နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ် ကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ဘယ်လင်ဟမ်၊ အဲလ်ဗာရက်ဇ် အတွက် တိုးမြှင့် ကမ်းလှမ်းလိုက်တဲ့ ဘာစီလိုနာ | လာလီဂါ

ဒီကနေ့ အတွက် လာလီဂါ အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ နောက်ဆုံးရ စိတ်ဝင်စားဖွယ် သတင်းတွေကို စုစည်း တင်ပြပေးချင်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ်ရဲ့ ဖခင်ဟာ အသင်းရဲ့ အားကစားဆိုင်ရာမူဝါဒ သဘောထားကွဲလွဲမှုတွေကြောင့် ပြီးခဲ့တဲ့ ရာသီအကုန်မှာ အသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ရောင်းချဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် လာလီဂါ ထိပ်သီးတို့ ဘက်ကတော့ ဘယ်လင်ဟမ်ကို ရောင်းချဖို့ လုံးဝ စဉ်းစားမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ တိုက်စစ်ပိုင်း အတွက် ချဲလ်ဆီးရဲ့ လီယမ် ဒီလက်ပ်၊ အက်စတွန်ဗီလာရဲ့ အိုလီ ဝတ်ကင်းစ်နဲ့ ဂျူဗင်တပ်စ် တိုက်စစ်မှူးဟောင်း ဒူဆန် ဗလာဟိုဗစ်တို့ သုံးယောက်ထဲက တစ်ယောက်ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

နည်းပြ အက်ဒီ ဟောင်းဝ် နယူးကာဆယ် ကနေ ထွက်ခွာသွားတာကြောင့် မန်ယူ အသင်းက နယူးကာဆယ်ရဲ့ ဘယ်နောက်ခံလူ လူးဝစ် ဟောလ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု စတင် ပြုလုပ်လာဖွယ် ရှိနေပါတယ်။ တစ်ဖက် မှာလည်း အသင်းဟောင်း ချဲလ်ဆီးဟာ လူးဝစ် ဟောလ်ကို ခေါ်ယူဖို့ အဓိက မျှော်လင့်နေဆဲ ဖြစ်ပြီး ယူနိုက်တက် ဘက်က တိုးတက်မှု မရှိရင် ကြားဖြတ် ဝင်ရောက် ခေါ်ယူသွားဖို့ အခြေအနေကို စောင့်ကြည့်နေပါတယ်။

ချဲလ်ဆီး အသင်းဟာ ခရစ္စတယ်ပဲလေ့စ်ရဲ့ ညာနောက်ခံလူ ဒန်နီရယ် မူနော့ဇ်ကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာ၊ အေစီမီလန် တို့နဲ့ အပြိုင် အပြိုင်အဆိုင် ကြိုးပမ်းသွားဖို့ အသင့်ဖြစ်နေပါတယ်။

ဒေါ့မန် အသင်းဟာ အာဆင်နယ်ရဲ့ လူငယ်ကစားသမား အီသန် နွမ်နရီကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ နွမ်နရီဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အပြီးသတ် ဆုံးဖြတ်ချက် မချမီ ရာသီကြို လေ့ကျင့်ရေး ပွဲတွေ အတွင်း နည်းပြ မီခဲလ် အာတေးတား ဆီမှာ ခြေစွမ်းပြခွင့် ရရှိဦးမှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး အသင်းဟာ မာဆေးလ် အသင်းရဲ့ ဂိုးသမား ဟီရိုနီမို ရူလီကို အသင်းရဲ့ အရန် ဂိုးသမား အဖြစ် ခေါ်ယူဖို့ ကမ်းလှမ်းလိုက်ပါတယ်။

အေစီမီလန် တောင်ပံ ကစားသမား ရာဖေးလ် လီယာအိုကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ရရှိခဲ့ပေမယ့် ယူနိုက်တက် ကတော့ ဂျူဗင်တပ်စ်ရဲ့ ဖရန်စစ္စကို ကွန်ဆီကာအို ကိုပဲ ပိုမို ဦးစားပေး ခေါ်ယူချင်နေပါတယ်။

