နယူးကာဆယ် ကတော့ ရာသီကြို ခြေစမ်းပွဲမှာ ဘရစ္စတိုးစီးတီးကို ၄-၁ နဲ့ မထင်မှတ်ပဲ အရေးနိမ့်ခဲ့ရပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာ နည်းပြ အက်ဒီ ဟောင်းဝ် ရင်ဆိုင်ခဲ့ရတဲ့ မေးခွန်း အများစု ကတော့ အဓိက ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်ရဲ့ အနာဂတ် အကြောင်းပဲ ဖြစ်နေခဲ့ပါတယ်။
အာဆင်နယ်ရဲ့ စိတ်ဝင်စားခြင်းကို ခံနေတဲ့ ဂီမာရေးစ်ဟာ ဘရာဇီးလ် လက်ရွေးစင် အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ၁၆ သင်း အဆင့် အထိ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် ရရှိထားတဲ့ နွေရာသီ အားလပ်ရက် အပြီး လာမယ့် သောကြာနေ့မှာ နယူးကာဆယ် အသင်းဆီ ပြန်လည် ပူးပေါင်းဖို့ မျှော်လင့်ခြင်း ခံထားရသူပါ။ အသက် ၂၈ နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်လူကို ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ် အသင်းက စိတ်ဝင်စားနေပေမယ့် မီခဲလ် အာတေးတားရဲ့ အသင်း ဘက်ကတော့ တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရသေးပါဘူး။ ဒါပေမယ့် အာဆင်နယ်ဟာ ဂီမာရေးစ်ကို ခေါ်ယူဖို့ အတွက် ပေါင် သန်း ၈၀ ခန့်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဂီမာရေးစ်ဟာ ၂၀၂၂ ခုနှစ်က လိုင်ယွန် ကနေ နယူးကာဆယ်ဆီ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ပြိုင်ပွဲစုံ ၁၉၅ ပွဲ ပါဝင်ကစားကာ ၃၁ ဂိုး သွင်း၊ ၃၁ ဂိုး ဖန်တီးပေးထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လက ယှဉ်ပြိုင်ခဲ့တဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ အသင်းကို ခေါင်းဆောင်ကာ နယူးကာဆယ်ရဲ့ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံး အကြိမ် ပြည်တွင်း ဆုဖလား ဆွတ်ခူးနိုင်အောင် အသင်းခေါင်းဆောင် အဖြစ် ဦးဆောင်ပေးခဲ့ပေမယ့် စိန့်ဂျိမ်းစ်ပါ့ခ်က သူ့ရဲ့ ကာလတွေဟာ ကုန်ဆုံးဖို့ နီးစပ်နေပြီလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နွေရာသီက အလက်ဇန္တား အိဆက်ခ် တစ်ယောက် လစ်ဗာပူးလ်ဆီ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အတွက် နယူးကာဆယ် အသင်းနဲ့ လာရောက် မပူးပေါင်းဘဲ ဆန္ဒပြခဲ့စဉ်က ဂီမာရေးစ်ဟာ အသင်းဖော်ဟောင်းကို အသင်း အတွင်းမှာ ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန် မှာတော့ သူကိုယ်တိုင်လည်း အလားတူ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာပါ။
ဗုဒ္ဓဟူးနေ့က ဘရစ္စတိုးစီးတီးကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲ အပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဂီမာရေးစ် ပြန်လာမယ့် ကိစ္စနဲ့ ပတ်သက်ပြီး အက်ဒီ ဟောင်းဝ်က တိကျတဲ့ အဖြေ မပေးနိုင်ခဲ့ပါဘူး။ “မလိုအပ်တဲ့ အာရုံစိုက်မှု မှန်သမျှဟာ အသင်း အတွက် မကောင်းပါဘူး။ ဒါကြောင့် ဒီသတင်းတွေ ရှည်ကြာနေတာက အနုတ်လက္ခဏာဆောင်တာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို မထိန်းချုပ်နိုင်ပါဘူး။ တစ်ဖက်မှာ ကြည့်ရင် ဘရူနို ကိုယ်တိုင်လည်း