နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗင်နီစီးယက်စ်ကို မရခဲ့ရင် အာဆင်နယ် အသည်းအသန် ခေါ်ယူနိုင်ခြေ ရှိတဲ့ စူပါစတား ၄ ဦး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ် ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ကျောနံပါတ် ၇ ကစားသမား ဗင်နီးစီးယက်စ် ဂျူနီယာကို ခေါ်ယူဖို့ စဉ်းစားနေတာပါ။ တကယ်လို့ အာဆင်နယ် အနေနဲ့ ဗင်နီးစီးယက်စ်ကို ခေါ်ယူနိုင်ခြင်း မရှိခဲ့ရင်တောင်မှ ဘယ်တောင်ပံ တိုက်စစ်ပိုင်းကို အဆင့်မြှင့်တင်ဖို့ အခွင့်အရေးနဲ့ နည်းလမ်းတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ဗင်နီးစီးယက်စ် တစ်ယောက် အမ်းမရိတ်စ်မှာ အာဆင်နယ် ဂျာစီကို ဝတ်ဆင် ကစားတော့မလို သတင်းတွေ ထွက်ပေါ်လာတာဟာ ရီးရဲလ်မက်ဒရစ် ဘက်က လာမယ့်နွေရာသီအထိ ကစားသမားရဲ့ အနာဂတ်ကို သေချာအောင် မလုပ်နိုင်သေးတဲ့ အခြေအနေကို အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့ကြလို့ ဖြစ်ပါတယ်။ အမှန်တော့ ဘရာဇီးလ် တောင်ပံ ကစားသမား ကိုယ်တိုင်က ဘာနေဗျူးမှာပဲ ဆက်နေချင်သလို ရီးရဲလ် ကလည်း မရောင်းချင်ပါဘူး။ တကယ်လို့ ဒီနှစ်မှာ ပြောင်းရွှေ့ကြေးနဲ့ ဖြစ်ဖြစ်၊ လာမယ့်နှစ်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ပဲ ဖြစ်ဖြစ် သူ ထွက်ခွာသွားခဲ့ရင်တော့ နှစ်ဖက်စလုံးရဲ့ ခေါင်းမာမှုတွေကြောင့် မဖြစ်ချင်တာတွေ ဖြစ်လာတယ်ပဲ ဆိုရမှာ ဖြစ်ပါတယ်။

ဗင်နီးစီးယက်စ်ကို ရလိုက်တာဟာ ကစားသမားပိုင်းအရရော စီးပွားရေးနဲ့ မားကတ်တင်းပိုင်း အရပါ အကြီးအကျယ် အကျိုးအမြတ် ရရှိမှာ သေချာပါတယ်။ ဒါပေမယ့် အာဆင်နယ် အနေနဲ့ ဒီလို အသင်းရဲ့ လုပ်ခလစာ မူဝါဒကို ရိုက်ချိုးပြီး ခေါ်ယူရမယ့် အပြောင်းအရွှေ့ တစ်ခုဟာ ရင်းနှီးရတာနဲ့ တန်ရဲ့လား၊ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်သလား ဆိုတာကို သေချာ တွက်ချက်ရမှာပါ။

 

အာဆင်နယ်ရဲ့ လက်ရှိ ဘယ်တောင်ပံ တိုက်စစ်အခြေအနေ

ဇိုးလစ်ဟာ ဘယ်လ်ဂျီယံ ကလပ် ကလပ် ဘရုဂေးမှာ ဂိုးတွေ အများကြီး သွင်းယူပြခဲ့ပေမယ့် ပရီးမီးယားလိဂ် ဆိုတာ ကတော့ အများကြီး ကွာခြားပါတယ်။
ဗင်နီးစီးယပ်စ်ရဲ့ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်တဲ့ အာဆင်နယ်

