နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ဆန်နီ လမ်မန်းစ်ကို ထောက်ခံ အားပေးလိုက်တဲ့ သီဘောက် ကော့တွာစ် | ကမ္ဘာ့ဖလား

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဆန်နီ လမ်မန်းစ် အတွက်တော့ စပိန်နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲဟာ အမြန်ဆုံး မေ့ပစ်ချင်စရာ ကောင်းတဲ့ ညတစ်ည ဖြစ်ခဲ့မှာ သေချာပါတယ်။

ဒီပွဲမှာ ဘယ်လ်ဂျီယံအသင်းဟာ စပိန်ကို ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတာပါ။ ဒါပေမယ့် ဝါရင့် ဂိုးသမားကြီး သီဘောက် ကော့တွာစ် ကတော့ အမှားအယွင်း ဖြစ်ခဲ့တဲ့ လမ်မန်းစ် အနေနဲ့ ဒီစိတ်ပျက်စရာ အခြေအနေ ကနေ ပြန်လည် ရုန်းထွက်နိုင်လိမ့်မယ်လို့ ယုံကြည်ချက် အပြည့်နဲ့ ထောက်ခံ အားပေးလိုက်ပါတယ်။

ပွဲပြီးဖို့ မိနစ် ၂၀ အလိုလောက်မှာ ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော့တွာစ် တစ်ယောက် ဘောလုံး ကန်တင်ရင်းနဲ့ ပေါင်တွင်း ကြွက်သား နာကျင်မှု ခံစားခဲ့ရလို့ လူစားလဲခဲ့ရပါတယ်။ အဲဒီအချိန်မှာ အသက် ၂၄ နှစ် အရွယ် လမ်မန်းစ်ဟာ သူ့ရဲ့ ကမ္ဘာ့ဖလား ပထမဆုံး ပွဲဦးထွက် မိနစ်တွေကို ကွင်းထဲ ဝင်ရောက် ဖြတ်သန်းခဲ့ရတာပါ။ အဲဒီအချိန် ပွဲအခြေအနေက စပိန်အသင်းက ဖာဘီယန် ရူအစ်ဇ်ရဲ့ ဂိုးနဲ့ ဦးဆောင်ထားတာကို ဘယ်လ်ဂျီယံ အတွက် ချားလ်စ် ဒီ ကီတီလာယာက ချေပဂိုး ပြန်သွင်းထားလို့ ၁ ဂိုးစီ သရေကျပြီး အချိန်ပို မရောက်အောင် နှစ်သင်းစလုံး ရုန်းကန်နေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီရာသီ ယူနိုက်တက်ရဲ့ အကောင်းဆုံး ခေါ်ယူမှု အဖြစ် သတ်မှတ်ခံထားရတဲ့ လမ်မန်းစ် တစ်ယောက် မေ့နိုင်စရာမရှိတဲ့ အမှားကြီး တစ်ခုကို လုပ်မိသွားခဲ့ပါတယ်။ စပိန် နောက်ခံလူ ပါအူ ကူဘာဆီရဲ့ မြေစိုက် ကန်ချက်ကို လမ်မန်းစ် ပုတ်ထုတ်လိုက်ရာမှာ ပြေးဝင်လာတဲ့ စပိန် လူစားဝင် ကစားသမား မီခဲလ် မာရီနို ရှေ့ တည့်တည့် ရောက်သွားခဲ့တာပါ။ မီရီနို ကလည်း ရရှိလာတဲ့ အခွင့်အရေးကို အမှားအယွင်း မရှိ ပိတ်သွင်းပြီး စပိန် အတွက် အနိုင်ဂိုး ရှာဖွေပေးခဲ့ပါတယ်။ မာရီနိုဟာ ကမ္ဘာ့ဖလား ၁၆ သင်း အဆင့် ပေါ်တူဂီနဲ့ ပွဲတုန်းကလည်း အခုလိုပဲ အသင်း အတွက် အရေးပါတဲ့ အနိုင်ဂိုး သွင်းပေးခဲ့သူ ဖြစ်ပါတယ်။ အခုလည်း စပိန်ကို မော်ရိုကိုကို အနိုင်ယူထားတဲ့ ပြင်သစ်နဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံတော့မှာ ဖြစ်ပါတယ်။

 

“သူ့အတွက် စိတ်မကောင်းပေမယ့် လမ်မန်းစ် ပြန်လာနိုင်မှာပါ” လို့ ကော့တွာစ်ဆို

ဒဏ်ရာကြောင့် လူစားလဲခံရချိန်တုန်းက ကော့တွာစ် တစ်ယောက် မျက်ရည်ကျခဲ့ပြီး အသင်းဖော်တွေက နှစ်သိမ့်ခဲ့ရသလို၊ ပွဲအပြီး နာရီဝက် အကြာ မှာတော့ အမှားလုပ်မိခဲ့တဲ့ လမ်မန်းစ် ကလည်း ငိုကြွေးလို့ နေခဲ့ပါတယ်။

