မြှင့်တင်ပေးတဲ့ ပုံစံလည်း ဖြစ်ပါတယ်။ ဒီလို ဆွဲဆောင်မှုရှိတဲ့ ချဉ်းကပ်မှုကြောင့် ဖာဘရီဂတ်စ်ဟာ ချီးကျူးမှုတွေနဲ့ ရမှတ် အမြောက်အမြားကို ရရှိခဲ့ပါတယ်။ 

ကလပ်အသင်းရဲ့ အခုလို မကြာသေးမီက အောင်မြင်မှုတွေဟာ ကောင်းမွန်တဲ့ ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဖြစ်တယ် ဆိုတာ မှန်ပေမယ့်၊ မန်စီးတီး ကလည်း ဂွါဒီယိုလာ လက်ထက်မှာ ငွေကြေးအမြောက်အမြား သုံးစွဲခဲ့တာ မဟုတ်ပါလား။

 

၂။ ဗင်းဆင့် ကွန်ပနီ 

မန်စီးတီးရဲ့ အတွင်းပိုင်း လုပ်ဆောင်ချက်တွေကို ဗင်းဆင့် ကွန်ပနီထက် ပိုမိုနားလည်သူ နည်းပါးပါလိမ့်မယ်။ အသင်းခေါင်းဆောင်ဟောင်း ကွန်ပနီဟာ မန်ချက်စတာမှာ ဆယ်စုနှစ် တစ်ခုကျော် ဖြတ်သန်းခဲ့ပြီး အက်တီဟတ်ကွင်းမှာ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် အထိ ရရှိခဲ့ကာ (အဲဒီထဲက ၂ ကြိမ်က ဂွါဒီယိုလာ ခေတ်မှာ ဖြစ်ပါတယ်) အသင်းရဲ့ ဂန္ထဝင်မြောက် ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာခဲ့ပါတယ်။

အနာဂတ်မှာ ကွန်ပနီ တစ်ယောက် မန်စီးတီးကို ပြန်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေခဲ့ပြီး အခုအချိန်ဟာ အကောင်းဆုံး အချိန်လည်း ဖြစ်နိုင်ပါတယ်။ ဘန်လေနဲ့ အနိမ့်အမြင့် အတက်အကျတွေ ကြုံတွေ့ခဲ့ရပြီးနောက်၊ ဘေယန်မြူးနစ်မှာ အောင်မြင်မှုတွေ ရရှိနေတဲ့ ဒီဘယ်လ်ဂျီယံ လူမျိုးဟာ ဥရောပရဲ့ Elite အသင်းကြီးတွေကို ကိုင်တွယ်ရမယ့် ဖိအားတွေကို ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာ သက်သေပြသခဲ့ပြီး ဖြစ်ပါတယ်။

ကွန်ပနီဟာ ဘေယန်မြူးနစ်မှာ စူပါစတားတွေနဲ့ ပြည့်နှက်နေတဲ့ မျှတတဲ့ လူစာရင်း တစ်ခုကို ပျိုးထောင်ပေးထားပါတယ်။ သူတို့ရဲ့ ဘောလုံးကစားဟန်က စိတ်လှုပ်ရှားစရာ ကောင်းပြီး တက်ကြွ လှုပ်ရှားကာ တိုက်စစ် အသားပေး ကစားဟန် ဖြစ်တာကြောင့် လက်ရှိ ဘွန်ဒက်စ်လီဂါ ရာသီမှာ လမ်းကြောင်းပေါ်က အရာအားလုံးကို ရှင်းထုတ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် မှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေ ထဲမှာ ပါဝင်နေပါတယ်။ ကွန်ပနီ ရောက်ရှိလာခြင်းဟာ မန်စီးတီး ပရိသတ်တွေ အတွက်တော့ သေချာပေါက် သောင်းသောင်းဖျဖျ ကြိုဆိုရမယ့် ကိစ္စဖြစ်လာမှာ ဖြစ်ပြီး အသက် ၄၀ အရွယ် နည်းပြရဲ့ လက်ထဲမှာ မန်စီးတီးတို့ စိတ်ချရမှာ အမှန်ပဲ ဖြစ်ပါတယ်။