အားကိုးရပေမယ့် ထိပ်တန်း အဆင့်အထိ မရောက်ခဲ့တဲ့ လီအန်ဒရို ထရော့ဆက်ဒ် ကတော့ ဘက်ဆစ်တပ်စ် အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါပြီ။ သူ့နေရာမှာ လူငယ် ကစားသမား ခရစ္စတို ဇိုးလစ်နဲ့ အစားထိုးခဲ့ပါတယ်။ ဇိုးလစ်ဟာ ဘယ်လ်ဂျီယံ ကလပ် ကလပ် ဘရုဂေးမှာ ဂိုးတွေ အများကြီး သွင်းယူပြခဲ့ပေမယ့် ပရီးမီးယားလိဂ် ဆိုတာ ကတော့ အများကြီး ကွာခြားပါတယ်။ အရင်က အင်္ဂလန်မှာ ကစားစဉ် ကလည်း ရုန်းကန်ခဲ့ရတာကြောင့် အခုလည်း သူ့ကိုယ်သူ သက်သေပြဖို့ လိုအပ်နေဆဲပါ။ သူဟာ ထိပ်တန်း အဆင့် အဖြေထုတ်ပေးနိုင်တဲ့ ကစားသမားမျိုးထက် အသင်းရဲ့ လူအင်အား လှည့်ပတ် သုံးစွဲဖို့ Squad Depth အတွက်ပဲ ပိုသင့်တော်သူ ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ တခြား ဘယ်တောင်ပံ ကစားသမား ကတော့ ဂါဘရီယယ် မာတင်နယ်လီ ဖြစ်ပါတယ်။ အချက်အလက် ဘောလုံးဝက်ဘ်ဆိုက် WhoScored က သူ့မှာ “ ထူးခြားတဲ့ အားသာချက် မရှိဘူး” လို့ ဒီအပတ်အတွင်း X မှာ ဖော်ပြခဲ့လို့ ဂယက်ထခဲ့ပါသေးတယ်။ မာတင်နယ်လီဟာ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ၅၃ ပွဲ အထိ ပါဝင်ကစားခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ဂိုးပါဝင် ပတ်သက်မှု (ဂိုးသွင်း/ ဂိုးဖန်တီး) ၅ ကြိမ်ပဲ လုပ်နိုင်ခဲ့ပါတယ်။ အချက်အလက်တွေအရ ချန်ပီယံလိဂ်မှာ ခြေစမ်း ပိုကောင်းခဲ့တာ ကလည်း လိဂ်အဆင့်မှာ လွယ်ကူတဲ့ အသင်းတွေနဲ့ တွေ့ခဲ့ရလို့ ဖြစ်ပြီး ရှုံးထွက်အဆင့်တွေ မှာတော့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

အာဆင်နယ် အနေနဲ့ အင်္ဂလန်နဲ့ ဥရောပမှာ ရေရှည်စိုးမိုးနိုင်တဲ့ အသင်းကြီး တစ်သင်း ဖြစ်ချင်တယ် ဆိုရင် ပွဲထွက် ဘယ်တောင်ပံ ကစားသမားဖြစ်သူ မာတင်နယ်လီထက် ပိုကောင်းတဲ့ ကစားသမားမျိုးနဲ့ အဆင့်မြှင့်တင်ဖို့ လိုအပ်နေပြီး စျေးကွက်ထဲမှာလည်း ရွေးချယ်စရာတွေ အများကြီး ရှိနေပါတယ်။

 

၁။ ဘရက်ဒ်လေ ဘာကိုလာ

ဘရက်ဒ်လေ ဘာကိုလာဟာ လစ်ဗာပူးလ်ဆီ ပြောင်းချင်နေတယ်လို့ သတင်းထွက်နေပေမယ့် ပီအက်စ်ဂျီနဲ့ လစ်ဗာပူးလ် သဘောတူညီမှု မရသေးတာကြောင့် စျေးကွက်ထဲမှာ ရှိနေသေးတယ်လို့ ပြောလို့ ရပါတယ်။ ဘာကိုလာဟာ ၂၀၂၄-၂၅ ရာသီတုန်းက ဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၄၂ ကြိမ် အထိ ပြုလုပ်ခဲ့သူ ဖြစ်ပြီး စျေးကွက်ထဲမှာ အကောင်းဆုံး ဘယ်တောင်ပံ ကစားသမားလို့တောင် ပြောလို့ ရပါတယ်။