ပွဲအပြီးမှာ ကော့တွာစ်က “ဆင်းန် ကို ကျွန်တော် ဖက်လှဲတကင်း အားပေးခဲ့ပါတယ်။ ဒါထက် ပိုပြီးတော့လည်း ကျွန်တော် ဘာမှ မတတ်နိုင်ဘူးလေ။ ဂိုးသမားတွေ အတွက်တော့ ဒါဟာ တကယ်ကို စိတ်ပျက်စရာ အကောင်းဆုံး ခံစားချက်မျိုးပါ။ ဒါပေမယ့် သူဟာ ဂိုးသမားကောင်း တစ်ယောက် ဖြစ်ပြီး ဒီအဖြစ်အပျက် ကနေ ပိုပြီး သန်မာလာမှာမို့လို့ ပြဿနာမရှိပါဘူး။ အခုချိန်မှာ သူ့ကို အကြံဉာဏ်တွေ အများကြီး ပေးနေလို့လည်း မထူးပါဘူး။ သူက စိတ်ဓာတ် ကြံ့ခိုင်ပြီး ပင်ကိုယ် စရိုက် ပြတ်သားတဲ့သူမို့လို့ အဆင်ပြေသွားမှာပါ။ အားလပ်ရက်မှာ စိတ်အပန်းဖြေ၊ အားပြန်မွေးပြီး မန်ချက်စတာကို ပြန်သွားရင် အကောင်းဆုံး ရာသီ တစ်ခုကို ဖြတ်သန်းနိုင်လိမ့်မယ်လို့ ကျွန်တော် လုံးဝ သံသယမရှိ ယုံကြည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အမှန်တော့ လမ်မန်းစ်ရဲ့ ဒီပွဲက အမှားဟာ အိုးထရက်ဖို့ဒ်မှာ သူပြသခဲ့တဲ့ လက်စွမ်းတွေနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ အန်ဒရီ အိုနာနာရဲ့ နေရာကို အစားဝင်ပြီး မန်ချက်စတာမှာ ပရိသတ် အချစ်တော် ဖြစ်ခဲ့တဲ့ လမ်မန်းစ်ဟာ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်း အတွက် ၃ ပွဲမြောက်သာ ကစားရသေးတာ ဖြစ်ပြီး ကော့တွာစ် ၂၀၂၅ မှာ အသင်းဆီ ပြန်မလာခင်အထိ ဒုတိယ ဂိုးသမား အဖြစ်ပဲ ရှိနေခဲ့တာကြောင့် အခုလို အရေးကြီးပွဲမျိုးမှာ တည်ငြိမ်မှု အနည်းငယ် လိုအပ်သွားခဲ့တာ ဖြစ်ပါတယ်။

 

ကော့တွာစ်ရဲ့ လက်ရွေးစင် အနာဂတ်

မကြာခင်မှာပဲ လမ်မန်းစ် အနေနဲ့ ဘယ်လ်ဂျီယံရဲ့ ပထမ ဦးစားပေး ဂိုးသမား ဖြစ်လာဖို့ အခွင့်အရေး ရှိနေပါတယ်။ အသက်အရွယ် ရလာပြီ ဖြစ်တဲ့ အပြင် ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ကော့တွာစ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားသမားဘဝ ရှည်ကြာဖို့ အတွက် လက်ရွေးစင် အသင်း ပွဲထွက်ခွင့်တွေကို လျှော့ချဖို့ စဉ်းစားနေတာကြောင့် ဖြစ်ပါတယ်။

လက်ရှိ မှာတော့ ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ်က အလိုရှိမယ် ဆိုရင် ၂၀၂၈ ယူရို ပြိုင်ပွဲ အထိ ဆက်ကစားဖို့ အစီအစဉ် ရှိ၊ မရှိကို ကော့တွာစ်က အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောသွားခဲ့ပါတယ်။ “ဒီကိစ္စကို နည်းပြ၊ ပြီးတော့ ဘောလုံးဒါရိုက်တာ ဗင်းဆင့် မန်နတ် တို့နဲ့ ဆွေးနွေးရဦးမှာပါ။ ကျပ်ညပ်နေတဲ့ ပွဲစဉ်ဇယားတွေ ကြားထဲမှာ အသက်ရှူချောင်နိုင်ဖို့ နေရှင်းလိဂ် ပြိုင်ပွဲကို တစ်နှစ်လောက် နားလိုက်ပြီးမှ ယူရို ခြေစစ်ပွဲတွေနဲ့ ပွဲကြီးတွေကျမှ ပြန်လာတာက ပိုကောင်းမလားလို့ စဉ်းစားမိတယ်။ ဒါပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက် ကတော့ နည်းပြနဲ့ အဖွဲ့ချုပ် အပေါ်မှာပဲ မူတည်ပါတယ်။ အကယ်၍ သူတို့က အဲဒီလို သဘောမတူဘူး ဆိုရင်တော့ ကျွန်တော် ဆက်ကစားနိုင်မလား ဆိုတာ ပြန်လည် စဉ်းစားရပါလိမ့်မယ်။ မဟုတ်ရင်တော့ ဒီနေ့ပွဲက ကျွန်တော့်ရဲ့ နောက်ဆုံး လက်ရွေးစင် ပွဲစဉ် ဖြစ်သွားနိုင်ပါတယ်။”လို့ ဆိုသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်