ဒါကို ထိန်းချုပ်နိုင်စွမ်း ရှိမနေပါဘူး။ ဖြစ်လာစရာ ရှိတာတွေ ဖြစ်လာမှာပါ။ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ ဖိအားတွေ နောက်ကွယ်မှာ ရှိနေပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာ ကတော့ ဘရူနို ပြန်ရောက်လာတဲ့ အခါ သူ့ကို သေချာ စောင့်ရှောက်ဖို့နဲ့ လေ့ကျင့်ခန်း အကောင်းဆုံး ဆင်းနိုင်အောင် လုပ်ပေးဖို့ပါပဲ။ သူကတော့ အမြဲတမ်းလိုပဲ အသင်း အတွက် ကွာခြားချက်တွေ ဖန်တီးပေးသွားမှာပါ” လို့ အက်ဒီဟောင်းဝ်က ပြောပါတယ်။

ဂီးမာရေ့စ် အနေနဲ့ သောကြာနေ့မှာ အသင်းနဲ့ ပြန်လည် ပူးပေါင်းပြီး စပိန် ခရီးစဉ်ကို လိုက်ပါမလားလို့ တိုက်ရိုက် မေးမြန်းခဲ့ရာမှာတော့ ဟောင်းဝ်က “အသေးစိတ် ကိုတော့ ကျွန်တော် မသိသေးပါဘူး။ ဒါပေမယ့် မလိုက်ပါနိုင်စရာ အကြောင်းရင်းတော့ မမြင်ပါဘူး” လို့ ဖြေကြားခဲ့ပါတယ်။
အက်ဒီ ဟောင်းဝ်ရဲ့ ဒီမှတ်ချက်တွေဟာ စီနီယာ အသင်းကြီး ကစားသမား အများအပြား ထည့်သွင်း ကစားခဲ့ပေမယ့် ချန်ပီယံရှစ် ကလပ် ဘရစ္စတိုးစီးတီးကို ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်အပြီးမှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၂၆ မိနစ်မှာ ဆမ် ဂရင်းဝုဒ်က လှပတဲ့ ဖရီးကစ် ဂိုးနဲ့ ဘရစ္စတိုး အတွက် ဦးဆောင်ဂိုး စတင် သွင်းယူခဲ့ပြီး ၃ မိနစ် အကြာမှာ လိုရန့် တိုလိုင်က ဆဗန် ဘော့တ်မန်းကို ကျော်ဖြတ်ကာ ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲချိန် မိနစ် ၅၀ မှာ ဂျက်ကော့ဘ် မာဖီရဲ့ ပေးပို့မှု မှားယွင်းသွားတာကို ဂျေဆန် နိုက်တ်က ရယူပြီး မက်စ် ဘာဒ်ဆီ ပေးပို့ရာ ကနေ ဘရစ္စတိုးတို့ တတိယဂိုး ရခဲ့ပါတယ်။ ပွဲပြီးဖို့ ၁၂ မိနစ် အလိုမှာ ဟာဗေး ဘန်းစ်က နယူးကာဆယ် အတွက် နှစ်သိမ့် ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆမ် ဘဲလ်ရဲ့ အန္တရာယ်ရှိတဲ့ ဖြတ်တင်ဘောကို ခံစစ်မှူး ဘော့တ်မန်း တစ်ယောက် သွင်းယူမိသွားခဲ့တာကြောင့် ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ပါတယ်။ ဒီပွဲမှာ နယူးကာဆယ်ဟာ ကန်ချက် ၁၅ ကြိမ် အထိ ရှိခဲ့ပြီး ၃ ကြိမ်ပဲ ဂိုးပေါက် တည့်ခဲ့ကာ မျှော်မှန်းဂိုး (xG) ၀.၉၈ ပဲ ရှိခဲ့ပါတယ်။ ဘရစ္စတိုးစီးတီး ကတော့ ၆ ကြိမ် ကန်သွင်းပြီး (xG) ၀.၃၈ ပဲ ရှိခဲ့ပေမယ့် ၄ ဂိုး အထိ ပြတ်ပြတ်သားသား သွင်းယူနိုင်ခဲ့တာပါ။
ပွဲစဉ်နဲ့ ပတ်သတ်လို့ နည်းပြ အက်ဒီ ဟောင်းဝ်က “ပေးလိုက်ရတဲ့ ဂိုးတွေက ဆန်းကြယ်နေပေမယ့် အသင်းရဲ့ ခြေစွမ်း ကတော့ တော်တော်လေး တောင့်တင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ရာသီကြို ပွဲစဉ်တွေ ဆိုတာ နွေရာသီမှာ ကင်းကွာနေတဲ့ ကြံ့ခိုင်မှုတွေကို ပြန်လည် ရယူဖို့နဲ့ လစ်ဗာပူးလ်နဲ့ ယှဉ်ပြိုင်ရမယ့် အချိန်မှာ အဆင်သင့် ဖြစ်နေအောင် ပြင်ဆင်ရတာ ဖြစ်ပါတယ်” လို့ ဆိုသွားခဲ့ပါတယ်။
နယူးကာဆယ်ဟာ လစ်ဗာပူးလ်နဲ့ ပရီးမီးယားလိဂ် ရာသီ အဖွင့် ပွဲစဉ် မယှဉ်ပြိုင်မီ ဗလင်စီယာ၊ အဲဗာတန်၊ လေဗာကူဆင် စထရာဘိုး တို့နဲ့ ရာသီကြို ခြေစမ်းပွဲတွေ ဆက်လက် ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