ပီအက်စ်ဂျီက သူ့အတွက် ယူရို သန်း ၁၇၀ (ပေါင် ၁၄၅ သန်း) အထိ ဈေးခေါ်ထားတာကြောင့် လစ်ဗာပူးလ် ကမ်းလှမ်းတဲ့ ပမာဏနဲ့ အများကြီး လိုနေပါသေးတယ်။ အာဆင်နယ်မှာ အကန့်အသတ် မရှိတဲ့ ငွေကြေး မရှိပေမဲ့ ၂၀၂၅-၂၆ ရာသီ ဝင်ငွေက စံချိန်တင် ရရှိထားတာကြောင့် ဗင်နီးစီးယက်စ်ကို ပေးရမယ့် လုပ်ခ လစာထက် စာရင် ဘာကိုလာကို ခေါ်ယူတာက ပိုအဆင်ပြေနိုင်ပါတယ်။ ဘာကိုလာဟာ လစ်ဗာပူးလ်ကို ပြောင်းချင်နေတာ မှန်ပေမယ့် အာဆင်နယ် ကပါ ကမ်းလှမ်းလာရင် စိတ်ပြောင်းသွားနိုင်ပါတယ်။

 

၂။ မားကပ်စ် ရက်ရှ်ဖို့ဒ်

ပြီးခဲ့တဲ့ ရာသီ ဘာစီလိုနာမှာ ယာမယ်နဲ့ ရာဖင်ညာ တို့ရဲ့ အရန် တိုက်စစ်မှူး အဖြစ် ကစားခဲ့စဉ်မှာ ရက်ရှ်ဖို့ဒ်ဟာ ပြိုင်ပွဲစုံ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်မှာ ခြေစွမ်း အကောင်းဆုံး ဖြစ်ခဲ့စဉ်က (လွန်ခဲ့တဲ့ ၃ ရာသီက) ၄၂ ကြိမ် အထိ ရရှိခဲ့တာကြောင့် ထည့်သွင်း စဉ်းစားသင့်တဲ့ ကစားသမားပါ။ အသက် ၂၈ နှစ် အရွယ် ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာကို အပြီးသတ် ပြောင်းရွှေ့ချင်တဲ့ မျှော်လင့်ချက် မဖြစ်နိုင်တော့တာကို လက်ခံလိုက်ပုံ ရပြီး “ မိနစ်တိုင်းကို ပျော်ရွှင်ခဲ့ရသလို အမှတ်တရကောင်းတွေ အများကြီး ယူဆောင်သွားပါတော့မယ်” လို့ လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားအပြီး အနားယူပြီးရင် သြဂုတ်လလယ်လောက်မှာ ယူနိုက်တက် အသင်း ရာသီကြို လေ့ကျင့်ရေးဆီ ပြန်လည် သတင်းပို့ရမှာ ဖြစ်ပေမယ့် အသင်းမှာ ပြန်ကစားဖို့ထက် နှစ်ဦးနှစ်ဖက်စလုံး လမ်းခွဲဖို့ကိုပဲ ပိုလိုလားနေကြတာပါ။

 

