နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီးရဲ့ အတွေ့အကြုံရင့် ကွင်းလယ် ကစားသမားသစ် ဂျော်ဒန် ဟန်ဒါဆန် ဘာတွေ ပြောခဲ့သလဲ | ပရီးမီးယားလိဂ်

ဂျော်ဒန် ဟန်ဒါဆန် ကတော့ ချဲလ်ဆီး အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ တရားဝင် ရောက်ရှိလာခဲ့ပြီးနောက် နည်းပြသစ် ဇာဘီ အလွန်ဆိုရဲ့ လက်အောက်မှာ ပါဝင် ကစားခွင့် ရတော့မှာ ဖြစ်လို့ ရင်ခုန် စိတ်လှုပ်ရှားနေပါတယ်။ အသက် ၃၆ နှစ်အရွယ် အင်္ဂလန် ကွင်းလယ်လူဟာ ဘရန့်ဖို့ဒ် ကနေ ထွက်ခွာလာပြီးနောက် ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးနဲ့ ၂ နှစ် စာချုပ် လက်မှတ်ရေးထိုးခဲ့တာပါ။ 

လူငယ်ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတဲ့ ချဲလ်ဆီး အသင်းမှာ အတွေ့အကြုံရင့် ကစားသမားတွေ ဖြည့်ဆည်းဖို့ ကြိုးပမ်းနေတဲ့ နည်းပြ အလွန်ဆို အတွက်တော့ ဒန်နီ ဝဲလ်ဘက်ခ် ပြီးရင် ဟန်ဒါဆန်ဟာ ဒုတိယမြောက် ရောက်ရှိလာတဲ့ ဝါရင့် ကစားသမား တစ်ဦး ဖြစ်လာပါတယ်။ ချဲလ်ဆီး အသင်းဟာ ၂၀၂၄ ခုနှစ် မေလတုန်းက အသက် ၃၉ နှစ်အရွယ် သီယာဂို ဆေးလ်ဗားရဲ့ နောက်ဆုံး ပွဲထွက် ကစားမှု ပြီးတည်းက နောက်ပိုင်း ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂၃ ပွဲ ဆက်တိုက်မှာ အသက် ၃၀ အထက် ကစားသမား တစ်ဦးကိုမှ ထည့်သွင်း ကစားခွင့်ပေးခဲ့ခြင်း မရှိပါဘူး။

ဒါ့အပြင် ဟန်ဒါဆန် အတွက်တော့ ဒါဟာ ကြမ္မာစက်ဝိုင်း တစ်ပတ် ပြန်လည်လာတဲ့ အခိုက်အတန့်လည်း ဖြစ်ပါတယ်။ အကြောင်းကတော့ သူဟာ ဆန်းဒါးလန်း အသင်းမှာ ကစားစဉ်က သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝ ပထမဆုံးပွဲကို စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ စတင် ပွဲထွက်ခဲ့ဖူးလို့ပဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတုန်းက ဆန်းဒါးလန်း အသင်း ချဲလ်ဆီးကို ၅-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ပရီးမီးယားလိဂ် ပွဲထွက်ခွင့် စတင်ရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဟန်ဒါဆန်ထက် ပရီးမီးယားလိဂ်မှာ ပွဲအရေအတွက် ပိုကစားထားသူဆိုလို့ ဂျိမ်းစ် မီလ်နာ (၄၈၁ ပွဲ) တစ်ဦးတည်းသာ ရှိပြီး ဟန်ဒါဆန် ကတော့ ၄၆၃ ပွဲအထိ ကစားထားတာပါ။

အဲဒီနောက်ပိုင်း ဟန်ဒါဆန်ထက် ပရီးမီးယားလိဂ်မှာ ပွဲအရေအတွက် ပိုကစားထားသူဆိုလို့ ဂျိမ်းစ် မီလ်နာ (၄၈၁ ပွဲ) တစ်ဦးတည်းသာ ရှိပြီး ဟန်ဒါဆန် ကတော့ ၄၆၃ ပွဲအထိ ကစားထားတာပါ။
အတွေ့အကြုံရင့် ကစားသမားတွေကို ခေါ်ယူ အားဖြည့်နေတဲ့ ချဲလ်ဆီး

ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီး ဒီနွေရာသီမှာပဲ ချဲလ်ဆီးဆီ ရောက်ရှိလာခဲ့တဲ့ နည်းပြ အလွန်ဆိုနဲ့ အတူ အတွဲညီညီ လက်တွဲ လုပ်ကိုင်ဖို့ မျှော်လင့်နေပါတယ်။ “ကျွန်တော်တို့ တော်တော်လေး ကောင်းမွန်တဲ့ ဆွေးနွေးမှုတစ်ခု လုပ်ခဲ့ကြပါတယ်” လို့ အလွန်ဆိုနဲ့ ပတ်သက်ပြီး ဟန်ဒါဆန်က ကလပ်အသင်းရဲ့ ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်မှာ ကစားသမား တစ်ယောက် အဖြစ် ဇာဘီကို အလွန် လေးစား အတုယူခဲ့ရသလို အခုချိန်မှာလည်း နည်းပြ တစ်ယောက် အနေနဲ့ သူ့ကို အရမ်းပဲ လေးစားမိပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း သူ လုပ်ပြခဲ့တာတွေက အတော်လေးကို ထူးခြားပါတယ်။ သူနဲ့အတူ လက်တွဲလုပ်ကိုင်ဖူးသူ သို့မဟုတ် ကစားဖူးသူတိုင်းက သူ့အကြောင်း သိပ်ကောင်းတဲ့ စကားတွေ ကိုပဲ ပြောကြပါတယ်။ ဘယ်သူမှ သူ့အကြောင်း မကောင်း မပြောကြပါဘူး။ ဒါဟာ သူ့ရဲ့ တန်ဖိုးနဲ့ ဂုဏ်သတင်းကို သက်သေပြနေတာပါ။ အဲဒီနောက် သူ့နဲ့ စကားပြောကြည့်လိုက်တဲ့အခါ သူ့ရဲ့ လက်အောက်မှာ လာရောက် ကစားရတာဟာ ဂုဏ်ယူစရာ တစ်ခု ဖြစ်မယ် ဆိုတဲ့ အသိစိတ်ကို အပြည့်အဝ ခံစားလိုက်ရပါတယ်။” လို့ ဟန်ဒါဆန်က ပြောပါတယ်။

အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ် ကနေ မထွက်ခွာမီ ကိုင်တွယ်ခဲ့တဲ့ ၃၄ ပွဲမှာ ၂၄ ပွဲ အထိ အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ သူ့ရဲ့ အသင်းဟာ အဲဒီပွဲစဉ်တွေမှာ စုစုပေါင်း ၇၂ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အလွန်ဆိုဟာ ၂၀၂၃-၂၄ ရာသီတုန်းကလည်း ဘေယာ လေဗာကူဆင် အသင်းကို ဦးဆောင်ပြီး ဂျာမနီ ပြည်တွင်း ပြိုင်ပွဲတွေ ဖြစ်တဲ့ ဘွန်ဒက်စ်လီဂါနဲ့ ပိုကယ်ဖလား တို့ကို တစ်ပွဲမျှ မရှုံးဘဲ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးခဲ့ကာ ယူရိုပါလိဂ် ဗိုလ်လုပွဲ ရောက်မှသာ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်