ဘာစီလိုနာ ကတော့ လာလီဂါ ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုကို တိုးမြှင့်လိုက်ပါတယ်။
လာလီဂါ ပြိုင်ဘက် ဘာစီလိုနာဆီ အဲလ်ဗာရက်ဇ်ကို ရောင်းချလိုခြင်း မရှိတဲ့ အက်တလက်တီကိုမက်ဒရစ်

ပေါ်တို အသင်းဟာ တော့တင်ဟမ်ဟော့စပါး အသင်းရဲ့ လူငယ်နောက်ခံလူ ဆူဇာကို အပြီးသတ် ခေါ်ယူဖို့ အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။

အင်တာမီလန် အသင်းဟာ စပါး အသင်းရဲ့ အာဂျင်တီးနား ဗဟိုနောက်ခံလူ ခရစ္စတီယန် ရိုမီယိုနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရဖို့ အလွန် နီးစပ်နေပြီ ဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ / ပေါင် ၃၄ သန်း) နဲ့ သဘောတူညီမှု ရရှိဖွယ် ရှိနေပါတယ်။

အာဆင်နယ်နဲ့ လစ်ဗာပူးလ် တို့ဟာ ဘုန်းမောက် တောင်ပံ ကစားသမား ရာယန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ သူ့ကို ဘေယန်မြူးနစ်၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ ကလည်း စောင့်ကြည့်နေကြတာပါ။

ချဲလ်ဆီး အသင်းဟာ အသက် ၂၁ နှစ် အရွယ် တိုက်စစ်မှူး ဒေးဗစ် ဝါရှင်တန်ကို အပြီးသတ် ရောင်းချချင်နေပေမယ့် လက်ရှိအချိန် အထိ အငှားကမ်းလှမ်းမှုတွေပဲ ရရှိထားပြီး အပြီးသတ် ဝယ်ယူမယ့် အသင်း မရှိသေးပါဘူး။

ရီးရဲလ်မက်ဒရစ် အသင်းဟာ လိုက်ပ်ဇစ် တောင်ပံကစားသမား ယန် ဒီယိုမန်ဒီကို လိုက်ပ်ဇစ် အသင်း စနေနေ့ ရာသီကြို ခရီးစဉ် မထွက်ခွာမီ စာချုပ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဘေယန်မြူးနစ် ကွင်းလယ်လူဟောင်း လီယွန် ဂိုရက်ဇ်ကာဟာ ဒဏ်ရာရရှိသွားတဲ့ ဖရန်ကီ ဒီယောင်ရဲ့ နေရာမှာ အစားထိုးဖို့ သူ့ကိုယ်သူ ဘာစီလိုနာ အသင်းထံ ကမ်းလှမ်းလိုက်ပါတယ်။

ဘာစီလိုနာ ကတော့ လာလီဂါ ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုကို တိုးမြှင့်လိုက်ပါတယ်။ အာဆင်နယ်က ကြားဖြတ် ခေါ်ယူသွားမှာကို စိုးရိမ်နေတာ အပြင် အဓိက အစားထိုး ပစ်မှတ် ဖြစ်တဲ့ ဘုန်းမောက်က ဂျူနီယာ ခရူပီ ဒဏ်ရာရသွားတာကြောင့် ဥက္ကဋ္ဌ ယိုအန် လာပေါ်တာ အနေနဲ့ အဲလ်ဗာရက်ဇ် ကိုပဲ ဈေးတိုးပေး ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ယာအို ကန်ဆယ်လိုဟာ ဘာစီလိုနာဆီ ပြန်လည် ပြောင်းရွှေ့ဖို့ ကြိုးပမ်းနေတာကြောင့် ဆော်ဒီကလပ် အဲလ်ဟီလာ အသင်းဆီ သတင်းပို့ရမယ့်နေ့မှာ အသင်းဆီ ပြန်လည် ရောက်ရှိလာခြင်း မရှိခဲ့ပါဘူး။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ဂျူဗင်တပ်စ် နောက်ခံလူ ရီနာတို ဗေဂါရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်း ခြေစွမ်းပြသမှုကို သဘောကျခဲ့တာကြောင့် သူ့ကို ခေါ်ယူမယ့် ပစ်မှတ် စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်