 

၁။ အန်ဇို မာရက်စကာ

ချဲလ်ဆီးက အန်ဇို မာရက်စကာကို လမ်းခွဲခဲ့ရတဲ့ အကြောင်းရင်းတွေ ထဲက တစ်ခု ကတော့ ဒီအီတလီ လူမျိုး နည်းပြဟာ အသင်းဟောင်း မန်စီးတီးနဲ့ တစ်နေ့မှာ ဂွါဒီယိုလာရဲ့ နေရာကို အစားထိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာကြောင့်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ မန်စီးတီးရဲ့ Elite Development Squad (အကယ်ဒမီ) ကို ကိုင်တွယ်ခဲ့ဖူးသလို ပပ် ဂွါဒီယိုလာရဲ့ လက်ထောက် အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးတာကြောင့် သူဟာ အက်တီဟတ်ကွင်းမှာ အလွန်အလေးထားခြင်း ခံရသူ ဖြစ်ပါတယ်။

ဂွါဒီယိုလာနဲ့ နည်းဗျူဟာပိုင်း တူညီမှုတွေက အသင်း အကူးအပြောင်း ကာလကို အများကြီး အထောက်အကူပြုမှာ ဖြစ်သလို၊ သူ့ရဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံတွေ ကလည်း အသုံးဝင်ပါလိမ့်မယ်။
ဂွါဒီယိုလာရဲ့ တပည့် အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ မာရက်စ်ကာ

မာရက်စကာဟာ ဂွါဒီယိုလာရဲ့ စံပြတပည့်ရင်း တစ်ဦး ဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှု အသားပေး ချဉ်းကပ်မှုကို ဦးစားပေးတာကြောင့်၊ စတမ်းဖို့ဒ်ဘရစ်ချ် ကနေ မကောင်းမွန်တဲ့ ပုံစံနဲ့ ထွက်ခွာခဲ့ရသော်လည်း သူ့ရဲ့ ဆရာဟောင်း နေရာကို ဆက်ခံဖို့ သဘာဝအကျဆုံး နည်းပြ ဖြစ်ပါတယ်။ လက်ရှိမှာ မာရက်စကာက အသင်း လက်မဲ့ ဖြစ်နေပြီး မန်စီးတီးရဲ့ လစ်လပ်မယ့် နည်းပြ ရာထူးကို ရယူဖို့ အလွန် စိတ်အားထက်သန်နေမှာ ဖြစ်တာကြောင့် စာချုပ်ကိစ္စ ဆွေးနွေးရတာ ကတော့ အလွန်လွယ်ကူပါလိမ့်မယ်။ ဂွါဒီယိုလာနဲ့ နည်းဗျူဟာပိုင်း တူညီမှုတွေက အသင်း အကူးအပြောင်း ကာလကို အများကြီး အထောက်အကူပြုမှာ ဖြစ်သလို၊ သူ့ရဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံတွေ ကလည်း အသုံးဝင်ပါလိမ့်မယ်။

မာရက်စကာဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အပါအဝင် စိန်ခေါ်မှုတွေ များပြားလှတဲ့ အခြေအနေတွေကြားထဲ ကနေ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ချဲလ်ဆီးကို ဖလား ၂ လုံး ရရှိအောင် စွမ်းဆောင်ပေးခဲ့ဖူးတာကို မေ့ထားလို့ မရပါဘူး။ အသက် ၄၆ နှစ် အရွယ် နည်းပြဟာ ထိပ်တန်းအဆင့်မှာ တောက်ပတဲ့ အနာဂတ် ရှိနေဆဲ ဖြစ်ပြီး မန်စီးတီးဟာ သူ့အတွက် အကောင်းဆုံး အသိုက်အမြုံ ဖြစ်လာနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်