၃။ ရာဖေးလ် လီယာအို

ဒီနွေရာသီမှာ ရာဖေးလ် လီယာအိုနဲ့ ပတ်သက်ပြီး သတင်းတွေ အများကြီး ထွက်ခဲ့ပေမယ့် လက်တွေ့ မှာတော့ ဘာမှ သေချာမဖြစ်သေးပါဘူး။ ပေါ်တူဂီ တောင်ပံကစားသမားဟာ ဆန်စီရိုမှာ ၇ နှစ် ကြာပြီးနောက် စိန်ခေါ်မှုသစ် ရှာဖွေချင်ကြောင်း အေစီမီလန် တာဝန်ရှိသူတွေကို အသိပေးထားပြီးပြီလို့ အတည်ပြုထားပါတယ်။

တူရကီ ကလပ်တွေက စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပေမယ့် ပြီးခဲ့တဲ့ တပတ်က ဖီနာဘာချီ အသင်း ကတော့ အကြမ်းဖျင်း ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းကို ငြင်းဆိုထားပါတယ်။ လီယာအိုဟာ စီးရီးအေ ပွဲ ၂၂၇ ပွဲမှာ ၆၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၅၀ အထိ ပြုလုပ်ထားနိုင်ပြီး သွင်းဂိုးရော ဂိုးဖန်တီးမှုပါ အန္တရာယ်ပေးနိုင်သူပါ။ ပိုကောင်းတဲ့ အသင်းဖော်တွေနဲ့ တွဲကစားရရင် သူ့ခြေစွမ်းက ဒီထက်မက ပိုမို တောက်ပလာနိုင်ပါတယ်။

 

၄။ ဂျက် ဂရီးလစ်ရှ်

ဂျက် ဂရီးလစ်ရှ် ကတော့ မန်စီးတီးရဲ့ ရာသီကြို ခရီးစဉ်မှာ ပါမလာတာဟာ ဒဏ်ရာကြောင့် တစ်ဦးတည်း လေ့ကျင့်ရေး ဆင်းနေရလို့ ဖြစ်ပြီး အသင်းမှာ အနာဂတ် မရှိတော့လို့ မဟုတ်ဘူးလို့ ရှင်းလင်းထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီက အငှားထွက်ခဲ့ရသလို လက်ရှိ မှာလည်း အက်တီဟတ်မှာ နေရာ ပြန်ရဖို့ မလွယ်ကူသေးပါဘူး။

အဲဗာတန်မှာ အငှားသွားကစားစဉ် ပထမဆုံးလမှာပဲ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ရာသီကုန်ခါနီး ဒဏ်ရာရသွားတာ တစ်ခုပဲ အနှောင့်အယှက် ဖြစ်ခဲ့ရတာပါ။ ကြိုးစားချင်စိတ် ပြန်လည် ရရှိနေတဲ့ ဂရီးလစ်ရှ် အနေနဲ့ မန်စီးတီးနဲ့ ဖလား ၃ လုံး ရခဲ့တဲ့ ၂၀၂၂-၂၃ ရာသီက ခြေစွမ်းမျိုး ပြန်ရလာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အသက် ၃၁ နှစ် ပြည့်တော့မယ့် ဂရီးလစ်ရှ်ကို ပွဲကြီး ပွဲကောင်းတွေမှာ အဓိကသုံးပြီး လူငယ်ကစားသမား ဇိုလစ် အတွက်လည်း ပွဲထွက်ခွင့် အခွင့်အရေး ပိုရလာစေနိုင်ပါတယ်။

တစ်ခု ရှိတာက မန်စီးတီး အနေနဲ့ သူတို့ရဲ့ အဓိက ပြိုင်ဘက် အာဆင်နယ်ဆီ ကစားသမားကို ရောင်းပေးမလား ဆိုတာ မေးစရာ ရှိပေမယ့် ၂၀၂၂ တုန်းကလည်း ကစားသမားတွေ အပြောင်းအလဲ လုပ်ခဲ့ဖူးပါတယ်။ ဂရီးလစ်ရှ်ရဲ့ လစာကို လျှော့ချနိုင်မယ့် အခွင့်အရေးရှိရင် မန်စီးတီး ဘက်ကလည်း လက်လွှတ်ဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်